Pages
Friday, June 22, 2012
ကဗျာတပုဒ် မဟုတ်တော့ရင်
သူတို့ ပြောတဲ့  ဒသနတွေ
အီဒီယန်တွေ
သုတေသနအကြောင်းတွေ
အမှားအမှန်တွေ
ရောင်စုံသက်တံ့တွေ
မိုးပျံပူဖောင်းတွေ
ဘာတစ်ခုမှ မသိချင်ဘူး
ဘယ်လိုဖျောက်ဖျောက်
အဲဒီစိတ်က ကြောက်တယ်
အက်ကြတာချည်းပါပဲ
မယုံရင် လှမ်းကြည့်လိုက်
မျက်ဝန်းတွေမှိတ်ထားမယ်
ပြန်မဖွင့်ချင်ဘူး.........
အတောင်ပံကိုခတ်
ပျံထွက်သွားမှာကြောက်တယ်
ခုထိတော့ ရစ်ပတ်နေဆဲပါပဲ
....................................နွယ်
ဘာတတ်နိုင်မှာလဲလေ
ရာသီစက်ဝိုင်းကြီးက
ဒီအတိုင်းလည်ပတ်နေတာကိုး
အလင်းမှုန်ပျပျမှာ
သံစဉ်တစ်ပုဒ်နဲ့ 
အလွမ်းတွေ ကြူးရင့်လိုက်ရုံပေါ့
ဒါမှမဟုတ်
လမင်းကြီးကို  ငေး
ဒီရင်အေးအောင်တော့
ငိုချင်းတစ်ပုဒ်ကို သီကြူးလိုက်မယ်
ဒါဟာ ကဗျာတပုဒ်တော့မဟုတ်ဘူး
ဖြစ်နိုင်ရင်ပေါ့.............
တစ်ခုတောင်းဆိုပါရစေ
ကဗျာတပုဒ် မဟုတ်တော့လို့ 
ကြိုးကြာ ငှက်လေး
ပျံသန်းသွားတာတွေ့ ရင်
ကျွန်တော့်ကို
တိတ်တိတ်လေး
လာပြောပါ။
5 comments:
khin oo may said...
beautiful............poem.........blog.......photo.........++
Candy said...
နည်းနည်းစီ ဖတ်ဖူးပြီးသားကို ပြန်ဆက်သွားတယ် :D :D
ညိမ်းနိုင် said...
ကြိုးကြာတော့တွေ့ဝူး....ဒီမှာသိမ်းငှက်တွေတော့တွေ့
တတ်တယ်။တွေ့ရင်ဖုံးဆက်မယ်နော်.....:P
khin oo may said...
အော်........ နွယ်...........
Cameron said...
လှတယ်.....ကဗျာပြောတာ....