Pages

Saturday, July 21, 2012

ငါက ခွေးဝဲစားတစ်ကောင်ပါ

လူတချို့  မကောင်းဘူး
လည်လွန်းတယ်  တတ်လွန်းတယ် သိလွန်းတယ်
ကိုယ်က အားနာတတ်တယ်  ပြန်မပြောချင်လို့ မဟုတ်ဘူး
ပြောချင်တယ် ။  ယှဉ်ပြောနေရင် ကိုယ်ပဲရိုင်းနေမလားလို့ 
တွေးပူမိတယ်။  ကိုယ်နဲ့ သိနေတဲ့ သူတွေကြားထဲ  နောက်ဆုံးတော့ ကိုယ်ပဲရိုင်းနေလိမ့်မယ်။   ဟုတ်တယ် မပြောဘူး။
ကြိုက်သလိုထင်ပေါ့။   ကိုယ်ကပဲမှားတယ်လို့  မှတ်လိုက်မယ်။   ဘယ်သူမပြု မိမိအမှုပေါ့။  မှတ်သွားပြီ
မူးရင်မရစ်တတ်ဘူး   မူးပြီးရစ်တာလဲ မကြိုက်ဘူး။  နေသာသလိုနေပါ။   ထင်မထားမိဘူး   တကယ်။    အံ့သြလွန်းလို့   ပါးစပ်ဟနေမိတယ်။   အာခေါင်တွေတောင်ချောက်လာပြီ။   ရေသောက်လိုက်အုံးမယ်။
လူက အိပ်ရေးကမဝတာနဲ့  လာလာစားနေတယ်။   အာရုံပဲ။      ဟာသတွေ လာမပြောနဲ့     ငါမရယ်ချင်ဘူး။
ကိုယ့် အထာကို နေပါရစေ။    



6 comments:

mstint said...

ရင်ထဲကခံစားချက်တွေပွင့်အံလိုက်ပြီမို့ ဦးနှောက်ထဲကလည်း ထုတ်ပစ်လိုက်တော့ ကိုဖြိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ဖြစ်တတ်ပါတယ် လူတစ်ကိုယ်စိတ်တစ်မျိုးနဲ့ လူဆိုတာ အရူးမျိုးပဲလေ... စိတ်လျှော့ပါ ဖြိုးရယ်...
စိတ်နဲ့အကုသိုလ်မရှာချင်စမ်းပါနဲ့။(အဟဲ...သများကိုပဲ တရားချတတ်တာ ကိုယ်တိုင်ကတော့ ဒေါသအချောင်းလိုက်ထွက်တတ်သူ)

Crystal said...

သနားစရာလေးဟယ် ခွေးလေး က ....။

“ဟုတ်တယ် မပြောဘူး။
ကြိုက်သလိုထင်ပေါ့။” အဲလိုနေတာ ကောင်းတယ် :)

Candy said...

ရီပါ ဒီလို
ဝါးဟားဟားဟားဟား ဟီးဟီး :P

ဖြိုးမောင်မောင်(CTM) said...

LOL........

အလွမ်းမြို့ said...

ဖြိုးမောင်ရေ

ဘာတွေ အန်ချလိုက်တာလဲ။
တစ်ခုခုတော့ တစ်ခုခုဘဲ။
အားပေးသွားတယ်။


မကြီးလွမ်း