Pages

Sunday, November 28, 2010

ဆင်ခြင်ခြင်းမဲ့ဖြစ်ခြင်း


အဖေ...........
အဖေ့ရဲ့ဆိုဆုံးမတဲ့စကားတွေကို
သား ဘယ်တော့မှ မမေ့ပါဘူး

ငါ့သား မင်းပညာတတ်ကြီးဖြစ်အောင်ကြိုးစား.......
ဘယ်တော့မှသူများလက်ညိုးထိုးအခိုင်းခံရတဲ့သူ
မဖြစ်ပါစေနဲ့.....


အဲဒီအချိန်တွေက
ဘာတွေမှန်းကိုမသိတတ်ခဲ့ဘူး
ပြန်မပြော နားမထောင်တတ်တဲ့
အကျင့်က အရိုးစွဲနေလေတော့
ဘာပြောပြော ထူးမခြားနား

နားလည်မှုတွေ လွဲတာလဲ
အကြိမ်ကြိမ်ပေါ့
ခွင့်လွတ်ပါ အဖေ

မင်း ပညာ မတတ်ရင်
ဆိုက်းကားနင်းရမယ်
လယ်လုပ်ရမယ် လို့
အဖေ သားကို
ခနခနပြောဘူးခဲ့တယ်နော်

သားရဲ့ ခံယူချက်က
အဲဒီလို
ဘယ်တော့မှ မဟုတ်ခဲ့သလို
အဖေ့ကို ပြန်လည်ချေပခဲ့တာလဲ
အကြိမ်ကြိမ်ပေါ့

အခု အဖေ့သား
ဆိုက်ကားတော့မနင်းပါဘူး
လယ်လဲ မလုပ်ပါဘူး

အဖေ့စကားတွေ
နားမထောင်ခဲ့လို့လား
ကိုယ်တိုင်ကပဲ
ညံ့လို့လားတော့ မသိပါဘူး

ခုတ်သမျှ အရာမထင်
ပြောသမျှ အရာမဝင်
လုပ်သမျှလဲ မအောင်မြင်
အဖေနဲ့ ဝေးရာမှာ
သား ရောက်နေခဲ့ပြီ
အဖေ............

အဖေ့ စကားတွေ
ပြန်လည်ကြားယောင်
ဆန်းစစ်ကြည့်မိတဲ့အချိန်
လူအချို့  သားကို
လက်ညိုးထိုး
ခိုင်းနေကြပြီအဖေ ................
...........................
..........................
အဖေ့သား...................


No comments: