Pages

Thursday, February 3, 2011

ဇာတ်ဆရာအလိုကျ


ဝေး ဝေးသွားတဲ့ လမ်းတွေပေါ်မှာ
ချီနှောင်ထားတဲ့ ကြိုးတွေ
ပြေလျော့ ခဲ့ ....
တမ်းတကာမှန်းဆပေမယ့်
မြင်လိုက်ရတာ
အစိမ်းရောင်ချည်းသက်သက်
ဟက်တက်တွေကွဲ
မြင်မကောင်းအောင်
နီရဲနေပေမယ့်
တစ်ချက်တစ်ချက်
ခုန်နေသေးတယ်
ကာရံမညီတဲ့ တေးသွား
ဆက်ဆိုလဲ မထူးတော့ ပြီမို့ 
အားမတန်
မာန်ကိုလျှော့တော့
ဇာတ်ဆရာအလိုကျ
ဒါဏ်ငွေ(............)သာ ဆောင်လိုက်ရတယ်။

3 comments:

ချမ်းလင်းနေ said...

ကဗျာလေးက ကြေကွဲမှု အသွင်ပါလား ကိုဖြိုးရေ...။
ဒဏ်ငွေင ဘယ်လောက်တောင်များ ဆောင်လို့်ရလဲဗျာ။ :P

ဖြိုးမောင်မောင်(CTM) said...

1500

ချမ်းလင်းနေ said...

ဒဏ်ငွေဆောင်ရကျိုးနပ်ပါစေညီရေ.....။