လမ်းပြကြယ်လေးပေါ့
ငေးကြည့်ပြီး ချစ်တယ်
တွေးကြည့်ပြီး ချစ်တယ်
တမ်းတပြီး ရူးတယ်
မှန်းဆပြီး ရူးတယ်
တမ်းတပြီးလွမ်းတယ်
မှန်းဆပြီး လွမ်းတယ်
တမ်းတကာ မှန်းဆ
လွမ်းရသော်လည်း
ရှောင်ဖယ်ကာပြေး
ပုန်းရက်လေတယ်
ရာသီ နက္ခတ်
ဂြိုလ်အတက်မှာ
မင်းရဲ့အလှ
တစ်ခဏတော့
ခပ်ဝေးဝေးကနေ
ငေးကြည့်ချင်သေးတယ်
မျက်စေ့တစ်ဆုံး
Published with Blogger-droid v1.7.4
7 comments:
မျက်စေ့တဆုံး လား မျက်စိတဆုံး လား
ဘယ်သူရဲ့အလှကိုငေးကြည့်ချင်နေတာလဲ...
စိတ်ထဲရှိရင်ကြည့်သာကြည့်လိုက်။
ခင်မင်တဲ့ jasmine
သူပွင့်လာဘီ။
ကောင်းတယ်။
ကောင်းလိုက်တဲ့ ကဗျာလေးအစ်ကိုရယ်... ကြည့်ရတာ ငါ့အစ်ကိုတစ်ယောက် မရိုးတော့ဘူးထင်တယ်... အဟိ
ခုမနက် ၃နာရီခွဲတော့မယ်... အစ်ကို့ပိုစ့်တွေ့လို့ အပြေးလာဖတ်တာ.. :D
ကြည့်ခွင့်လေးတော့ ပေးသင့်ပါတယ်ကွယ်....။ တစ်စုံတစ်ယောက်ကို လွမ်းသွားတယ်ရှင်။
ခင်တဲ့
မေသိမ့်
မျက်စိညောင်းတယ် တဆုံးတော့မကြည့်ဘုး
ဖြတ်ခနဲကြည့်လိုက်တော့ စာမျက်နှာပေါ်မှာ ငှက်တစ်ကောင်ရောက်နေလို့
ကြော်စားပစ်လိုက်တယ် ..
မဒိုးကန်
Post a Comment