ဒီလအတွင်း အဆင်မပြေမှုတွေ ဆက်နေတယ်လို့  ပြောရမလားပဲ။
လိုရင်းတိုရှင်းပြောရရင် ဖုန်းပျက်တယ် ကွန်ပြူတာပျက်တယ် အနာတရ
ဖြစ်တယ်။ FACEBOOK က VIRUS ကူးစက်မှုခံရတယ်။
ကံကောင်းလို့ အကောင့်တွေ ဘာမှဖြစ်မသွားတာ။ :-( ဘာမှစိတ်မပါဘူး။
BLOG တွေတောင်မလည်ဖြစ်ဘူး။ စိတ်ငြိမ်အောင် PHOTOSHOP
နဲ့  နပန်းလုံးနေလိုက်တယ်။ ဘာမှမသိတော့ နည်းနည်းလေ့လာနေတဲ့ 
သဘောပဲ။ သူများတွေလုပ်တတ်သလို ကျွန်တော်လဲ တတ်ချင်တာရယ်
ကြောင့်ပါ။
ဒီနေ့တော့ BLOG တွေလျှောက်လည်ရင်း နဲ့  နောက်ဆုံး GOOGLE
ရဲ့ စိတ်ဝင်စားစရာ အချက်တစ်ခုကိုတွေ့ တယ်။ GOOGLE က
USER တွေအတွက် GOOGLE ACCOUNT ထဲမှာရှိနေတဲ့  DATA
တွေကို ONLINE တွင်သာမက OFF LINE တွင်ပါ သိမ်းဆည်းထားနိုင်
မယ့် GOOGLETAKEOUT ပါပဲ။
GOOGLE TAKEOUT မှာ အရင်တစ်လောက ပါလာတဲ့  G+ အပါအဝင်
BACKUP လုပ်ထားဖို့ လိုမယ့် GOOGLE BUZZ CONTACT & CIRCLE
PICASA WEB ALBUMS နဲ့  PROFILE စတာတွေကို BACKUP
လုပ်ထားနိုင်အောင် တစ်စုတစ်စည်း ပါဝင်လာပါတယ်။
..................................................................................................................................................................
..................................................................................................................................................................
ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့  ကိုယ့်ရဲ့  ONLINE ပေါ်ကအရေးကြီးတဲ့ 
DATA တွေအားလုံး BACKUP လုပ်ပြီးသားဖြစ်သွားမှာပါ။
GOOGLE TAKEOUT ရဲ့ အကျိုးကျေးဇူးကတော့ အကြောင်းတစ်ခုခုကြောင့်
ကိုယ့်ရဲ့ အကောင့် ဆုံးရှုံးခဲ့ မယ်ဆိုရင်တောင် အရေးကြီးတဲ့  CONTACT
တွေ PICASA ALBUMS ထဲက ကိုယ့်ရဲ့ ဓါတ်ပုံတွေ စတဲ့ အရေးကြီးတဲ့ 
DATA တွေ မဆုံးရှုံးရတော့ပါဘူး။ ဒါကြောင့် မသိသေးတဲ့ သူများ
ဒီမှာ သွားရောက်ပြီး BACKUP လုပ်ယူထားနိုင်ပါတယ်။
လေးစားစွာဖြင့် ဖြိုးမောင်မောင်(CTM).
No comments:
Post a Comment