Pages

Tuesday, December 7, 2010

တိုင်ပတ်နေသောအတွေးစများ


ငါက ဘာမှမဟုတ်ဘူး

ဘာမှမဟုတ်တာကလဲ

ငါမဟုတ်ဘူး......

ဒါဆို

ငါက ဘာလဲ.....


ဘာလဲကရော ငါလား

ငါ မသိဘူး......

မသိဘူးက ငါဆို

ငါက မသိဘူးပေါ့

ဒါကြောင့်ပဲနေမှာ

မုန့်လုံးကို စက္ကူကပ်တာလား

စက္ကူကို မုန့် လုံးကကပ်တာလားဆိုတာကို

ငါမသိတာ

စက္ကူကမုန့် လုံးကိုကပ်ခဲ့ရင်ရော

မုန့် လုံးကစက္ကူကို ကပ်ခဲ့ရင်ရော

ငါသိမှာလား..........

သေချာတာတခုကတော့

အတွေးစတွေ တိုင်ပတ်နေတာပဲ။

No comments: