ဖတ်ကြည့်လိုက်ပါ။ ဘာတွေရေးထားသလဲဆိုတာ သိရမယ်။
ရေးစရာတွေက အများကြီး။ ရေးမယ် ရေးမယ်နဲ့ 
မရေးဖြစ်ဘူး။ ခုမှရေးဖြစ်ဖို့  အကြောင်းဖန်လာတော့တယ်။
စာဖတ်သူ စိတ်ဝင်စားတယ်ဆိုရင်တော့ ရေးမလားလို့  စိတ်ကူးတာပဲ။ စာဖတ်သူ စိတ်မဝင်စားပဲ ရေးလဲအလကားပဲ
လို့ တော့မသတ်မှတ်ပါဘူး။ ရေးတာကတော့ရေးရမှာပဲလေ။
ဖတ်နေပြီလား။ နေအုံး ဘာမှမရေးရသေးဘူး။ ခနလေးစောင့်။ ရေးဖို့  အရှိန်ယူနေတာ။ ဖတ်ဖြစ်အောင်
ဖတ်ဖို့ တော့ တိုက်တွန်းချင်တယ်။ ဘယ်လိုဖတ်ရမလဲဆိုတာတော့ choice ပဲလေ။ ကျောင်းမှာစာဖတ်သလိုလဲ ဖတ်လို့ ရတယ်။ အိမ်မှာစာဖတ်သလိုလဲ ဖတ်လို့ ရတယ်။ ကျူရှင်မှာ စာဖတ်သလိုလဲ ဖတ်လို့ ရတယ်။ ချစ်သူကို ဖက်သလိုလဲ
ဖက်လို့ ရတယ် ......... အို............မှားကုန်ပြီ ;D ၊၊
ဘယ်ရောက်သွားပါလိမ့် ။
ဖတ်နေပြီလားဟင်။ မဖတ်နဲ့ အုံးဆိုတာကို ပြောလို့ မရပါလား။ ဒီအထိလိုက်ဖတ်နေတာ မဟုတ်လား။ သိတယ်နော် :D
တကယ်တော့ ကျွန်တော်က မဖတ်စေချင်ဘူး။ တကယ်
ပြောတာ ။ ဘာမှ မရေးရသေးတာကို လိုက်ဖတ်နေတာကိုး။
အရမ်းစိတ်ဝင်စားသလားဟင်။ ဘာတွေရေးမလဲလို့  ဆက်ဖတ်လာလိုက်တာ စာကတော်တော်များနေပြီနော်။
ပြောလို့ ပြောတာမဟုတ်ဘူး ဘလော့ကိုလာလည်နေတဲ့ သူတွေအားလုံးကို ခင်တယ်။
ခုရေးနေတဲ့  စာကို အားလုံးကိုဖတ်စေချင်တယ်။ စားရေးဆရာလဲ မဟုတ်ပဲနဲ့  ဘာလို့ များ ရေးချင်နေမိသလဲ
ဆိုတာ ကိုယ့်ကိုကိုယ်လဲမသိဘူး။ ရေးတာကတော့ ရေးရမှာပဲလေ။
ဒီလိုလေးရေးရမှ နေသာထိုင်သာရှိတာ။ အခု ဘာမှမရေးရသေးဘူးနော်။ ဒီအထိလိုက်ဖတ်နေတာလား။
ခက်ပါတယ် ။ ဘယ်လိုပြောရမှာလဲ ။ ဘာမှမရေးရသေးဘူးဆို ။ မြန်မာလို ဘယ်လိုထပ်ပြီးရှင်းပြရမှာလဲ ဟင်။ ဇွတ်ပဲ ။ နေပါအုံးဆိုတာကို ဟိုးးးးးး အပေါ်ကနေ ဖတ်လာလိုက်တာ အခု ဒီအထိရောက်လာပြီ နော်။
မတားချင်တော့ဘူး။ စိတ်မရှည်တော့ဘူးနော်............
မြန်မာလို
အကျယ်ကြီးအော်ပြောလိုက်တော့မယ်
ဘာမှမရေးရသေးဘူး
7 comments:
အေး........ရေးတော့မှ လာမန့်တော့မယ် ဒါပဲ
:D
မဖတ်ရသေးပါဘူး.....ရေးကြည့်နော်.....ဖတ်ကြည့်မယ်..
ဖတ်ကောင်းရင်လာဖတ်မှာပေါ့....
အဆုံးထိလည်းဖတ်ပြီးပြီးရေးတော့နော် ။မြန်မြန်
ဖတ်ဖို့စောင့်နေတယ်
အစ်ကိုရဲ့စာဖတ်ပရိတ်သတ်း)
သူ့ဟာက နိဒါန်းနဲ့တင် ပြီးတွားတယ် >.<
မဖတ်နဲ့ဆိုလို့ အဆုံးထိဖတ်သွားတယ် ဘရိုရေ...ဟိဟိ..။
ဟင့်..နောက်တယ်..သူ..:P
ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာား)
Post a Comment