Pages

Sunday, May 8, 2011

အနှိုင်းမဲ့ မေတ္တာ

အမေ
မာတာမိခင်
ကျေးဇူးရှင်ကို
မြင်ရောင်စိတ်ဝယ်
တမ်းတမိတယ်
၉လကိုလွယ်
၁၀လဝယ်ဖွား
ဟောဒီသားကို
မွေးဖွားသန့် စင်
လောကအလယ်
ပို့ ဆောင်စေတယ်။
ငယ်စဉ်ခါက
တေးဆိုချော့ သိပ်
အမေ့ တေးသွား
ယခုထက်တိုင်
မမေ့ နိုင်သေးပါ အမေ။
အမေ
အဝေးရောက်သား
အမေ့ ကိုလွမ်း
သတိရတတ်ခဲ့ တာ
အမေနဲ့ ဝေးမှပါ။
နီးစဉ်ခန
သတိမရ
မိဘမေတ္တာ
ဘာဘာညာညာ
မသိခဲ့ တာပါ။
မွေးမေမေတ္တာ
စိမ့်စမ်းရေနှင့် 
ပမာနှိုင်းဆို
မပြောလိုဘူး
မွေးမေမေတ္တာ
ပန်းရွှေကြာနှင့် 
ပမာနှိုင်းဆို
မပြောလို ဘူး
မွေးမေမေတ္တာ
မြင့် မိုရ်တောင်နှင့်
ပမာနှိုင်းဆို
မပြောလိုဘူး
ကဗ်ာလကာၤ
တုနှိုင်းစပ်ဆို
မပြလို ဘူး
အမေ့မေတ္တာ
အနှိုင်းမဲ့ တာမို့ 
အဝေးရောက်သား
တမ်းတမှန်းမျှော်
လွမ်းရသော်လဲ
အမေများနေ့ မှာ
အမေ့ မေတ္တာ
တမ်းတရည်မျှော်
ကာယဝဇီမနော
ထိုသုံးလီနဲ့ 
ပစ်မှားခဲ့ လျှင်
ခွင့် လွတ်ပေးရန်
လက်အုပ်မိုးကာ
ရှိခိုးပါဧ။်

အဝေးရောက်သား….(ဖြိုးမောင်မောင်  /ctm)
           (phoye2009@gmail.com)



1 comment:

အလင်းသစ် said...

အမေ
အဝေးရောက်သား
အမေ့ ကိုလွမ်း
သတိရတတ်ခဲ့ တာ
အမေနဲ့ ဝေးမှပါ။

ဟုတ်တယ်ဗျာ။။အမေ့ကို လွမ်းလိုက်တာ။။။။။။။။။။။။။