Pages

Thursday, January 6, 2011

သတိရတဲ့နေ့များဆီသို့


သူငယ်ချင်း
ငါတို့ရဲ့ခင်မင်မှု သံယောဇဉ်တွေက
ခင်လို့ မင်လို့ ကောင်းခန်းရောက်ခါမှ
ကလကာ(အသံထွက်အတိုင်း)
ချလိုက်ခံလိုက်ရသလိုပါပဲ.........

ငါ ငါချစ်တဲ့သူငယ်ချင်းတွေနဲ့
ဘယ်လောက်ဘဲဝေးဝေး
ငါ့စိတ်ကနီးနီးလေးရယ်ပါ.....


ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့
ခင်မင်မှုအတိုင်းအတာတွေကို
ဘယ်လိုပေတံမျိုးနဲ့မှတိုင်းတာနိုင်မှာမဟုတ်ဘူး

ရွာမှာကျောင်းတုံးကဝတ်ဆင်ခဲ့တဲ့
အကျီ င်္အဖြူလေးလဲမဟောင်းနွမ်းသေးပါဘူး
ငါတို့ရဲ့ခင်မင်တဲ့အတိုင်းအတာလဲမပြောင်းလဲသေးပါဘူး

ငါဂီတာမတီးတတ်ပေမယ့်
ငါတို့ရဲ့ခင်မင်မှုသံယောဇဉ်ကို
ကောင်းကောင်းတီးခတ်တတ်ပါတယ်
မင်းလဲဂီတာမတီးတတ်ပေမယ့်
ငါ့လက်သံကိုကြားနိုင်ပါတယ်။....

ရွာမှာမီးနှစ်ဆယ့်လေးနာရီမလာဘူး
တိုးဝှေ့နေတဲ့ကား
ဖုန်တလောင်းလောင်းနဲ့ လှည်း
တဒုတ်ဒုတ်မည်နေတဲ့ စက်လှေ
နောက်ဆုံး အနောက်ထိုင်ခုံမပါတဲ့
ငါ့ရဲ့ စက်ဘီး........
ငါတို့စီးခဲ့တာလေးတွေ..........
သတိရနေပါသေးတယ်ကွာ...........

ဒီမှာ အဲဒီလိုမဟုတ်ဘူး
...................................
....................................
....................................
.......................................
ဟိုမှာနဲ့ဒီမှာရှိတာချင်းလဲမတူသလို
မရှိတာချင်းလဲမတူဘူး
တူတာတွေလဲမတူသလို
မတူတာတွေလဲမတူပြန်ဘူး

ငါ့အတွက်အဲဒါတွေကမင်းပြောခဲ့ဖူးသလို
အပေါ်ယံတွေပါကွာ..........
ဘာပဲဖြစ်ဖြစ် ငါ ပြန်လာခဲ့မှာပါ

ငါတို့တွေပြန်ဆုံရင်
စမ်းညီနောင်တံတားထိပ်မှာ
ကောင်းကင်ကိုမော့
ရင်ဘက်ကြီးကိုဖွင့်ပြီး
လသာညကို အပြတ်စတေးလိုက်မယ်။

ခုတော့ မော့ကြည့်စရာမမြင်တဲ့
မိုးကောင်းကင်ကို မှန်းပြီး
ငါတို့ပျံသန်းဖူးတဲ့အရပ်တွေဆီ
ခြေဆန့်ရင်း ငါတို့လက်တွဲဖူးခဲ့တဲ့
အပစ်မဲ့တဲ့ကလေးတွေ
ငါတို့ တွေ့ကြုံဖူးခဲ့တဲ့
ပညာမတတ်တဲ့ တောရွာကလူငယ်တွေ
ညိုးနွမ်းချိနဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ
တခါလေးမှားမိလို့ ပတ်ဝန်းကျင်ကပစ်ပါယ်ခံထားရတဲ့သူတွေ
ကိုငါအဝေးကနေပြန်မြင်ယောင်နေမိပါသေးတယ်။။။။။

ငါတို့ တူးဆွခဲ့တဲ့မြေရိုင်း
ငါတို့ ငါတို့စိုက်ပျိုးခဲ့တဲ့သစ်ပင်
ငါတို့ပျိုးထောင်ခဲ့တဲ့ ပန်း
နွမ်းတော့မနွမ်းလောက်ပါဘူး

ကမ္ဘာမှာ မြန်မာဆိုတဲ့ပန်း
မနွမ်းရအောင် ငါတို့တတွေ
စည်းလုံးမှုအင်အားနဲ့
ပြုစုပျိုးထောင်ကြပါစို့ သူ ငယ်ချင်း.............



သူငယ်ချင်း အောင်အောင် ကိုအမှတ်တရအနေနဲ့ ရေးလိုက်တာပါ.
သတိရခြင်းများစွာဖြင့်...........

No comments: