Pages

Friday, October 14, 2011

မနှင်းဆီသို့ ၂


နံရံပေါ်က
ပန်းချီကားတစ်ချက်
ပျိုးပျိုးပြက်ပြက်လက်နေတယ်

ဟော ဟိုမှာတိမ်စိုင်တွေ
ဖွေးဖွေးလက်လက်
သိပ်လှတယ်

ဟော ဟိုမှာ အဆုံးအစမဲ့
နှင်းဆီပန်းခင်း
ပွင့်ဖတ်လေးတွေ
နှင်းရည်ဆွတ်
မနှင်းဆီအလှမှာ
အရာအားလုံး
ဉီးညွှတ်ကြတယ်

မနှင်းဆီအပြုံးမှာ
်ကျွန်တော့် အသိစိတ်တွေ
အတုန်းအရုန်း
ကျရှုံးတယ်

မနှင်းဆီမျက်ဝန်းမှာ
ကျွန်တော်ခြေလှမ်းတွေရပ်
အိပ်မက်တွေအခါခါ
မက်စေတယ်

မနှင်းဆီ ဆံနွယ်တွေ
လေမှာ လွင့်ဝဲ
ကျွန်တော့်ကို
အကြိမ်ကြိမ်ငေးစေတယ်

အဲဒီ သိပ်လှပါတယ်ဆိုတဲ့
ပန်းချီကား
တန်ဖိုးဖြတ်လို့ရလိမ့်မယ်

ကျွန်တော့်မနှင်းဆီရဲ့အလှကိုတော့
တန်ဖိုးတွေဖြတ်
မကန့်သတ်ကြပါနဲ့

ခင်ဗျား ကျွန်တော့်ကို
အသေသတ်သွားပါ။
Published with Blogger-droid v1.7.4

13 comments:

ကြောင်ယံ said...

စာပဲလာဖတ်တာ...သများအသက် မသတ်ရေးချ မသတ်ဖဲ။

Anonymous said...

၃ ဆိုရင်တော့ သေလောက်တယ်

ခရစ္စတလ် said...

ဟိုလေ ရေကြီးလို့လေ ထိုင်းမှာလေ နှင်းဆီပန်းတွေ ဈေးတက်သွားတယ်၊
ခါတိုင်း ငါးဘတ်နဲ့ ဝယ်ရတာ၊ အခု လပြည့်မှာ ခုနှစ်ဘတ်ပေးဝယ်ရတယ်၊ ပန်းကလည်းလေ ရေများလို့ သိပ်မလန်းဘူး၊ ဒါပေမယ့် လှပါတယ်၊ ဘုရားလှူတယ်၊ သာဓုခေါ်နော် (ဆိုင်လားတော့မသိ)

Candy said...

ဟုတ်ကဲ့.. ဒီလောက်ဆို မနှင်းဆီအလှကို မြင်ပါပြီ... :P :D

ညိမ်းနိုင် said...

မဖြတ်ပါဘူး.....မဖြတ်ပါဘူး....အသေလဲမသတ်ပါဘူး....ဟုတ်ဘီလား...၊
စတာ....ကဗျာလေးတွေက လမိုင်းအတော်ကပ်နေလို့ထင်တယ်...အတော်ကို
လှနေတာပဲ...၊လမိုင်းများများကပ်ပါစေဗျာ....၊ခွာမရရင် ဒီဇယ်လေးစွတ်ခွာနော်..

Cameron said...

လက်ရည်တော်တော်တက်နေတာပဲ....။ ဖြိုးရဲ့ ရုပ်ဆိုးမနှင်းဆီက တကယ်လှလို့လား... တန်ဖိုးမဖြတ်ရကြောင်းပါ...ဒီလက်နဲ့ ကိုယ်တိုင်မသတ်ရက်လို့ပါကွယ်...။ ကဗျာလေးကိုတော့ ကူယူထားခွင့်ပြုပါ...အသည်းခိုက်အောင်ကြိုက်သွားလို့... ဟိ..။

ခင်တဲ့
မိုးငွေ့

ကိုရင် said...

ဟိုတစ်ယောက်ကလည်း မနှင်းဆီ..ဒိတစ်ယောက်လည်း မနှင်းဆီ
ဟုတ်တော့ ဟုတ်သေးဘူး..:D

Angelhlaing(May everybody be happy and healthy! said...

ဝါးးးးးး မနှင်းဆီ လှချက် ....:):)

မဒမ်ကိုး said...

အသေသတ်မယ် အသေသတ်မယ် သေလရော့ဟယ်း)

ဒါနဲ့စကားမစပ် မနှင်းဆီက ၂ ယောက်ကိုများ ..ဟိဟိ
တခုခုတော့တခုခုပဲ

မောင်မျိုး said...

ဟိုဘက်က တစ်ယောက်နဲ့ ဒီက တစ်ယောက် ရဲ မခင်နှင်းဆီ က တစ်ယောက်တည်းလားဗျ ကြုတ်ကျက်လိကြပါအုံးးး)

Anonymous said...

ဆုတောင်းကောင်းတဲ့မနှင်းဆီရဲ့အလှကြောင့်
ဥမ္မဒန္တီ၊ပပ၀တီတို့ကြားရင်..ထိုင်ငိုနေလိမ့်မယ်ထင်တယ်နော်း)
သြော်..အသေခံမယ့်သူတောင်ရှိနေပြီပဲ
ဘာလိုသေးလို့လည်းမနှင်းဆီရယ်...:P
တိတ်တိတ်လေးကြိတ်တောင်းနေတဲ့ဆုတွေပြည့်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

စံပယ်ချို said...

နှင်းဆီခေတ်ရောက်နေတာလား
စံပယ်ဘယ်သူနဲ့နေရမှာလဲ....

Green said...

ဟိ စာလေးတွေက တိုတိုလေးနဲ့ထိတယ်

စကားလုံးတွေ မိုက်တယ်