Pages

Friday, December 3, 2010

သတိရနေသေးတယ်


အတူရှိခဲ့တဲ့ အချိန်တွေကို
ငါ ပြန်တမ်းတမိတယ်....
ငါ့ဘဝ ငါ့အချိန်တွေရဲ့
တစ်စိတ်တဒေသကို
ကုန်လွန်စေခဲ့တဲ့ မင်းကို
ဘာလို့  ငါ့စိတ်တွေပြန်လည်နေတာရတာလဲ

ငါ သတိရနေသေးတယ်
ဟိုတစ်ချိန်ကပေါ့
မင်းလက်လက်ကလေးကို
ဆုပ်ကိုင်ဖို့ကြိုးစား
ငါ့ လက်ကလေးကို
တွန်းဖယ်ခဲ့တာကိုလေ

ငါသတိရနေသေးတယ်
ငါ့ စိတ်တွေရှုပ်ထွေးနေတာ
ခုချိန်ထိပါပဲ
ငါ့ရဲ့ ဖွင့်ထားတဲ့
ရင်ခွင်ကြီးတစုံနဲ့
ချစ်ခဲ့ပါတယ်ဆိုတာ
ဘာလို့မင်း မမြင်နိုင်ခဲ့တာလဲ

ငါသတိရနေသေးတယ်
ငါ့ရဲ့ခံစားချက်တွေကမြေကြီးထက်
နိမ့်ကျနေသလိုလို
ငါ့ကိုပစ်ခွင်းခဲ့တာဗုံးတစ်လုံးလိုလို
အေးစက်နေတဲ့ရင်ဘက်ကြီးနဲ့တော့
ဒါတွေကပြီးခဲ့ပါပြီလို့ပြောလိုက်သလိုလို
ခုတော့ငါတစ်ယောက်တည်း
အမှားများစွာနဲ့လိုလိုပါပဲ

ငါသတိရနေသေးတယ်
ငါမှားခဲ့ပေမယ့်
ငါ တို့အတူရှိခဲ့တဲ့
အချိန်တွေကို ငါဘယ်လောက်
သတိတရနဲ့ပြန်လည်တမ်းတနေသလဲ
မတွေးတတ်အောင်ပါပဲ
၂၀၁၂ ကမ္ဘာကြီး
ပျက်စီးရိုးမှန်ရင်တော့
အဲဒီနောက်ဆုံးနေ့ထိ
ငါသတိရနေမှာပါ...............................

No comments: