Pages

Wednesday, November 24, 2010

သူနဲ့အဝေး





ကံကပဲဆိုးတာလား
မိုးကပဲမှောင်တာလား
လေကပဲကြမ်းလို့လား
လွင့်ပျယ်ကုန်ဆုံးသွားလိုက်တာ
ဟိုနေ့ကငါသောက်ခဲ့တဲ့
ခွက်ထဲက(sojo)လိုပါလား။

တွေးကြည့်လိုက်ရင်
ငါမှားခဲ့ပါတယ်
ငါဟာပေးဆပ်နေသူလဲမဟုတ်
ရယူလိုတဲ့သူလဲမဟုတ်
ှဝဠ်ကြွေးသက်သက်ပါပဲ

အဲဒီအချိန်ကမိုးတွေက
အရမ်းရွာနေတာလေ
အဲဒါကြောင့်
ငါ့မျက်ရည်တွေ
ဈေးပေါသွားခဲ့တာနေမှာ။

နင်ဟာ
ငါ့ကို ဒဏ်ရာတွေ
မပေးပဲနဲ့ပေးခဲ့တယ်
ငါလဲနင့်ကို
ဒဏ်ရာတွေ
မပေးပဲနဲ့ပေးခဲ့တယ်။

ငါလဲနင့်နဲ့မဝေးပဲနဲ့
ဝေးခဲ့တယ်
နင်လဲငါ့နဲ့မဝေးပဲနဲ့
ဝေးခဲ့တယ်။
................
....................
.......................

No comments: