Pages

Tuesday, July 19, 2011

၁၉ ဂျူလိုင်မမေ့နိုင်

သမိုင်းတွေကိုပြန်ဖတ်ကြည့်တော့
မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘဝက
လွတ်မြောက်အောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ 
ရဲဘော်အပေါင်းတို့ က အသက်ကိုရင်း သွေးစက်တွေခင်းခဲ့ ကြတယ်။
သူ့ ကျွန်ဘဝကလွတ်ပြီဆိုတာ စာထဲမှာပဲဖြစ်ခဲ့ တာထင်ပါတယ်။
ဟိုတုံးကအဆိုကတော့ သူများရဲ့ အုပ်ချုပ်ခံဘဝမို့ လို့ 
သူ့ ကျွန်လို့ တင်စားခေါ်ဝေါ်ခဲ့ ကြတာနေမှာ။
ခုများတော့လဲ ကိုယ့်ကျွန် လို့ ပြန်လည်တင်စား
ရလောက်အောင် အခြေအနေတွေကဖန်လာပြန်တယ်။
ကျွန်တော်တို့ လို နိုင်ငံရပ်ခြား ဘဝတွေအတွက်တော့
သူ့ ကျွန်ဆိုတဲ့  ဝေါဟာရက ဆွေစဉ်မျိုးဆက်ရင်းနှီးနေပြီးသားမို့  မထူးခြား။

ထူးခြားတာက( ကိုယ့်ကျွန်)

ဘာရယ်မဟုတ် အတွေးစတစ်ချို့ ကို ရေးချလိုက်မိတာ

ကျဆုံးခဲ့ ပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ရဲဘော်အပေါင်းတို့ ကို အလေးပြုပါတယ်။

No comments: