Pages

Saturday, July 30, 2011

နတ်သမီး အတွက် ဆုတောင်း



မြန်မာဆန်ဆန်အလှနဲ့ 
မြင်သူငေးရ
လှပကျော့ရှင်း လှယမင်းဟု
တင်စားခေါ်ဝေါ်၇လောက်အောင်
လှပပေတဲ့  မမ နတ်သမီး

ဖြူစင်တဲ့ စိတ်ထား
အေးမြတဲ့ အပြုံးနဲ့ 
မြင်ရသူစိတ်ကြည်နူးစေတဲ့ 
မမ နတ်သမီး

ခံစားမှုတွေကို ဖွင့်ဟ
စာတွေအဖြစ် ရေးချကာ
ဘလော့လေးထဲမှာ
ပျော်မွေ့ နေတဲ့ 
မမ နတ်သမီး

ချစ်သူ ခင်သူ
ပေါကာများလို့ 
မောင်လေး ညီမလေး
မှားတတ်ခဲ့ သူ မမ နတ်သမီး

ပွင့်လင်းဖော်ရွေ
ခင်မင်တတ်ပေတဲ့ 
မမ နတ်သမီး

ကျမ်းမာကိုယ်စိတ်
ခညောင်းစေကြောင်း
ဆုမွန်တောင်းပြီး
ကလောင် အစွမ်း
စာပေလမ်းမှာ နေလိုလလို
ဝင်းပစေကြောင်း
ဆုမွန်တောင်းဧ။်
  
  မမ နတ်သမီး
ဘလော့ ၂ နှစ် ပြည့် အမှတ်တရ

4 comments:

အဖြူရောင်နတ်သမီး said...

အသိအမှတ်ပြု.. အမှတ်တရ ရေးပေးတဲ့ ကဗျာလေးအတွက် ကျေးဇူးအရမ်းတင်ပါတယ် ညီမလေးဖြိုးရေ...
အဲ...
ယောင်လို့..
မောင်လေးဖြိုးရေ...:P

ပို့စ်လေးအတွက် အလွန်အမင်း ကျေနပ်မိပါကြောင်း..

...အလင်းစက်များ said...

နတ်သမီးကိုယ်စား......... သာဓု သာဓု သာဓုပါတော်.... အဲလေ... ၀မ်းမြောက်ဝမ်းသာကြောင်းပါခင်ဗျား။

ငှက်တစ်ကောင်လည်း သနားပါတယ်ဟာ။

စံပယ်ချို said...

ဘလော့ ၂ နှစ် ပြည့် အမှတ်တရ လေးကိုဖတ်နေတယ်နော်...

ဘလော့ ၂ နှစ် ပြည့်မွေးနေ့ရှင်ရော ရေးသူဖြိုးပါ
စာချစ်သူတို့အတွက် နောင်နှစ်ပေါင်းများစွာ
ကဗျာတွေ စာတွေနဲ့ လောကကို အလှဆင်နိုင်ပါစေ။

အဖြူရောင်နတ်သမီး said...

ကဗျာဆုတောင်းလေး နောက်တခေါက်လာဖတ်ပါတယ်..။
ပေးတဲ့ဆုနဲ့ပြည့်ဝပါစေလို့ဆုတောင်းရင်း ...
ကျေးဇူးအထူးးးး