Pages

Friday, January 21, 2011

ဒု နဲ့  ဒေး



ကျွန်တော့်ကို လူတချို့ က
နာလည်ကြပေမယ့်
လူတချို့က
နားမလည်ကြပြန်ဘူး။

ကျွန်တော်ကလူတချို့ကို
နားလည်မှုပေးပေမယ့်
လူတချို့ ကနားမလည်ပြန်ဘူး။



ကျွန်တော်ကနားမလည်တာလား
နားမလည်တာကကျွန်တော်လားဆိုတာ
စဉ်းစားနေရင်း
ကျွန်တော့်ကိုယ်ကျွန်တော်
နားမလည်နိုင်ဘူး။

ကျွန်တော်ပြောတဲ့စကား
ကျွန်တော့် စကား
ဆိုပေမယ့်
သူတို့ကျွန်တော့်စကားကို
ကျွန်တော့်စကားလို့မသတ်မှတ်တာ
ကျွန်တော့်စကားကြောင့်ဖြစ်မယ်ထင်တယ်။

သေချာမသိဘူးဆိုပေမယ့်
မသိဘူးဆိုတာကလဲ
ကျွန်တော့် ကြောင့်ပဲဖြစ်မှာပါ။

တကယ်တော့ကျွန်တော်က
ဘာမှမသိဘူးဆိုပေမယ့်
ဘာမှမသိတာကကျွန်တော်ပဲလေ။

ဘဝတခုလုံးပေးဆပ်ပြီး
ဘာကိုမှမလုပ်ပါဘူး
ဘာအတွက်မှလဲ
ဘဝတခုလုံးပေးဆပ်ဖို့
မတွေးဖူးသေးဘူး။

တွေးခဲ့ဘူးတာတွေလဲ
ဘဝတခုလုံးနဲ့မဆိုင်ဖူးခဲ့သေးဘူး။

ဘဝတခုလုံးနဲ့လဲ
ဘာကိုမှမသိသေးဘူး
ဘာကိုမှလဲနားမလည်သေးသလို
ဘဝဆိုတာဘာမှန်းမသိသေးသူတစ်ယောက်ပါ။

နောက်တာတော့မဟုတ်ဘူး
တကယ်ကိုကျွန်တော်
ဘာမှမသိပါဘူး

မသိခြင်းရဲ့နောက်ကွယ်မှာ
မသိတာတွေအများကြီး
ရှိနေမှာတော့သေချာတယ်။

ဘူးတစ်လုံးဆောင်
သေတောင်မဆင်းရဲဘူး
ဆိုပေမယ့်

ဘူး။ လား.
ဗူး။လား
ဆိုတာ
မသိသေးတဲ့သူတွေ
ဒုနဲ့ဒေး..........................

No comments: