Pages

Saturday, October 8, 2011

မျက်းဝန်းရှင်



အကြည့် တစ်ချက့်
ဝုန်း ဒိုင်း တွေ ကြဲ
လွင့်စင်သွားခဲ့တယ်
ငါ့ ရင်ခုန်သံ
စူးရှ ပြင်းပြ
အဲဒီ အကြည့်
မခံနိုင်မှန်း
သိလျက်
ဘာကြောင့်လဲ ချစ်သူ
တကယ်ဆို ငါက
အဲဒီမျက်ဝန်းတွေကိုပဲ
ချစ် ကြောက် ရိုသေ ခဲ့ရသူပါ
အဲဒီမျက်ဝန်းတွေက
ငါ့ကိုဖမ်းစား
နေ့ နဲ့ ညတွေ
မှားစေတယ်
မရေးဆွဲပဲ
စွဲတဲ့ပန်းချီ
ထင်ကျန်ရစ်ပြီ
ဟောဒီရင်မှာ
ဖြုတ်လဲမရ
နုတ်လဲမရ
ဆေးစက်လှလှလေးက
ဆုပ်ကိုင်လို့
ချယ်ကာသ
မင်းနဲ့မှ
ချစ်တတ်ခဲ့ပြီ

မှတ်ချက့်မျက်ဝန်းတစ်စုံကိုခံစားမှုပြုသည်
Published with Blogger-droid v1.7.4

7 comments:

Candy said...

အလဲ့.... မိုက်တယ်ဂျ..... မင်းနဲ့မှ ချစ်တတ်ပြီပေါ့... အဟီး.... မျက်နောက်က "း" ကို ဖျက်လိုက်ဦး...
သိပ်ကျေနပ်နေတာ မဟုတ်ဘူးနော်... genting သွားရင် ဓာတ်ပုံတွေ ရိုက်ခဲ့နော်... ဒါပဲ... :D

Cameron said...

ကဗျာလေးကလှတယ် တင်ထားတဲ့မျက်ဝန်းပုံကတရုတ်မပုံဖြစ်နေတာခက်တယ်...။ တကယ်ဆို မျက်ဝန်းလှလှတစ်စုံဖြစ်နေရမှာ...။

mstint said...

ရှာဖွေတွေ့ရှိသွားတဲ့ အချစ်ကို မြတ်မြတ်နိုးနိုး တန်ဘိုးထားတတ်နိုင်ပါ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဟုတ်တုတ်တုတ်လေးနော်
မင်နဲ့ကျမှတဲ့....
အပြင်မှာတော့ အကြည့်တစ်ချက်နဲ့ ၀ုန်းဒိုင်းမကျဲပါနဲ့
ခင်မင်တဲ့ jasmine

ညိမ်းနိုင် said...

ဟိုက်.....မနေ့ကတစ်နေ့လုံးတူတူရှိနေတဲ့ကြားကဘယ်လိုဘယ်လိုကဗျာတွေ
ထွက်ကျလာပါလိမ့်.....၊မျက်ဝန်းတစ်စုံ.......၊ဂန်းတင်းမှာတွေ့ခဲ့တဲ့တစ်ယောက်
လား....:P

မိုးငွေ့ said...

ဘယ်ကလာ ဒီပို့စ်က ဂျန်ဒင်း မသွားခင်ကတည်းကတင်တာပါ...ဟုတ်တယ်နော်ဖြိုး..း)

Maung Myo said...

ကောင်မလေးရနေပြီထင်တယ်း))