Pages

Wednesday, November 9, 2011

မနှင်းဆီသို့ ၉



သာယာနာပျော်ဖွယ်ကောင်းတဲ့

စောင်းကြိုးခက်သံတွေနဲ့အတူ

အမှောင်ညကိုခွင်းပြီး

မနှင်းဆီ ရောက်လာခဲ့တယ်။


အဲဒီ အလှပဆုံးအပြုံးနဲ့

အတောက်ပဆုံး

မျက်ဝန်းတွေကြောင့်

ပန်းပေါင်းစုံ

ဉီးညွှတ်ကြကုန်တယ်

ကျေးငှက်တွေတွန်ကြူး

ဒီနွေဉီးလည်းအေးမြကုန်တယ်။


အရာရာက အိပ်မက်တွေလိုပါပဲ

အမြင်အာရုံတွေက ဝိုးတဝါး

ကိုယ့်ရင်ခုန်သံတွေကိုတော့

ကိုယ်တိုင်ပြန်ကြားနေခဲ့တယ်


မရူးမိုက်ချင်တော့ပါဘူး

မူးမိုက်ခဲ့ပေါင်းလဲများပြီလေ


ရင်ခုန်သံချင်း ချိတ်ဆက်ထားရုံနဲ့တင်

အရာရာကပြီးပြည့်စုံလို့

လှပနေပါပြီ

ကျွန်တော်

ပြောစရာလိုသေးလို့လား

မနှင်းဆီ


ေ ျပ ာ စ ရ ာ လို ေ သ း လို ႔ လ ာ း
posted from Bloggeroid

10 comments:

Candy said...

ကိုဖြိုးကတော့နော်.. မရိုးအောင် ရေးတတ်တယ်.. ညီမ ခုထိမရိုးသေးဘူး ဖတ်ရတာ...
မနှင်းဆီက ဘယ်အပိုင်းထိဆက်မှာလဲဟင်... :D :D

စံပယ်ချို said...

ပြောစရာတော့လိုတာပေါ့
မနှင်းဆီက ပြောမှသိမှာလေ
နှင်းဆီအရမ်းလှတယ်
ခင်တဲ့ မဂျက်(မုန်လာထုပ်)

mstint said...

အမှောင်ညကိုခွင်းပြီး ရောက်လာတဲ့ မနှင်းဆီရဲ့ ဂုဏ်ရှိန်ဟာ
ပန်းပေါင်းစုံတောင် ဦးညွတ်ကုန်ကြရသတဲ့။ ကလောင်သွားလေးထက်တယ် ကိုဖြိုးရေ။ အားပေးလျက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

TZH1985 said...

မနှင်းဆီ ရေ ရေ ရေ....

ညိမ်းနိုင် said...

မရူးမိုက်ချင်တော့ပါဘူး....မူးမိုက်ခဲ့ပေါင်းလဲများလှဘီ....
အထူးကြိုက်လေတော့....မူးမိုက်လည်း သောက်မိတယ်...:)))))

Maung Myo said...

လွန်တာပေါ့ မောင်ရယ်း) ပြောမှသိမှာပေါ့ လို့ လို့ လို့ ။

Angelhlaing(May everybody be happy and healthy! said...

မနှင်းဆီ ဆိုတာ နာမည်ကအစ စွဲဆောင်မှုရှိတော့ မရိုးဘူးပေါ့..လေ :)

Cameron said...

ဒီမှာလဲ အဲလိုပဲ သများမန့်တာပျောက်ပြန်ပြီ....။ စိတ်ဆိုးတယ်..း(

မိစံ said...

ဒီကဗျာကတော့..
မနှင်းဆီ..ဘယ်သူလဲဆိုတာသိမှ
အဆုံးသတ်မယ်ထင်ပါ့း)))
အားပေးလျှက်ပါရှန်
လေးစားလျှက်

ကိုရင် said...

လာဖတ်တယ်...မနှင်းဆီ..အဲ..ဆရာဖြိုးရေ....:D
အမူးမပြေသေးတာများလား..
မနှင်းဆီက မူးတာလား..
အင်း..
အမူးပြေတဲ့နေ့ ရပ်မှာပါလေ... :P