Sunday, August 28, 2011
BLOG DAY
BLOG DAY ဆိုပြီးအမှတ်တရတွေ ရေးနေကြတာဘာမှန်းကိုမသိဘူး။ အဲဒီလောက်တော်တာ။
ကိုယ်တိုင်ကိုယ်က ဘာမှ သိပ်ပြီးစိတ်မဝင်စားတာလဲပါတယ်။ ခုဒီပိုစ့် လေးကိုရေးဖြစ်သွားအောင်
ခင်မင်စွာနဲ့  TAG လာတဲ့  ညီမ CANDY ကိုကျေးဇူးတင်ပါတယ်။
ကျွန်တော် ဘလော့ဆိုတာ ဘာမှန်းတောင်သိခဲ့ တာမဟုတ်ဘူး ။ နောက်တော့မှ ဘလော့ဆိုတာ
ကို အင်တာနက်စသုံးတတ်ချိန်ကစလို့  လည်ပတ်ပြီး စာတွေကဗျာတွေ ဖတ်ခဲ့ တယ်။ ကိုယ်တိုင်ကလဲ
ကိုယ်ပိုင်ဘလော့လေးရှိချင်လာတာနဲ့  စပြီးပြုလုပ်ဖန်တီးခဲ့ တာပါ။ ဘလော့လေးတော့ရလာတာပေါ့။
ဘာတွေရေးရမှန်းမသိဘူး။ စာစီစာကုန်းတောင်ဖြောင့်အောင် မရေးတတ်တဲ့ ကျွန်တော် ကိုယ့်ရဲ့ စိတ်
ထွက်ပေါက် တစ်ခုအနေနဲ့  တစ်ခါတစ်လေ စိတ်ကူးပေါက်တာလေးတွေ ချရေးမိရင်းကနေ
ရေးမိရေးရာ ဆိုပြီးဖြစ်လာခဲ့ တာ။
ကျွန်တော်က ဘလော့ တွေတော်တော်များများကို လည်ပတ်ရင်း ကိုယ့်ဘလော့လေးထဲမှာပဲ
ငြိမ်ကုပ်ပြီးနေခဲ့ တာပါ။ ဘယ်မှာမှခြေရာတွေမချန်ခဲ့ တတ်ပါဘူး။ တိတ်တိတ်လေးဖတ်ပြီး တိတ်တိတ်
လေးပြန်ခဲ့ တာပါ။ ကိုယ်တိုင်ကဘာမှမရေးတတ်တော့ သိမ်ငယ်မှုက ရင်တွင်းအောင်နေတာထင်ရဲ့ ။
ခုနောက်ပိုင်းမှသာ ဘလော့တွေတော်တော်များများ ခြေရာတွေချန်ရင်းကနေ ဘာမှန်းမသိတဲ့ 
ဘလော့ဂါဆိုတဲ့  ဝေါဟာရနဲ့ ရင်းနှီးတတ်နေပြီ။ ဘလော့ဂါသူငယ်ချင်းတွေနဲ့ အတူ FACE BOOK
မှာလဲ ပေါကြောင်ကြောင်နဲ့  ပျော်တတ်နေပြီ။
တော်တော်များများကတော့ ကဗျာရေး စာရေးကောင်းကြတဲ့  သူတွေချည်းပါပဲ။(ကျွန်တော်ကလွဲလို့ ပေါ့)
ခင်မင်ရင်းနှီးကြတဲ့  ဘလော့ဂါတွေထဲမှာ အပြင်မှာမတွေ့ ဖူးတဲ့ သူလဲရှိသလို ရုပ်ကိုတောင်ဘယ်သူမှန်း
မသိရတဲ့ သူများလဲရှိပါတယ်။ အပြင်မှာတွေ့ ဆုံဖူးတဲ့  ဘလော့ဂါတွေကတော့ လက်ရှိမလေးရှားကပါ။
သူတို့ တွေကတော့ ကိုဇော် (သူကတော့ စာရေးအရမ်းကောင်းတဲ့ အကိုကြီးပါ သူ့ စာတစ်ခါဖတ်ရင်
အတွေးတစ်ခုကိုအမြဲလက်ဆောင်ပေးတတ်သူပါ) ကိုစိုး(ခ)ရဲထွန်းဇော် (သူကတော့ ကျွန်တော်ရဲ့ လက်ဦး
ဆရာဆိုလဲမမှားပါဘူး အကိုတစ်ယောက်လိုလဲခင်မင်ရတဲ့ သူပါ။ သူကတော့ပေါက်ကရရေးချင်စိတ်ကို
ထိန်းမရလို့ ဆိုပြီး ဒုတိယအကြိမ်ပေါ့) ကိုလေမိုး (သူကတော့ ဘက်စုံတော်ပါပေတယ် ပျော်ပျော်နေ
တတ်တဲ့ သူတစ်ယောက်ပေါ့။) ကိုအုတ်ကြီး (သူကတော့ ကဗျာဆရာ တစ်ခုထူးခြားတာက သူက
လူတစ်ယောက်ကို တစ်ကြိမ်တည်းမြင်တွေ့ ပြီး၇ုံနဲ့  နောက်တစ်ခါတွေ့ ရင် မမှတ်မိသူ) CRATON
(သူကတော့ ညီလေး ခရေတွန်ပါ ရုရှားစာရေးဆရာတစ်ယောက်ကိုအရမ်းကြိုက်တယ်ဆိုပြီ ခရေတွန်
ဖြစ်သွားတာပါ။ သူရေးတဲ့ ကဗျာလေးတွေအရမ်းကောင်းပါတယ်။) အိန်ဂျယ် (သူကတော့ စကားကို
ရေပက်မဝင်အောင်ပြောနိုင်သူ ပျော်ပျော်နေတတ်ပြီး အစားပုတ်တဲ့ သူ အိန်ဂျယ်ဆပ်ပြာ ဖြစ်ပါတယ်။
နေဇော်လင်း (သူကတော့ သူ့ ကိုခင်တယ်မဟုတ်လားလို့ မေးတတ်တဲ့  ညီနေဇော်လင်းပါ။ မကြာသေး
ခင်ကမှ VOA သတင်းဌာနက သူရဲ့ စေတနာမေတ္တာတွေနဲ့  နိုင်ငံခြားအလုပ်သမားတွေအပေါ်မှာ
သူ တတ်နိုင်တဲ့ ဘက်ကနေ သတင်းဖြန့် ဝေကူညီပေးနေမှုကို အင်တာဗျူခဲ့ ပါသေးတယ်။ တကယ်ကို
စိတ်ထားပြည့်ဝတဲ့ ညီလေးပါ။) အဲဒီလူတွေအားလုံးနဲ့ အပြင်မှာ တွေ့ ဆုံဖူးပြီး တွေ့ ဆုံပွဲတစ်ခုအနေနဲ့ 
မကြာသေးခင်ကမှ ပျော်ခဲ့ ကြသေးတယ်။
နောက် ကျွန်တော်ခင်မင်ရတဲ့  ကျွန်တော့် ဆီကို အမြဲရောက်လာတတ်တဲ့ ကဗျာဆရာ အစ်မ
နိုင်းဆိုဒ်တွေမှာ အရမ်းသတင်းကြီးတဲ့  angelhlaing မကြာသေးမှီကမှ ကျွန်တော်နဲ့ အတူ Wanna Laugh
လိုက်လုပ်တဲ့  မမ နမ်မဝ (အဖြူရောင်နတ်သမီး) စင်ကာပူကနေ မလေးရှားကို တိတ်တိတ်လေးလာသွား
ပြီး တိတ်တိတ်လေးပြန်သွားတဲ့  မမ ခင်ဦးမေ(ကွန်) နောက်တစ်ယောက်ကမလေး၇ှားက သူ့ ကဗျာလေး
တွေလဲအရမ်းကောင်းတယ်။
မ ခရစ္စတယ် သူကတော့ ဘယ်နားရောက် သူ့ မူပိုင်အမှတ်အသားလေးက ပုံတွေတိုင်းမှာပါတတ်စမြဲ။
ကိုထွတ် သူကတော့ ယခုကနေစပြီး ဝိတ်ချဖို့ ကြိုးစားနေတဲ့  မျှစ်ယောင်း။ အမှောင်ထုထဲကအလင်းစက်များ
ကိုကိုလတ်ပါ။ သူကတော့ တော်တော် နေနိုင်တဲ့ သူကြီး ကြောင်ကလွဲလို့  လူတွေ့ မခံတဲ့ သူ။
ကျွန်တော့် ဘဝဇာတ်ခုံ(မောင်မျိုး) ကတော့ ဘဝဇာတ်ခုံအဖုံဖုံကို မျက်ဝါးထင်ထင် တွေ့ မြင်သွား
နိုင်လောက်အောင် စာအရေးအသား ညက်ညောပေတယ်။ ပိန်သွယ်သွယ်နဲ့  ဥပဓိရုပ် ခန့် ညားပြီး
အင်မတန်မှရိုးလွန်းတဲ့  အဖြူထည်ကြီးပါ။ (မောင်မျိုးကိုမြှောက်ပြောတယ်ဆိုပြီး ကြောင်ဂိုဏ်းတွေ ငါ့ သတ်
တော့မယ် ;p) ငွေလမင်း သူတို့ ကတော့ နှစ်ယောက်ပေါင်းမှတစ်ဘဝ အွန်လိုင်းကနေတွေ့ ပြီး
သိပ်ချစ်နေကြတဲ့  မောင်နှံ ဗဟုသုတလေးတွေမျှဝေပေးနေကြတဲ့ သူတွေပေါ့။ ဘသားချော သူကတော့
အလှူအိမ်မှာ လ္ဘက် ကမ်းတဲ့ သူပါ။;p ကျွန်တော်ဆီကို ဆုတောင်လှလှလေးတွေနဲ့  ရောက်လာတတ်တဲ့ 
အန်တီတင့် ဒူဘိုင်းကနေ မြန်မာပြည်ပြန်သွားတဲ့  နုတ်ဆက်ချိန်ဆိုတဲ့ ပိုစ့် လေးတင်ပြီး နုတ်ဆက်သွားတဲ့ 
အကိုကြီး ချမ်းလင်းနေ ဂျပန်မှအစ်မ မနန္ဒာ အားလုံးအားလုံသော ဘလော့ဂါ မောင်နှမများနှင့် ခင်မင်
ခွင့်ရပြီး အသိပညာဖလှယ်ခွင့်ရနေတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ အကြောင်းအမျိုးကြောင့်
ခြေရာတွေမချန်ခဲ့ မိတဲ့  ဘလော့ အကိုအစ်မ တွေကိုလဲ အားလုံးနည်းတူ ခင်မင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကတော့ ဒီပို့ လေးရေးဖြစ်ခဲ့ တဲ့ အတွက် ညီမ CANDYကိုကျေးဇူးတင်ပါတယ်။တစ်ကယ်တော်တဲ့ ညီမလေးပါ။
အချက်အပြုတ်လဲ တော်သလို သရုပ်ဆောင်တာလဲ တော်ပါပေတယ်။ တီထွင်ဖန်တီးမှုလဲ ပြောစရာမ
လိုပါဘူး။ ကဲညီမရေ့  ဒီလောက်ဆိုရလောက်ပြီထင်ပါတယ်နော်။
ဒီနှစ် BLOG DAY မှစပြီး နောင်နှစ်ပေါင်းများစွားတိုင်အောင် ဘလော့ဂါများ လောကအလှဆင်နိုင်ကြပါ
စေလို့ ဆုတောင်ရင်း နိဂုံချုပ်ပါတယ်။ ( လက်ခုပ်တီးလိုကတီးကြပါ) ;p
လေးစားစွာဖြင့် ဖြိုးမောင်မောင်(CTM)
Subscribe to:
Post Comments (Atom)
6 comments:
ဖြောင်းဖြောင်းဖြောင်း... (လက်ခုတ်သံ) ကန်ဒီတက်ဂ်တာ ရေးပေးလို့ရော.. မရှိမယ့်ရှိမယ့် ဂုဏ်လေးတွေကို ရအောင်ဖော်ပေးလို့ရော ကျေးဇူးပဲအစ်ကိုရေ.. တွေ့မှ မုန့်ဝယ်ကျွေးမယ်နော်.. :D
ခင်တဲ..
Candy
ဒီပို့စ်ကို ဖေ့ဘွတ်မှာလည်းတင်လေး) ငါ့ကို မြှောက်ပြောနေတာမဟုတ်ပါဘူး အမှန်တွေပြောတာပဲနော့် မလိုသူတွေ ပြောတဲ့စကားနားမယောင်ပါနဲ့ သယ်ရင်းရယ် ။
လူမြင်မခံတဲ့သူတွေက ရုပ်ဆိုးလို့လို့ သတ်မှတ်လိုက်ပေါ့။
ဖြောင်း...ဖြောင်း.....ဖြောင်းးးတီးတယ်ဟေ့
ခင်မင်စွာဖြင့်
မျှစ်ယောင်း
ဘလော့ဂ်ဒေးအမှတ်တရ ဖတ်သွားတယ် ဖြိုးမောင်မောင်ရေ။ ဘလော့ဂ်ဂါတိုင်း ကိုယ့်ရဲ့ဘလော့ဂ်လေးတွေကို စမ်းတစ်ဝါးဝါးနဲ့ အစပျိုးခဲ့တာကြောင့် တူညီတဲ့ခံစားချက်ကိုယ်စီရှိကြမယ်လို့ ထင်ပါတယ်။
အခွင့်အခါရှိနေသမျှ ဘလော့ဂ်သက်တမ်းကို ရှင်သန်ခွင့်ပေးနိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘလော့ဒေးအမှတ်တရလေးမှာ ဘလော့လေးမှာဆက်လက်ပြီး စာတွေရေးသားနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ
Happy Blog Day ! ပါမောင်လေးရေ...
ပျော်ရွင်စရာ ဘလော့ဒေး ကိုပါဝင်ဆင်နွဲခွင့်ရလို့
ကျေးဇူးပါလို့...
Post a Comment