Pages
Monday, February 7, 2011
အိပ်မက်ခါး
အချိန်တွေကုန်လာတယ်
အသက်တွေကြီးလာတယ်
ဆက်ဆံရေးတွေကြဲလာတယ်။
မျှော်လင့်ထားတာတွေရေစုံမျောလို့ 
ဘယ်သောင်ခြေမှာ
ဘယ်လိုပုံနဲ့ ဆိုက်ကပ်ရမှန်း
ငါကိုယ်တိုင် ဝေခွဲမရ
ပြန်ကောက်
ပလိုင်းပေါက်နဲ့ ဖားကောက်သလို
တစ်စတစ်စ
ကျကျန်ခဲ့ တာတွေ
ကြိမ်စာလို ရွတ်
ကျကျန်ခဲ့ တာကို
ပြန်ကောက် ဖို့ 
သမင်လည်ပြန် ကြည့်နေမိခဲ့ 
လွန်သွားတဲ့ နေရာ
ပြန်ရောက်ချင်ပေမယ့်
အရာရာကနထ္ထိ
ပြန်မကြည့်တော့ပါဘူး
သံယောဇဉ်က
ချည်မျှင်တစ်စလောက်မှ
တန်ဖိုးမရှိတော့တာ
အိပ်မက်ခါးတွေကို
ငါကိုယ်တိုင်ကျိုသောက်လိုက်တော့မယ်။
No comments: