Monday, September 5, 2011
အလွမ်းများနှင့်ဖန်တီးခြင်း
သတိရခြင်ရဲ့  အဓိပါယ်တွေ
မသိခဲ့ ဘူး
လွမ်းဆွတ်ခြင်ဲးကို နားမလည်ခဲ့ ဘူး
မိဘရင်ခွင်ရဲ့  နွေးထွေးမှုဆိုတာ
စာတွေထဲမှာ ယုံတမ်းစကား
အဲဒီလိုနဲ့  ခပ်ပေါ့ပေါ့နေခဲ့ တဲ့ 
အမေ့ သား
တစ်နေ့ မှာတော့
သူ အဝေးဆုံးကို ရောက်သွားခဲ့ တယ်အမေ
မာယာလောကအလယ်
မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့
လောကသင်ခန်းစာတွေသင်ယူရင်း
တဘုန်းဘုန်းမကျအောင်
ကုန်းရုန်းထနေရတယ်အမေ
အားငယ်တယ်ဆိုတာ
အမေ့သားပျော့ညံ့နေမလားလို့ 
သူ့ ကိုမောင်းထုတ်ထားတယ်အမေ
နေမကောင်းဖြစ်ခါမှ
အမေ့ ကိုပိုလွမ်.တတ်တဲ့ အမေ့သား
တော်တော်ကိုမတရားပါလားနော်
သတိရခြင်းရဲ့ တစ်ဘက်
လွမ်းဆွတ်ခြင်းရဲ့ အဆုံးမှာ
နေသားကျအောင်နေခဲ့ ပေမယ့်
တစ်ခါတစ်ခါ
ကျွံကျွံကျတယ် အမေ
ရှိပါစေတော့ အမေ
သတိရလွမ်းဆွတ်တဲ့ အကြောင်းတွေ
စာလုံးတွေအဖြစ်ပဲ ဖန်တီးလိုက်တော့မယ်။
လေးစားစွာဖြင့် ဖြိုးမောင်မောင် (ctm)
Subscribe to:
Post Comments (Atom)
8 comments:
ခလုတ်ထိတော့ အမိ တ ပြီပေါ့... :P
ကဗျာလေး ဖတ်လို့ကောင်းတယ်.. တန်ဖိုးလည်းရှိတယ်... :D
နေမကောင်းတော့ အမေသတိရနေတာပေါ့ :)
ကျွံကျွံကျမှာပေါ့....... ၀ိတ်ချပါ ၀ိတ်ချပါ ဆိုတာ ချမှ မချပဲကို။ :D နောက်ထှာပါ။ ကဖမမ ရဲ့ မာတာမိခင် အလွမ်းလေး ကူလွမ်းပေးသွားပါတယ်။
ငါလည်း အမေ့ကို သတိရလိုက်တာ ခုရက်ပိုင်း ပိုဆိုးနေတယ် ။
သတိရလွမ်းဆွတ်တဲ့ အကြောင်းတွေ ဖုန်းနဲ့ဖွင့်ချပါကွဲ ကိုဖြိုးရဲ့ နော ..
အမလဲအမေ့ကိုသတိရနေလို့ဆက်ပြီးပြီးး)
တောင်ကြီးမှာ မိုးတွေတအားရွာပြီးအေးနေလို့
မေမေ ကိုသတိရနေတာ
ငိုချင်သူလက်တို့ နေတာလားဟင်...
လွမ်းနေတယ်မေမေကို....
ဖုန်းတွေဆက်ရလို့ဖုန်းဖိုးတွေလဲ ကုန်လှပါပြီ
မောင်လေးဖြိုးချမ်းမြေ့ပါစေ
ခင်မင်တဲ့ jas
အမေကို လွမ်းနေတယ်ပေါ့လေ...။ အင်း ဖျားရင် အမေ့ဂရုစိုက်မှုတွေကို ပိုလွမ်းတတ်တာ သဘာဝပါပဲ။
ခင်တဲ့
မေသိမ့်
အရင်တုန်းကအိမ်မှာဆိုစကားမပြောဘူး။အခုမှအရမ်းသတိရနေပြီပေါ့ဟုတ်လား။
နောက်ဆိုမိဘကိုပိုဂရုစိုက်ပေါ့နော်။
Post a Comment