Pages

Sunday, January 30, 2011

ကမ္ဘာကြီးပြားနေသည်။


အမေ
မိဘမေတ္တာ ဖွဲ့ နွဲ့ တာတွေ
တပုံတပင် ဘယ်လိုပင်ဖွဲ့ နွဲ့ 
မှီနိုင်လိမ့်မယ် မထင်ပါဘူး။
အမေကျွေး အမေမွေးခဲ့တာ
ခုအမေ့ သား
အရွယ်ရောက်လို့ လူလားမြောက်ခဲ့ပြီလေ
အမေပုံအောပေးခဲ့တဲ့
ဘ နဲ့ စပြီး ဝ နဲ့ ဆုံးတဲ့
ဘဝကနေပျော်ပါတယ်အမေ
သားသတိရနေသေးတာပေါ့
အိပ်မပျော်ရင်အမေချော့သိပ်တတ်တဲ့တေးတပုဒ်
ပါးပြင်ပေါ်မှာအမေလူးပေးတဲ့ပါးကွက်ကြားသနပ်ခါး
လောကအလယ်
သောကမကြွယ်ရအောင်
ဆိုဆုံးမတဲ့အမေ့ရဲ့စကား
အမေကျခဲ့တဲ့မျက်ရည်စက်တွေ
သားအတွက်ပဲဆိုတာ
အခုမှသားသိတတ်နေခဲ့ပြီ အမေ....
အမေ
တခါတလေ
လောကကြီးကလေ
လောလောပြီးကနေတယ်လို့ 
သားထင်တယ်အမေ
သားထင်တာမမှားလောက်ပါဘူးနော်
ဒါဆိုရင်
အမေဆီပြန်မရောက်သေးသရွေ့ 
ကမ္ဘာကြီးပြားနေတယ်လို့ ပဲ
သားမှတ်ယူထားလိုက်တော့မယ်။

2 comments:

ချမ်းလင်းနေ said...

ကမ္ဘာပြားတောင်နေပြီလား။ ငါ...ဘယ်ရောက်နေလို့ပါလိမ့်။ သြော်... သွားအိပ်နေတာကိုး။ ဖြိုးမောင်ကဗျာလေးတွေ့မှ အိပ်ရာက လန့်နိုးလာတာ။ ဝါး ......ကဗျာထဲက အမေဆိုတာနဲ့တင် အံမခန်း ခမ်းနားထည်ဝါသွားပါတယ်ညီရေ။
အိပ်ရေးမဝသေးလို့ ပြန်အိပ်လိုက်ဦးမယ်။ မနိုးနဲ့နော်။

CTM said...

ဟုတ်....ဘာရယ်မဟုတ်
စိတ်ကူးလေးပေါက်တာနဲ့ 
ပြားသွားတာ...
ကမ္ဘာကြီး။