Pages

Monday, December 6, 2010

ငါမေ့နေတယ်



ငါတော်တော် မေ့တတ်နေပြီပဲ

ဘယ်လောက်ထိမေ့တတ်သလဲဆို

မေ့နေတာကိုတောင်

မေ့နေခဲ့တဲ့အထိ

ငါ့ဦးနှောက်က

မေ့ဖို့နည်းလမ်းတွေကို

မေ့နေခဲ့တာလေ

မေ့သွားခဲ့တာတွေက

မေ့ဖို့ကောင်းလို့

မေ့သွားခဲ့တာပဲနေမှာ

ငါမေ့နေလို့လေ

လိုချင်တာတွေရော

လိုအပ်တာတွေရော

အတိတ်ကိုရော

ပစ္စုပ္ပန်ကိုရော

အနာဂါတ်ကိုရော

ငါမေ့နေတာ

ဘဝရဲ့ချိုမြိန်ခြင်းတွေအကြောင်း

ခါးသည်းခြင်းတွေအကြောင်း

စဉ်းစားရင်း

ငါ့ကိုငါမေ့သွားတယ်

ခုဒီစာကို ငါ ဘာကြောင့်

ရေးနေသလဲဆိုတာ

ငါမေ့နေတယ်.........................

1 comment:

nyi said...

မေ့တတ်လိုက်တာလဲလွန်ရောပဲနော်....