Pages

Sunday, January 30, 2011

လွမ်းဆွတ်ကြယ်

 
ကြယ်...
အဝေးမှာပဲ
ရှိလို့ နေတယ်
အတွေးနယ်မှာ
အားငယ်စွာနဲ့ 
သတိရတိုင်း
ကြည့်နေချင်တယ်။

ကြယ်....
ကာရံတံတိုင်း
စည်းတွေပိုင်းလဲ
မျှော်မှန်းတမ်းတ
မြင်ရပါတယ်။

ကြယ်....
ညသန်းခေါင်ယံ
လူခြေတိတ်လဲ
အိပ်ပျက်ညမှာ
ငေးကြည့်မိတယ်
လွမ်းလွန်းလို့ ပါ ကြယ်............

2 comments:

ချမ်းလင်းနေ said...

ကြယ်ငေးရလွန်းလို့ လမ်းသွားရင် ခေါင်းကမော့တော့ မော့တော့နဲ့မို့ လူတွေက ပြောနေကြပြီ "အောက်လေးဘာလေးပြန်ကြည့်ဦး ရှေ့မှာ တွင်းပေါက်ကြီးတဲ့။"
:P

ဖြိုးမောင်မောင်(CTM) said...

အကိုကတော့ပြောတာပေါ့လေ......
ကျွန်တော်က တခါတလေ
ဘာရယ်မဟုတ်လွတ်
လွတ်သွားတာနေမှာ
မော့တော့မော့တော့နဲ့ မော့ရင်းမူးသွားတာလဲ
ဖြစ်မှာပါ။ဟားဟား.......