Pages

Sunday, November 13, 2011

ကြိုးဆွဲရာ ကနေသည်



အလုပ်လုပ်သည် အထင်မကြီးလေနှင့်
တကယ်တမ်းဘာမှမလုပ် ည ၇ နာရီ ၃၀ ဆို ဇာတ်ကားကြည့်တယ် သြော် မေ့လိုက်တာလဲ လွန်ရော (ကိုယ့် ကိုကိုယ်ပြောခြင်း) ထမင်းအရင်စားတာ အဲဒါစားပြီးမှ ဟိုဒါကိုကြည့်တာ ဟိုတာက ဇာတ်ကားကိုပြောတာ အဲဒါဆိုတာက ထမင်းကိုပြောတာ ဘာနဲ့စားသလဲမမေးနဲ့ ကြောင်စာ။ ဇာတ်ကားက စိတ်ဝင်စားစရာကောင်းတယ် အမေတစ်ယောက်ရဲ့ မေတ္တာ နဲ့ လူ့ပတ်ဝန်းကျင်က ဖြစ်တတ်နေကျ သဘာဝလေးတွေကို မီးခွက်ထွန်းပြထားတာ

အဲဒါတွေပြီးရင်း ဟိုကြည့်ဒီကြည့်နဲ့ အချိန်ကုန် ဆိုင်သိမ်း အိမ်ပြန်။ အိပ် ။ သိပ်လည်းအိပ်မရပါဘူး နှစ်နှစ်ချိုင့်ချိုင့် အိပ်ရေးဝတာမျိုးလဲ မရှိသလောက်ပါပဲ။ နေ့နဲ့ညက ဘယ်တူမလဲလေ လူချင်းလဲတူမှမတူကြတာ မနက် ၄ သို့ ၅ လောက်အိပ်တာ အကြိမ်၂ နိုးနေတယ် မျက်နှာကိုခေါင်းအုံးနဲ့ ဖုံးပြီးပြန်အိပ် ဟိုလိမ့်ဒီလိမ့်နဲ့ပေါ့ တနေ့အိပ်ရတဲ့အချိန်က၅နာရီကျော်လောက်ပဲရှိမယ်ထင်တယ် အိပ်ရာနိုး ဟိုတွေးဒီတွေး ဟိုငေးဒီငေး ညနေ၅နာရီအလုပ်ပြန်ဝင် ကဲ ဘယ်လောက်ညီးငွေ့စရာကောင်းလိုက်လေသလဲ။

အဲဒီလို ညီးငွေမှုတွေကြောင့် ကျွန်တော်ပိုပြီး စိတ်ကူးယဉ်တတ်ခဲ့တာထင်တယ်။ အဲဒီစိတ်ကူးတွေကြောင့်ပဲ တစ်ခါတစ်ခါ နေ့ရက်တွေက သေသေသပ်သပ်နဲ့ လှပနေခဲ့တယ်လေ။ တစ်ခါတစ်ခါလည်း အဲဒီစိတ်ကူးတွေ အစွန်းရောက်ပြန်ရင် ကိုယ့်စိတ်က ကိုယ့်ကိုပြန်နှိတ်စက်ပြန်တယ်။ အခု လူတွေအားလုံး အိပ်နေကြပြီ
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ညိမ်သက်လို့။ ကျွန်တော်အပြင်ဝရန်တာမှာ ထွက်ထိုင်နေမိတယ်။ ကောင်းကင်ထက်ကလမင်းကြီးက ထိန်ထိန်သာလို့
အေးမြတဲ့အလင်းရောင်တွေဖြန့်ကျက်ထားလေရဲ့ လမင်းကြီးက ကျွန်တော့်ကို ဂရုနာသက်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။





သူ ဘယ်လိုပဲကြည့်ပါစေ ထင်ပါစေ အခုလက်ရှိ သူသည်သာ ကျွန်တော့်ကို အလင်းရောင်တွေပေးနေတာ သူသည်ကျွန်တော့်ရဲ့ အလင်း ကျွန်တော့်ရဲ့လမ်းပြ သူ့ဂရုနာသက်တဲ့ အကြည့်တွေအောက်မှာ ကျွန်တော်ကျရှုံးသွားတယ်။ အခုလို လသာတဲ့ညတွေကို ကျွန်တော် ချစ်တတ်ခဲ့တာကြာပေါ့ သူ့အေးမြတဲ့ အလင်းရောင်တွေကို ကြည်နူးခံစားလိုက်ရုံနဲ့ ကျွန်တော့်ရင်တွေအေးမြသွားခဲ့တယ်။

အခု ကျွန်တော်လရောင်အောက်မှာ လွင့်လွင့်မျောမျော လွမ်းဖြစ်တယ် ဒါဟာ လက်ရှိ မလေးရှားမှာ လရောင်အောက် ပထမဆုံး လွမ်းဖြစ်တာပါ ။ အရာအားလုံးကို လွမ်းနေမိတယ် တကယ် ကျွန်တော့်မျက်ဝန်းတွေ အရည်လဲ့နေတယ်။ ဝမ်းနည်းဖြစ်တယ်။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ အပစ်တင်မိတယ်။ လမ်းလျှောက်ရင်း လမ်းပျောက်နေသလိုပါပဲ တကယ်တော့ ကျွန်တော်က ကံကြမ္မာကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးတစ်ရုပ်ပါပဲ။


posted from Bloggeroid

9 comments:

khin oo may said...

ဘာပြောရမှန်းမသိ.

Candy said...

အင်း.. ဖူး (သက်ပြင်းသံ)
ဒီလိုပဲ လည်ပတ်နေရဦးမှာပါပဲ... :D

jasmine(တောင်ကြီး) said...

လရောင်အောက်မှာပဲလွမ်းတာလား
တစ်ခြားနေရာတွေမှာ မလွမ်း ဘူးဆိုတဲ့သဘောလားဟင်
အဲလိုလုပ်ပါနဲ့ အမြဲလွမ်းနေပေးပါ......
ဖြိုးရေ....အချိန်တိုင်းမလွမ်းတာလဲကောင်းသလိုလိုပါပဲ
ခင်မင်တဲ့ အမဂျက်

ညိမ်းနိုင် said...

မိုးရေစက်၊လရောင် နဲ့ နှင်းမြူ တွေက လူကိုဖမ်းစားတတ်တဲ့သဘောမှာရှိတယ်..၊
အထူးသဖြင့် တစ်ယောက်တည်းဖြစ်နေချိန်တွေမှာပေါ့....၊ဒီလိုပါပဲ.....ဘဝ
ဝင်္ကပါထဲမှာ လူသားတွေက တစ်ဝဲလည်လည်ပါပဲလေ....၊လက်ရှိအချိန်လေး
မှာ နေပျော်သလိုလေးသာနေ နေရတာကလား....

မိုးငွေ့...... said...

လွမ်းတာလေးက ကိုယ့်ဆီက ဓါတ်ကူးသွားပုံရတယ်....။ ဒီလိုပါပဲ ဖြိုးရယ်...တနေ့တနေ့ဒါတွေပဲ ထပ်ခါထပ်ခါအချိန်ဇယားနဲ့လုပ်နေရတော့ ငြီးငွေ့လာတယ်...ကိုယ့်ကိုယ်ကို အရုပ်တစ်ရုပ်လိုခံစားလာတယ်...။

မေသိမ့်သိမ့် ကျော် said...

သိပ်မှန်တာပဲ။ ကျွန်မတို့လည်း ကံကြမ္မာကြိုးဆွဲဆရာလက်လှုပ်ရာအောက်မှာ ကပြနေရတယ်။

မဒမ်ကိုး said...

ဝမ်းမနည်းပါနဲ့ ကိုဖြိုးရေ အားလုံးပါပဲ ရုပ်သေးတွေပါ
ကံကြမ္မာရဲ့ကြိုးဆွဲရုပ်တွေပါး(
လပြည့်ညလရောင်တောင်မခံစားလိုက်ရဘူး
နေမကောင်းလို့း(

Angelhlaing(May everybody be happy and healthy! said...

ဘာပြောရမလဲကွယ်....ဒီလိုပါပဲ...ဘဝတွေက...:(

mstint said...

အတိုင်းအတာတစ်ခုအထိ လွမ်းတော့လွမ်းပေါ့ ကိုဖြိုးရေ။
ကံကြမ္မာရဲ့လှည့်ကွက်တိုင်းမှာ အလှည့်မခံရဘို့သတိထားနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်