ကျွန်တော် တို့ မိသားစု ၆ယောက်ရှိတယ်။
အဖေရယ် အမေရယ် ကျွန်တော့် ညီရယ်အငယ်ဆုံးညီမလေးနှစ်ယောက်ရယ်ပေါ့။
ကျွန်တော်တို့ အဖွားရဲ့ အိမ်မှာအတူတူနေထိုင်ကြတုံးကပေါ့။
အိမ်အနောက်မှာရေကန်ကြီးတစ်လုံးလဲရှိတယ်။အဲဒီရေကန်ကြီးမှာအဖိုးကငါးတွေ
မွေးထားတာ။နံနက်စောစောဆိုအဖိုးကအမြဲဖွဲနုလေးတွေကိုအမြဲငါးစာအဖြင့်ချကြွေး
တတ်တယ်။ရေကန်ကြီးရဲ့ ဘောင်ရိုးမှာလဲဇီးပင်ကြီးတစ်ပင်ရှိတယ်။ခပ်ငယ်ငယ်က
အဲဒီဇီးပင်ကြီးရဲ့ အသီးမှဲ့ တွေကိုညီအကိုဝမ်းကွဲတွေနဲ့ အတူတူဆော့ ကစားရင်းခူး
စားခဲ့ ကြဖူးတယ်လေ။
ခုဖြစ်တဲ့ ဇာတ်လမ်းကတော့ အဲဒီရေကန်ကြီးထဲမှာဖြစ်တာ…………………………..
မှတ်မိနေသေးတယ်။ အဲဒီနေ့ ကျွန်တော်ဂျင်းဘောင်းဘီနဲ့ ကုဒ်အကျီ င်္နဲ့ ရေကန်ဘေး
မှာငါးမြှားနေတာ။ဘယ်လိုကဘယ်လိုရေကန်ထဲကျသွားမှန်းမသိဘူး။ပထမတစ်ခေါက်
တော့ကန်ဘေးကအပင်ငယ်လေးကိုဆွဲပြီးပြန်တက်လာတယ်။ပြီးတော့ကန်ဘေးမှာ
ခဏထိုင်နေချိန်မှာပဲရေကန်ဘေးကမြေကြီးကအလိုလိုနေရင်းအက်ကွဲလာတယ်။
ကျွန်တော်လဲကြောက်တာနဲ့ အမေကိုလှမ်းအော်ခေါ်လိုက်တာ။အဲဒီအချိန်မှာအဖေ
ရောအမေရောညီလေးရော အငယ်ညီမလေးနှစ်ယောက်ပါရောက်လာတယ်။
သူတို့ ရေကန်နားမှာရပ်ပြီးကျွန်တော့် ကိုကြည့်နေကြတယ်။အဲဒီအချိန်မှာပဲ
ကျွန်တော်ရေကန်ထဲကိုဘေးကနင်းထားတဲ့ မြေကြီးပြိုကျပြီး ဒုတိယအကြိမ်ကျသွား
ပြန်တယ်။ ကျွန်တော်ထင်တာသူတို့ ကိုကျွန်တော်သက်သက်စနေတာလို့ သူတို့ တွေး
နေတာထင်တယ်။ကျွန်တော်လဲကြောက်စိတ်ကြောင့် အတင်းရုန်းကန်ပြီးရေပြန်ကူးနေ
ပေမယ့် အဲဒီအချိန်ကရေမှမကူးတတ်သေးဘဲ။ဒါကြောင့် ကျွန်တော့်ဒုက္ခနဲ့ ကျွန်တော်
ပဲဖြစ်နေတာ။အဖေနဲ့ အမေကိုလဲကျွန်တော်အော်ပြောနေတယ်ကျွန်တော့်ရေနစ်တော့ပါ
မယ်လို့ ။အမေကတော့နည်းနည်းစိုးရိမ်ပူပန်လာနေပြီ။ဟုတ်တယ်အမေသားရေနစ်တော့မှာ
သားဝတ်ထားတဲ့ အကျီ င်္ကလဲရေစိုနေတော့ အရမ်းလေးလာပြီးသားအစွမ်းကုန်ကူးခပ်
နေရတာပါအမေ။
အဲဒီလိုရေမကူးတတ်သေးဘဲကူးခတ်နေရင်းကျွန်တော်နဲ့ လက်တစ်ကမ်း
အကွာမှာအဖိုးကရေစိမ်ထားတဲ့ လေးလက်မပတ်လည်အိမ်တိုင်တစ်ခုကအသင့် ရှိနေတယ်။
နောက်ဆုံးတော့အဲဒါကိုပဲအားကိုးရတော့တာပေါ့။ကျွန်တော်လှမ်းဆွဲလိုက်ပြီးရေကန်ဘောင်နား
ကိုကပ်လာလိုက်တယ်။အဲဒီမှာအဖေကကျွန်တော့် ကိုလက်ကမ်းပြီးဆွဲတင်တယ်။
ခနထိုင်နားအပြီးမှာတော့ အဖေကစကားတစ်ခွန်းဆိုလာတယ်။ ငါတို့ သားအဖ တွေ ရေကန်ထဲမှာငါးဖမ်းကြရအောင်ကွာတဲ့ ကျွန်တော်လဲသဘောတူလိုက်တယ်။အဲဒါနဲ့ သားအဖသုံးယောက်
ရေကန်ထဲဆင်းပြီးငါးဖမ်းကြတာပေါ့။ ဘယ်လောက်မှတောင်မကြာလိုက်ပါဘူး။ပြသနာကစပြန်တယ်။
ကျွန်တော်ညီ ခြေထောက်ကွဲသွားတယ်။သူနင်းလိုက်တဲ့ ရွံ့တွေထဲကခဲပြားကိုနင်းမိလို့ ။သွေးတွေလဲ
ရဲလို့ ပေါ့။ကျွန်တော်လဲစိုးရိမ်သွားမိတယ်။အဲဒီအချိန်မှာကျွန်တော်ခါးသီးတဲ့ မျက်ဝန်းတစ်ချို့ အဖေ့ ဆီက
ရလိုက်တယ်။မင်းကြောင့် ...သားငယ်အခုလိုဖြစ်တာတဲ့ ။အဲဒီခဲပြားကိုမင်းရေကန်မှာထားတာမဟုတ်လားတဲ့ ။
ဖေ့ ရဲ့ဒေါသတွေကတစ်ခနချင်းမှာပဲကျွန်တော်ကိုမူးမိုက်သွားစေခဲ့ တယ်။
ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုမဟုတ်တဲ့ အတွက်အခုလိုတစ်ဖက်သက်ကြီးစွပ်စွဲခံရတာဆိုတော့ကျွန်တော်လဲဒေါသထွက်ပြီးပြန်ပြောပါတော့တယ်။
ကျွန်တော်လဲပြန်ပြောလိုက်မိတယ်။သားနဲ့ ဘာပတ်သတ်လို့ သားကိုစွပ်စွဲနေရတာလဲအဖေ။
အဲဒီရေကန်ထဲကခဲလုံးတစ်လုံးကြောင့်လို့ ဘာလို့ သားကိုစွပ်စွဲရတာလဲ…ခဲလုံးတွေကရေကန်ရဲ့ အောက်
ခြေမှာအများကြီးပါအဖေ။ဘယ်ကဘယ်လိုဘယ်သူတွေထားထားလို့ ရှိနေမှန်းမသိတဲ့ ခဲလုံး……..
ကျွန်တော်တကယ်မထားခဲ့ ပါဘူးအဖေ…………..ဘာလို့ ဘာမဟုတ်တဲ့ ခဲလုံးတစ်လုံးအတွက်နဲ့ သားကိုအဲဒီလောက်ထိဒေါသတွေထွက်နေတာလဲအဖေ။ ဘယ်လိုမှရှင်းပြလို့ မရတဲ့ အဆုံးကျွန်တော့်
ဒေါသလဲအထွတ်အထိပ်ကိုရောက်လာပြီးရေကန်ဘေးမှာရှိနေတဲ့ ပုလင်းတစ်လုံး ကို ရုပ်တစ်ရက်
အရိပ်တစ်ခုကိုကျွန်တော်လှမ်းမြင်လိုက်တယ်။တစ်ပြိုင်ထဲမှာပဲအဖေကလဲသူ့ ကိုပုလင်းနဲ့ ဆွဲရိုက်ဖို့ ချိန်ရမလားဆိုပြီးဘာမှမပြောပဲအိမ်ဘက်ကိုပြန်ဝင်ပြီးဓါးမကြီးနှစ်လက်ယူလာခဲ့ တယ်။အမေကလဲတားပါတယ်။
ဘယ်လိုမှမရတော့ဘူး။အဲဒီအချိန်မှာကျွန်တော်လှမ်းပြီးရှင်းပြနေတယ်။
ကျွန်တော်ပြောချင်တာတွေကျွန်တော်ရှင်းချင်တာတွေ..မေးချင်တာတွေ…..သိချင်တာတွေ..စသဖြင့်ပေါ့
အများကြီးပဲ………ဒါပေမယ့် ကျွန်တော့်စကားသံတွေထွက်မလာခဲ့ ဘူး။ဘယ်လောက်ပဲကြိုးစားပြီးပြောပြော
ဘယ်လိုမှပြောလို့ မရတော့ဘူး။ကျွန်တော်အရမ်းဝမ်းနည်းမိတယ်…………..ဟုတ်တယ်
အရမ်းအရမ်းဝမ်းနည်းလွန်းလို့  ဘယ်ကဘယ်လို မျက်ရည်တွေကကျလာသလဲမသိဘူး။
ကျွန်တော်စိတ်ထဲနေသာရှင်းပြနေမိတော့တယ်…..အဖေဘာကြောင့် တစ်ဖက်လူကိုမခိုင်လုံတဲ့ အကြောင်းတစ်ခုကြောင့် ဒေါသတွေဒီလောက်ထွက်နေရတာလဲအဖေ….
အဲဒီလိုကိုယ့်ရဲ့ ဒေါသတစ်ခုကြောင့် တစ်ဘက်လူကဘာမှမဆီမဆိုင်လည်စင်းခံနေရတာကိုရော
ဘယ်လိုအခြေအနေထိခံစားသွားရမှာကိုရော နည်းနည်းလေးမှတွေးဖို့ စိတ်ကူးမရှိခဲ့ တာလား…
ကိုယ့် ပဲစိတ်ရှိတာမှမဟုတ်တာ…တစ်ဖက်လူကလဲစိတ်ရှိကြပါတယ်။ခံစားတတ်ကြပါတယ်။နားလည်တတ်ကြ
ပါတယ်။နေရာတစ်ကာကိုယ်လုပ်တာတွေကပဲအကောင်းလို့ မြင်နေတော့မှာလား။အခုဖြစ်တဲ့ အခြေအနေမှာ
ဘယ်သူမှားသလဲဆိုတာကြိုက်တဲ့ လူကိုမေးကြည့်လို့ ရပါတယ်အဖေ..။အဖေကကျွန်တော့် အဖေပါအဖေ။
ကျွန်တော့် ကိုလူ့ လောကထဲရောက်အောင်ပို့ ပေးခဲ့ တာလေ။သားမမေ့ ပါဘူး…..အဖေကသားရဲ့ ပဲ့ ကိုင်ရှင်ပါ။
သားသိနေတဲ့ အသိတွေကအဖေ့ ချွေးစက်တစ်စက်စာတောင်မရှိသေးပါဘူးအဖေ…..။
ဒါပေမယ့် လူဆိုတာတစ်ခါတစ်လေတော့မှားတတ်ကြပါတယ်…။
သားအခုပြောနေတဲ့ စကားတွေကိုသာအဖေကြားရင်ထပ်ပြီးဒေါသတွေထွက်နေလိမ့် မယ်ဆိုတာသားသိပါ
တယ်အဖေ…….။သားအခုလိုစိတ်ထဲကနေပြောနေတယ်ဆိုတာ သားမမှားခဲ့ တဲ့ အမှားတစ်ခုအတွက်
ဖြေရှင်းချက်တစ်ခုပါပဲအဖေ……။အဲဒီဖြေရှင်းချက်နဲ့ အတူ….သား…..မိဘကို စော်ကားခဲ့ မိပါတယ်အဖေ။
ကာယကံ ဝဇီကံ မနောကံ တွေနဲ့ ပေါ့…..သားကိုခွင့် လွတ်ပါအဖေ……..။
သားပြောမိဆိုမိပြီးမှပဲသားမှားသွားပြီဆိုတာသိတယ်အဖေ။သားမှားတဲ့ အမှားကမှတကယ့် အမှားအကြီးကြီး
ဖြစ်နေပြီအဖေ…….။အဲဒီအမှားကြီးကိုသားကြောက်နေပြီအဖေ…….။သားကိုခွင့် လွတ်ပါ။
အဖေနဲ့ အမေကိုသားရှိခိုးဦးချကန်တော့ပါတယ်နော်………။သားရဲ့ ကာယကံ ဝဇီကံ မနောကံ အပြစ်တွေကို
ခွင့် လွတ်ပေးပါနော်…….။သားအရမ်းမှားသွားပြီ…………..စဉ်းစားရင်းအရမ်းဝမ်းနည်းလွန်းလို့ သားဖြေမဆည်နိုင်
အောင်ငိုနေမိတယ်ဆိုတာအဖေ နဲ့  အမေ သိနေနှင့် မှာပါ……………………………………
…………………………………………………………………………………………………………..
………………………………………………………………………………………………………….
ကျွန်တော်သတိထားမိချိန် ကျွန်တော်အိပ်မက်မက်နေတာ…………………………………...
အရှိန်ကမသေသေးဘူး။ဆက်ငိုနေခဲ့ မိတယ်။
ဆက်ငိုနေရင်းပေါ့…..ကျွန်တော့် ဘဝမှာဒီလိုအိပ်မက်မျိုးတစ်ခါမှကိုမမက်ဖူးဘူး။
ကျွန်တော်ကအိပ်မက်ထဲကကျွန်တော်လဲမဟုတ်ပါဘူး။
ဘာအတိတ်နမိတ်မှလဲမကောက်တတ်ဘူး။စိတ်လဲမဝင်စားဘူး။
တစ်ခုတော့ရှိတယ်…..အထက်အဖြစ်အပျက်လေးက ကျွန်တော်ရဲ့ အိပ်မက်မျှသာ
အိပ်မက်ပဲဆိုပေမယ့် ဖတ်ပြီးပြီဆိုရင်တော့ အသိတစ်ခုခုကျန်ရစ်နေလိမ့် မယ်လို့ 
ကျွန်တော်ယုံကြည်ပါတယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်…………….(ဖြိုးမောင်မောင်)
phoye2009@gmail.com
No comments:
Post a Comment