Pages

Wednesday, December 15, 2010

နာရီလက်တံများနှင့် ကျွန်တော်=သူမ


ကျွန်တော် နာရီလက်တံများနှင့်
့်
သူမကို စတင်တွေ့ ဖူးချိန်က

မိုးတွေရွာနေခဲ့ပါသည်....

နောက်တော့ နာရီလက်တံများနဲ့ အတူ

သူမနှင့်ရင်းနှီးခဲ့ပါသည်.......


သူမသည် အပြစ်ကင်းစင်သောမျက်ဝန်း

တစ်စုံကိုပိုင်ဆိုင်ထားပါသည်.....

ပြီးတော့သူမမှာ ပိုက်ဆံအိပ်သေးသေးလေး

တစ်လုံးကိုလဲပိုင်ဆိုင်ထားပါသည်....

ဒါပေမယ့်သူမအပေါ်ထားခဲ့သည့်

ကျွန်တော့်ရဲ့ ခံစားချက်ကတော့အကြီးကြီး

ဖြစ်နေခဲ့ပါသည်......

နာရီလက်တံလည်ပတ်ခြင်းနဲ့ အတူ

ကျွန်တော်သူမကိုချစ်မိသွားပါခဲ့ပါသည်။

ထို နာရီလက်တံလည်ပတ်ခြင်းနဲ့ပဲ

သူမအပေါ် သံယောဇဉ်ဆိုသောအရာကြီးနဲ့

ရစ်နှောင်ခဲ့ပါသည်............

အဲဒီ သံယောဇဉ်ဆိုသောအရာကြီးကပဲ

နာရီလက်တံတွေနဲ့အတူ

ကျွန်တော့်ကိုခြောက်လှန့် ခဲ့ပါသည်

အဲဒီနာရီလက်တံကြီးနဲ့ပဲ

ကျွန်တော့် ရင်ဘက်ကြီး

ပြိုလဲကျသွားခဲ့ပါသည်.........

ထို့ ကြောင့်ပဲနာရီလက်တံတွေကြား

မိုးတွေရွာသွန်းခဲ့ပါသည်.......

အဲဒီနာရီလက်တံကြီးကလဲသူမကို
ို
ထိခိုက်စေခဲ့ပါသည်.........

သူမနှင့်ကျွန်တော်

နာရီလက်တံတွေကြားမှာပဲ

နားလည်မှုလေးတွေ

အပြန်အလှန်ထားရှိခဲ့ကြပါသည်

နာရီလက်တံတွေလည်နေရင်း

ကျွန်တော်

နာရီလက်တံကြီးရဲ့ တဘက်ခြမ်း

အဝေးကို ရောက်သွားခဲ့ပါသည်.....

နာရီလက်တံကြီး.....ကျွန်တော်=သူမ.....

.......
......
...
ဝေးကွာသွားခဲ့ကြပါသည်......

1 comment:

ahphyulay said...

အင်း...
အချိန်က စကားပြောလာတယ်၊ အချိန်က အရာရာကို
ပြောင်းလဲသွားတယ်ဆိုပေမဲ့  ကိုယ်က တကယ်ပဲ ချစ်ခဲ့ 
တဲ့ အချစ် ဆိုရင်တော့  အဲ့ ဒီနာရီတွေ ဘယ်တော့ 
ပြောင်းပြောင်း အဲ့ ဒီ အချစ်ကမပြောင်းသလို
ဘယ်တော့ မှလဲ မဟောင်းသွားနိုင်တော့ ပါဘူးလို့ ။