Pages

Thursday, July 19, 2012

အအေးမိနေတဲ့ ကဗျာ


ညတွေကရှည်လွန်းတယ်ကွယ်
တနေ့ တနေ့  လွမ်းရတာလဲ အမော
အခန်းကျင်းလေးထဲ 
ငါ့စိတ်တွေ ကျပ်နေတယ်။

မိုးချုပ်လို့  နေဝင်တာ
ငါနဲ့ မဆိုင်တော့သလိုလိုပဲ
နွေးထွေးမှုတွေ အရင်လိုလဲ
မရှိတော့ပါလားနော်။

လူတွေဘာလို့ 
မိုးချုပ်နဲ့ နေဝင်အကြား
ပြေးလွှားရုန်းကန်နေရသလဲ
ငါ့စိတ်တွေ လွတ်သွားတယ်။

ဘာကိုမှမစဉ်းစားချင်ဘူး
အတွေးထဲတော့
ရောက်ရောက်လာတယ်။

မိုးတွေရွာနေပေမယ့်
နေရတာချောက်ကပ်လွန်းတယ်
အချိန်ရာသီတွေကတော့
နာရီလက်တံပေါ် တွဲလွဲခိုလို့ ။

နှင်းဆီရပ်ဝန်းမှာ
ရေးမိတဲ့ ကဗျာတွေလဲ
လွင့်စင်ကျကွဲ
မိုးရေထဲ ရွဲရွဲစိုလို့ 
လက်ဖျားတွေအေးစက်နေခဲ့ တယ်။

ဒီလိုပါပဲ
လောလောဆယ်
ငါ့နေ့ ညတွေ
အအေးမိနေတယ်။


4 comments:

Candy said...

ကျန်းမာရေး ဂရုစိုက်ခိုင်းလိုက်ပါနော်..
အအေးမမိစေနဲ့ :D

Cameron said...

အအေးမိလဲ ကဗျာဖြစ်တာပဲ....

စံပယ်ချို said...

တနေ့ တနေ့  လွမ်းရတာလဲ အမော
အခန်းကျင်းလေးထဲ
ငါ့စိတ်တွေ ကျပ်နေတယ်-----
အဲတာကြောင့်ထင်တယ်
ကဗျာ လေးအအေးမိနေတယ်
နွေးနွေးထွေးထွေးထားပါလို့
ခင်တဲ့ စံပယ်

အလွမ်းမြို့ said...

ဖြိုးမောင်ရေ။

မကြီးတော့ ဒီနေ့ အကုန်မွှေနောက်ခဲ့တယ်။

နှင်းဆီရပ်ဝန်းမှာ
ရေးမိတဲ့ ကဗျာတွေလဲ
လွင့်စင်ကျကွဲ
မိုးရေထဲ ရွဲရွဲစိုလို့ 
လက်ဖျားတွေအေးစက်နေခဲ့ တယ်။

ဒီလိုပါပဲ
လောလောဆယ်
ငါ့နေ့ ညတွေ
အအေးမိနေတယ်။


*** တကယ့်ကဗျာကောင်းလေးပါဘဲ***
အားပေးလျှက်


မကြီးလွမ်း