Pages

Saturday, September 17, 2011

မျက်စေ့တစ်ဆုံး

ကျွန်တော့်အတွက်တော့
လမ်းပြကြယ်လေးပေါ့
ငေးကြည့်ပြီး ချစ်တယ်
တွေးကြည့်ပြီး ချစ်တယ်
တမ်းတပြီး ရူးတယ်
မှန်းဆပြီး ရူးတယ်
တမ်းတပြီးလွမ်းတယ်
မှန်းဆပြီး လွမ်းတယ်
တမ်းတကာ မှန်းဆ
လွမ်းရသော်လည်း
ရှောင်ဖယ်ကာပြေး
ပုန်းရက်လေတယ်
ရာသီ နက္ခတ်
ဂြိုလ်အတက်မှာ
မင်းရဲ့အလှ
တစ်ခဏတော့
ခပ်ဝေးဝေးကနေ
ငေးကြည့်ချင်သေးတယ်
မျက်စေ့တစ်ဆုံး


Published with Blogger-droid v1.7.4

7 comments:

Anonymous said...

မျက်စေ့တဆုံး လား မျက်စိတဆုံး လား

စံပယ်ချို said...

ဘယ်သူရဲ့အလှကိုငေးကြည့်ချင်နေတာလဲ...
စိတ်ထဲရှိရင်ကြည့်သာကြည့်လိုက်။
ခင်မင်တဲ့ jasmine

မိုးယံ said...

သူပွင့်လာဘီ။

khin oo may said...

ကောင်းတယ်။

Candy said...

ကောင်းလိုက်တဲ့ ကဗျာလေးအစ်ကိုရယ်... ကြည့်ရတာ ငါ့အစ်ကိုတစ်ယောက် မရိုးတော့ဘူးထင်တယ်... အဟိ
ခုမနက် ၃နာရီခွဲတော့မယ်... အစ်ကို့ပိုစ့်တွေ့လို့ အပြေးလာဖတ်တာ.. :D

မေသိမ့်သိမ့် ကျော် said...

ကြည့်ခွင့်လေးတော့ ပေးသင့်ပါတယ်ကွယ်....။ တစ်စုံတစ်ယောက်ကို လွမ်းသွားတယ်ရှင်။

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

မျက်စိညောင်းတယ် တဆုံးတော့မကြည့်ဘုး
ဖြတ်ခနဲကြည့်လိုက်တော့ စာမျက်နှာပေါ်မှာ ငှက်တစ်ကောင်ရောက်နေလို့
ကြော်စားပစ်လိုက်တယ် ..

မဒိုးကန်