Pages

Sunday, July 17, 2011

ကျွန်တော်လဲ သိနေတယ်

 

ဒီနေ့  ၅နှစ်ကျော်လောက် ကွဲကွာနေတဲ့  သူငယ်ချင်းတွေနဲ့  
အဆက်အသွယ် ရခဲ့ တယ်။ စိတ်ထဲမှာ အရမ်းပျော်ရွှင်မိတယ်။
ဖုန်းပြောရင်း အတိတ်ကအကြောင်းတွေ စမြုပ်ပြန်လိုက်တာ
ကုန်လွန်ခဲ့ တဲ့ အတိတ်ကို ပြန်လည်ရောက်ရှိသွားသလိုပါပဲ။


သူတို့ နဲ့ စပြီးတွေ့ တာ  မုဒုံမြို့ နယ် မွန်အမျိုးသာနေ့
လူမှောင်ခိုကုန်ကူးမှု လျှော့ နည်းကျဆင်းရေး နဲ့  HIV/AIDS
ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး ပြခန်းမှာ
စတွေ့ ခဲ့ တာ။


ကျွန်တော်က အဲဒီတုန်းက အသက် ၁၈ နှစ်လောက်ရှိပြီ။
မြို့ နယ်အလိုက် ပြခန်းကို လာကြရတာ။ သူတို့ က သထုံ
မြို့ နယ်က ကျွန်တော်တို့ က ပေါင်မြို့ နယ်က စသဖြင့်ပေါ့


စတွေ့ ပုံက ဆန်းတယ်ဗျ..............................................
ညနေကတည်းက အဲဒီပြခန်းထဲမှာ ကျွန်တော်က သူ့ /သူတို့ ကို
သတိထားမိနေခဲ့ တာ။ အဲဒီလို သတိထားရင်းနဲ့  မျက်လုံးချင်း
ခလုတ်တိုက်ကြတာပေါ့ဗျာ.......ဟီးဟီး


မိုးချုပ်ခါနီးတော့ သူတို့ သူငယ်ချင်း နှစ်ယောက် ထမင်းသွားစားကြတာ

ကျွန်တော်နဲ့ အတူ သူငယ်ချင်း ပေါဖော်ပေါဘက်(အောင်အောင်)

လဲအဖော်လိုက်လာခဲ့ တယ်။ကိုယ်က နဂိုကကြောက်တတ်တဲ့ အခံက
ပါတာကိုး။ ထမင်းဆိုင်လဲရောက်ရော သူတို့ ထိုင်တဲ့ ဝိုင်းကို
ယောင်ပေယောင်ပေနဲ့  ချော်လဲရောထိုင်လိုက်တာ ခပ်တည်တည်နဲ့ 
ထမင်းနှစ်ပွဲ ခရမ်းချဉ်သီးသုပ် လ္ဘက်သုပ် နဲ့ ဟင်းတစ်ပွဲမှာပြီးတော့
(အဲဒီဆိုင်ကခရမ်းချဉ်သီးသုပ်နဲ့ လ္ဘက်သုပ်ကို ခုထိသတိရတုန်း)
စပြီး ပွားပါတော့တယ်......


ဘယ်ကလာသလဲ ဘယ်နယ်ကလဲ အလယ်ကလူ အသားမဲဧ။်
(အဲဒီတုန်းကတော့ အလယ်ကလူနဲ့ ကမသိသေးဘူး)
စသဖြင့် မိတ်ဆက်ကြရင်းခင်မင်သွားကြပါလေသတည်းပေါ့။


အဲဒီကနေစပြီး ခင်မင်ရင်းနှီးသွားကြတာ ပြခန်လဲပြီးရော
သက်ဆိုင်ရာ မြို့ နယ်အသီးသီးကို ပြန်တော့မှ သူတို့ နေရပ်
လိပ်စာတွေကို တောင်းထားခဲ့ ပြီး လမ်းခွဲခဲ့ ကြတာပေါ့။
ရင်ဘက်ကြီးတော့ ဟာတာတာ................................


နောက်တော့ မော်လမြိုင်မှာ သင်တန်းတွေ တက်ကြတဲ့ အခါ
သူတို့ တွေနဲ့  ပြန်လည်တွေ့ ဆုံခွင့်ရခဲ့ ပြန်တယ်။ အဲဒီတော့မှ 
အလယ်ကလူနဲ့  ခင်မင်ခဲ့ ပြန်တယ်။
(မော်လမြိုင်ရဲ့  အမှတ်တရတွေ သတိရစရာတွေကလဲအများကြီးပေါ့)


သူတို့ တွေက အရမ်းကိုပွင့်လင်းခင်မင်တတ်ကြသလို
ကျွန်တော်အပေါ်မှာလဲ နားလည်မှု အပြည့်ရှိခဲ့ ကြတယ်။

သတိရတယ် မူဆယ်အပြန် သိုးမွေးဆွယ်တာလေးကို.............

မွေးနေ့ပါတီရဲ့  ပျော်ရွင်မှုတွေနဲ့ အတူ သထုံ နေမိန္တရ တောင်ခြေ
ညဘက်လျှောက်လည်ပြီး အချိန်တန်တောင်အိမ်ပြန်ချိန် လွန်ခဲ့ 
လို့  သထုံမြို့ ပြင် တံတား အုတ်ခုံလေးမှာ နေမင်းကြီး အလာကို
စိတ်ရှည်လက်ရှည် စောင့်ခဲ့ ရတာတွေ လယ်ကွင်းပြင်ကြီးရဲ့ 
လေညှင်းအဝှေ့ မှာ လွင့်ပျံ့ ခဲ့ တဲ့  ရယ်မောသံတွေ................


အရမ်းကိုခင်မင်တတ်ကြတဲ့  နဂိုရင်တွင်းကဖြူစင်တဲ့  စိတ်ထားလေး
တွေကို သဘောကျခဲ့ တာ ခင်မင်မိခဲ့ တာ ...............................
နောက်ဆုံးတော့လဲ (တွေ့ )(ကြုံ)(ဆုံ)(ကွဲ) ဆိုတဲ့ အတိုင်း ခွဲခွာခဲ့ ကြရတာပါပဲ။


ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်တော့် ကို သတိရနေသေးတယ်ဆိုတာ လေညင်းလေးတွေသိတယ်။
ကောင်းကင်ပြာကြီးသိတယ်။ ကျေးငှက်လေးတွေသိတယ်။ ကျွန်တော်လဲသိနေတယ်။


သထုံကသူငယ်ချင်းတွေကိုသတိတရရေးဖွဲ့ ပါသည်။


ပျော်ရွှင်ချမ်းမြေ့ပါစေ   (ဖြိုးမောင်မောင် CTM)

No comments: