ခုမိုးလင်းတော့မယ်လေ
ငါ မအိပ်ချင်သေးဘူး
အိပ်ချင်လို့မအိပ်တာတော့မဟုတ်ဘူး
ငါရေးမယ့်စာကို
အာရုံစိုက်ရင်း
ဇတ်ကျောတတ်နေလို့
သြော်....မြို့ ပြကြီးတွေဆိုတာကလဲ
တောကြီးမျက်မည်းတွေလိုပါပဲ
ကိုယ့်ဘဝလမ်းကို
ကိုယ်တိုင်စမ်းပြီးလျှောက်တာတောင်
လမ်းကပျောက်ချင်နေတယ်
သစ်ပင်နဲ့တူတဲ့
လူတွေရဲ့ အောက်မှာနေရင်း
အမြင်မတူကြတဲ့ မျက်လုံးတွေ
ပါးစပ်ချင်းမတူကြတဲ့
စကားလုံးတွေအောက်မှာ
ငါ့စိတ်တွေ ရော်ရွက်ဝါတွေလို
လွင့်ပါးခဲ့ရတာအကြိမ်ကြိမ်..........
လောကကြီးရယ်
ငါ့အတွက် တောင်းဆုတခုသာ
ပေးခဲ့မယ်ဆိုရင်ပေါ့.............
ငါ့ကိုအတောင်ပံတစုံသာပေးပါ
ငါ အဲဒီအရိပ်တွေအောက်ကနေ
လွတ်လပ်စွာပျံသန်းချင်လို့
No comments:
Post a Comment