ဆာရန်ဟေးရောတဲ့  ဖွင့်ထားတဲ့ သီချင်းက ကာရံတွေ မယ်လိုဒီတွေနဲ့  ဘဝကတော့ သိပ်ပြီးထူးခြားမှုမရှိပါဘူး။
ဒါ့ကြောင့် တီးခတ်တတ်တဲ့ ပညာမရှိဘူး။ ခက်ခဲတယ် နက်နဲ တယ်။ ကိုယ့်အတွက်ပေါ့။ တခါတလေ စဉ်းစားမိ
တယ်။ အမြင်မှာတော့ နီးနေပြီး ဘာလို့ အစွန်ဆုံးက ဝေးသွားရသလဲဆိုတာ။ သဘာဝတရားကြောင့်ပဲလား
ရှုထောင့်လေးပြောင်းကြည့်လိုက်တော့လဲ သဘာဝကျသားပဲ။ ဒီလိုနဲ့  အလင်းတွေကိုပုံဖော်ဖို့ ပဲ စိတ်ထဲရှိတော့
သလိုလို။
ဘာကြောင့်လဲဆိုတာ စဉ်းစားလို့ မရဘူး။ မရတာကိုလဲ မစဉ်းစားချင်ဘူး။ စိတ်ဆင်းရဲတဲ့ ဒါဏ်ကိုမခံနိုင်ဘူး။
ပျော်ပျော်ပဲနေချင်တယ်။ ပျော်သလားလို့ တော့မမေးနဲ့  တခါတခါ ဘာကိုလဲပျော်တာဆိုတာ စဉ်းစားရတာခေါင်းချောက်တယ်။ တလှေထဲစီး တခရီးတည်းသွားနေတာလား ဘယ်သိပါ့မလဲ ကိုယ့်ဘဝနဲ့ 
ကိုယ်ပဲလေ။ လှေစီးတာက စီးတာပေါ့။ သူကသူ ကိုယ်က ကိုယ်ပဲလေ။ ရေစုန်မှာမျောမလား ရေဆန်ကို
တက်မလား လာမမေးပါနဲ့ ။ ကိုယ့်စိတ်နဲ့ ကိုယ် စုန်စုန် ဆန်ဆန်ပေါ့။ အဲလိုမျိုးပြောချင်တယ် စိတ်ထဲက
စာတော့သင်ခဲ့ရတာပါပဲ ဘာတဲ့  အိုးကောင်းလိုချင်ရင် နာနာရိုက်ဆိုလား။ အဖေကတော့ ခဏခဏရိုက်တာပဲ။ ငယ်ငယ်ကဆို ချောင်းထဲငါးသွားဖမ်း ရေသွားကူးရင် အဖေရိုက်မှာကြောက်တဲ့ စိတ်ကစိုးမိုးနေတာလားမသိဘူး။ သားကြီးရေ့  လို့  ခေါ်တဲ့ အသံက စိတ်ထဲကအလိုလိုကိုကြားတာ။ သေချာတယ် တုန်တချောင်းနဲ့ မကြာဘူးရောက်လာတတ်မြဲ။ အဲဒီအိုးလေး
ကောင်းသလား ကိုယ်တိုင်လဲမသိသေးဘူး။ ဘာပဲဖြစ်ဖြစ် မိသားစုအတွက် ရေတော့ပြည့်စေချင်တယ်လေ။
ခုတလော ကံမကောင်းတာမဟုတ်ဘူး။ လူကမကောင်းတော့တာ။ ကိုယ့်ကိုကိုယ်စိတ်ပျက်မိတယ်။တကယ်
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဘူး။ စိတ်နဲ့ ကိုယ် တခြားစီဖြစ်နေတယ်။ ထိုင်နေတယ် လူပဲရှိတယ်။
စိတ်က လစ်နေတယ်။ တခုခုကိုအာရုံရပြီဆို တခြားအရာတွေ သတိမထားတတ်တော့ဘူး။ လမ်းသွားရင်း
ကားတိုက်မလား ပြန်မေးကြည့်တယ်။ တိုက်ရင်လဲတိုက်မှာပေါ့။ မီးနီနေရင်လဲ ဖြတ်ချင်ဖြတ်တယ်။
ဖုန်းလေးအသံမြည်လာတယ်လေ။ စိတ်မကောင်းဘူးတဲ့  နှမျောစရာတဲ့ ။ မနှမျောချင်ဘူး။ ဘာမှလုပ်လို့ 
မရတာကို နှမျောနေလဲအလကားပဲလေ။ ထမင်းစားပျက်မခံဘူး။ တန်ဖိုးမထားလို့ မဟုတ်ဘူး။ တရား
သဘောလဲ မမှတ်ချင်ဘူး။ ဘယ်လိုမှကိုသဘောမထားပဲ စိတ်ထဲကဖျောက်လိုက်တာ။ အစုတ်နဲ့ ပဲ
တန်တယ်တဲ့ ။ ဟုတ်တယ် အစုတ်နဲ့ ပဲတန်တယ်။
မရဘူး။ အဲဒီလို ဇဝေဇဝါ ဖြစ်နေတာ။ ဘာမှန်းကိုမသိဘူး။ ရှိတာကမလောက်ဘူး။ ဘယ်လိုလုပ်မလဲ။
ထားလိုက်ပါ။ အချိန်တန်တော့လဲ ဖြစ်လာမှာပေါ့။ လင့်တွေကြည့်တယ်။ စစ်တယ်။ မဆိုးဘူး။
ကြိုက်တယ်။ ကြိုက်ရင်ဝယ်တဲ့ ။ လွယ်တယ်နော်။ ဘာလဲမသိပါဘူး။ မိုက်တီးရိုက်ချက် မကြာမှီ
လာမည် မျှော်။
ဟိုနေ့ က ၅ယောက် တောထဲသွားကြတယ်။ ပိုးတွေနဲ့  ဆိုတော့ ကွက်တိပဲ။ ပထမ ကားစီးတယ်။
ဒုတိယ ရထားစီးတယ်။ တတိယ အငှားကားစီတယ်။ နေရာရောက်တယ်။ ဘယ်သွားရမှန်းမသိဘူး။
မြေပုံကြည့်တယ်။ တွေ့ တယ်။ တွေ့ တဲ့ အတိုင်းသွားတယ်။ တက်တယ်။ သတို့ သ္မီးနဲ့  သတို့ သား
outdoor ရိုက်နေကြတာတွေ့ တယ်။ လှတယ်။ ပိုးတွေရိုက်တယ်။ တောလမ်းအတိုင်းတက်တယ်။
ပူတယ် မောတယ် ချွတ်တယ်။ ချွေးတွေထွက်တယ်။ sexy ပုံတွေရိုက်တယ်။ မောတယ်။ ရေငတ်တယ်။
ရေယူမလာမိဘူး။ ခဏခဏ ထိုင်နားရတယ်။ လာမိတာမှားတယ်လို့  တွေးမိတယ်။ ရောက်မှတော့
မထူး တက်တယ်။ တောင်ထိတ်ရောက်တယ်။ ကြိုးတံတားပေါ်တက်တယ်။ ရိုက်တယ်။ ပိတ်နေပြီဆို
လို့  ပြန်ဆင်းလာခဲ့ တယ်။ အပြန်ကတလမ်း ဆင်းတယ် ဒူးတုန်တယ်။ ရေငတ်တယ်။ စိမ့် စမ်းရေလေး
ပိုက်နဲ့ ခံထားတယ်။ ခြေမဆေးဘူး။ ရေဆာတယ်။ သောက်တယ်။ အဝ။ ပြန်ဆင်းတယ်။ အောက်ရောက်လာတယ်။ အငှားကားမရှိဘူး။ လမ်းထိပ်ထိလျှောက်ပြန်တယ်။
ဟင်းသရို့ ချူခေ့သာ။ အငှားကားငှားတယ်။ ဘူတာရုံသွားတယ်။ အချိန်ရှိခိုက် ငိုက်တယ်။ မအိပ်တာ၂ရက်ရှိပြီ။ ပင်ပန်းတာထက် ပင်ပန်းတယ်။ ရထား ၃ဆင့်  ကားတစ်ဆင့်စီးပြီး ပြန်ရောက်တယ်။
အလုပ်ပြန်ဝင်ရတယ်။ ဘာမှမလုပ်ဘူး။ ထိုင်ငိုက်တယ်။ ၁၂နာရီထိုးတော့ပိတ်တယ်။ စောစောအိပ်လိုက်
တာ အဲဒီတခါပဲ အိပ်ရတာအရသာအရှိဆုံး။
ဝယ်ပေးတာနဲ့  ဒီဂျီနဲ့ ပြန်တက်နေတာ။ ကျေးဇူးတင်ရှိသူများအားလုံးကိုကျေးဇူးတင်ရှိပါသည်။
နောက်တပတ် လည်လည်သွားဖို့  ရှိသေးတယ်။ တနေရာရာပေါ့။ မအိပ်လည်းနေပါစေ သွားချင်တယ်။
စိတ်ကို လည်လည်ထွက်ခွင့်တဲ့ သဘော။ ဒီမှာဒီလိုနေမှ တော်ကာကျမယ်။ မဟုတ်ရင် ရူးသွားနိုင်တယ်။
တခါတလေ ပျင်းတယ်။ ဘာတွေမှန်းမသိဘူး။ ဖုန်းလေးကိုင်ကြည့်တယ်။ နံပါတ်တွေကြည့်တယ်။
ပုလင်းလေးတလုံးကို ခေါ်ခေါ်ကြည့်တယ်။ အရင်လိုပါပဲ။ ပြန်ချလိုက်တယ်။
အရင်လို အတွေးတွေနဲ့  အချိန်တွေက တိမ်တိုက်တခုလို လွင့်ပျယ်သွားလိုက်တာ။
လှပသလိုလိုနဲ့  အဲဒီတိမ်တွေက ကျွန်တော်အတွက်တော့ အကျီးတန်လွန်းတယ်။
မုန်းချင်မိတယ်။ အဲဒီတိမ်တွေ။ ဒါပေမယ့် အရာရာတိုင်းကတော့ ဟောဒီဦးနှောက်ကြီး မပျက်စီးသရွေ့ တော့
အမှတ်တရဆိုတာတွေကို အလွတ်မကျက်ပဲ သိမ်းထားမိအုံးမှာပါ။
တစ်ယောက်ကမေးသေးတယ် စာပို့ လာပြီး သူကမေးတယ် ၈.၆ ကိုသတိမရဘူးလားတဲ့  ။
ဟင် တခါတလေတော့သတိရတာပေါ့လို့ ။သိတယ်မဟုတ်လား ဘယ်လိုပြောရမလဲ မသိဘူးလေဒီအတိုင်းပဲထားလိုက်တော့တယ်။ မချစ်တော့လို့  မဟုတ်ဘူး သတိမရတော့လို့ မဟုတ်ဘူး
မလွမ်းတတ်တော့လို့ မဟုတ်ဘူး တခါတလေတော့ မိုးတွေကသည်းသည်းမည်းမည်းပါပဲ။
သွားတော့မယ်
ဒီနေ့ လား မနေ့ ကလိုပဲလေ။ ဘာလို့ မရတာလဲ မသိ
ထမင်းမစားပဲနေတာမရဘူး ဗိုက်ကခဏခဏ ဆာနေတယ်။
ထမင်းချက်ရတာပျင်းတယ်။ရှိတာပြုတ်သောက်တယ်သောက်တုန်းခဏတော့ဗိုက်တင်းတယ်။ မကြာဘူး ပြန်ဆာတယ်။
6 comments:
2ရက်လောက်အိပ်ရေးပျက်တာ စာဖွဲ့နေသေး...ဒီမှာ
မအိပ်ရတာ တပတ်ရှိဘီ..နက်ဖြန်၊သဘက်ခါ၊ဖိန်းနွဲခါလည်း
အိပ်ရမှာမဟုတ်ဘူး...။ဒီညစောစောအိပ်မယ်စဉ်းစားထား
တယ်...။ကိုယ်က ကြားကနှမြောနေတာ...၊နမော်နမဲ့နိုင်
တာကိုး....၊အစုတ်နဲ့ပဲတန်တယ်လို့ ဒေါသထွက်ထွက်နဲ့
တွေးနေမိသေး...၊ဒါကြောင့် 'ူငညန ' နဲ့လည်းခေါ်မရ၊
တ့အေစေ နဲ့လည်း မတ်စိမရဖစ်နေတာကိုး....။ပြီးမှ
ပြန်တွေးမိတယ်....၊အစုတ်ပဲတန်တဲ့လူရယ်၊အကောင်း
နဲ့ပဲတန်တဲ့လူရယ်လို့လောကမှာမရှိပါဘူးလေ...၊ဘယ်
သူက အဆိုးနဲ့ကြုံချင်မလဲလို့....၊အိုးလေးတွေကကောင်း
ပါတယ်.....ကြုံသလိုထားလို့ တန်ဖိုးမဲ့သလိုဖြစ်နေတာ...။
ဗိုက်ခဏခဏစာရင် ရေသာသောက်နေ...ဒါပဲ...။
ဖဘ ကဒါ့ပုံတွေကို ဖဘကနေမဟုတ်ပဲ တွေ့လိုက်ရ
တယ်....မျက်မှန်းမဲကြီးတတ်ပြီး အင်းကျီဟပြဲနဲ့စက်
စီကျနေတဲ့တစ်ယောက်ပုံတွေတွေ့လိုက်ရတယ်။
"ုသာ "က မိုးအုံ့ဂျီးတပ်ထားရင် လှတယ်ဆိုတာနဲ့
မချွတ်တော့ဘူးလားလို့ မေးလိုက်စမ်းဘာအေ....:P
ကျန်ခဲ့တယ်ပြောဖို့....ပုလင်းတစ်လုံးကိုခေါ်တယ်လား...
အင်း....ကိုယ်တော့ ပုလင်းမဟုတ်ဘူး...သံဘူးဖြစ်နေဘီ။
အင်.. Sexy ပုံတွေရိုက်တယ် ဆိုပဲ..
ကြည့်ချင်တယ် :P :P
ရင်တွင်းခံစားချက်တွေကို အပီအပြင်ထုတ်ဖော် သွားတာပါလား ကိုဖြိုးရေ။ ရိုက်ချက်လေးတွေအားပေးသွားတယ်။ ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့အနီးကပ်ဆုံး လက်တစ်ကမ်းမှာရှိတယ်တဲ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိုးကောင်းမကောင်း ကွကိုယ်မှန်ကြည့်ကြည့်လေ ဟိဟိ..။
ဖြိုးမောင်ရေ
ပုံလေးတွေနဲ့အတူ စာလေးတွေ ခံစားချက်တွေ
လုပ်ဆောင်ချက်တွေ ဖော်ပြရေးသားထားတာ
ဖတ်လို့ကောင်းထှာ။
အားပေးတွားတယ်။
ခင်တဲ့
မကြီးလွမ်း
Post a Comment