ကောင်းကင်ကြီးအောက်မှာ လှပတဲ့  အရာတွေက မြင်နိုင်မှတွေ့ ရတတ်တယ်။ တစ်ခါတလေ ကိုယ်တိုင်က သတိမထားမိတွေ အများသားပဲ။ တကယ်ကို လှပတယ်။ သင်က ဘာကိုမြတ်နိုးသလဲ ? အလှအပတွေကတော့ ဟောဒီကောင်းကင်ကြီးအောက် ပွစာကြဲလို့  ။
တမိုးအောက် တစ်ယောက်တည်းဆိုရင် သင် ဘယ်လိုနေမလဲ ? ချောက်ခြားစရာတော့ အကောင်းသား ။
တိတ်ဆိတ်ညိမ်သက်ခြင်းအချို့ နဲ့  မှောင်မိုက်တဲ့ ညတွေ သင် ဘယ်လိုကျော်လွှားမလဲ ? ကျွန်တော်ကတော့
နေသားကျနေပြီ ။ ညတွေညတွေက အမြဲမှောင်နေတယ်။ ထူးခြားတာတခုက သူများနေ့ ဆို ကိုယ့်အတွက်တော့ ညပဲ။ လူတကာတွေလင်းနေပေမယ့် ကိုယ့်အတွက်တော့ ညချည်းသက်သက်သာ
အပင်မြင့်လေ လေတိုက်တာပိုခံရလေပဲ သင့်ရဲ့ အပင် ဘယ်လောက်မြင့်နေပြီလဲ ။ လေဘယ်လောက်
တိုက်နေပြီလဲ။ မိုးလေဝသသတိပြုပါ ။ ပုံ ////////// ဇလဗေဒညွှန်ကြားမှုဦးစီးထာန
အချစ်ဆိုသည်မှာ........................................... ?
**တိမ်တွေငိုတဲ့  ည**
------------------------
သတိရတယ်လို့ ပြောရင်ယုံမလား
ကောင်းကင်ပြာကြီးအောက်
မြေပြင်ကျယ်ကြီးအောက်
အလွမ်းတွေတခေါက်ပြီးတစ်ခေါက်နားခဲ့ ဖူးတယ်။
ရင်ဘက်ကြီးကို မောလို့  ။
စိတ်တွေက ကြားခံနယ်အဖြစ်နဲ့  အခါခါ
အရည်ပျော်ခဲ
့ရတယ်။
နီရဲနေတဲ့  နှလုံးသွေးတွေကတော့
ပွက်ပွက်ဆူလို့ 
စိတ်တွေ
အရည်ပျော်လိုက်မိတာ
ခပ်ကျဲကျဲပဲကျန်တော့တယ်
ရင်ဘက်ကြီးထဲကတော့
ခပ်တိုးတိုးရေရွတ်နေမိတယ် ။
အချစ်ဆိုတာ ကိုယ့်အတွက်တော့ အိပ်မက်ပါ။
အဲဒီအချိန် မှိုင်းညို့ နေတဲ့ 
တိမ်အချို့ က ငိုချလိုက်တယ် ။အဲဒီည ကိုယ့်အလွမ်းတွေ စိုရွှဲလို့  အိပ်မက်တွေ အအေးမိခဲ့ တယ်။
ပန်းပွင့်များဧ။် နိဂုံး
လိုချင်တာတွေရှိသည်။ လိုအပ်တာတွေရှိသည်။ သင် ဘယ်အရာကို ရွှေးမလဲ။
သင့် အတွက် လိုအပ်သလိုလို လိုချင်သလိုလိုနဲ့ တော့ မရွှေးလိုက်ပါနဲ့  ။ ခရီးလမ်းကဖြောင့်တန်းပါ့မလား။
စဉ်းစားပါ။ အကွေ့ အကောက်တွေများနေရင်တော့ ခေါက်ထားလိုက်လို့  ပြောပါရစေ။ အချစ်ကို သီးသန့်  ရှင်းရှင်းလေး ထားလိုက်ပါ ။ သင်သည် အချစ်နဲ့  ပျော်မွေ့ နေမည်သာ ။
သူကပြောတယ် ကိုယ်ပိုင်အလင်းရောင်ရှိပါစေတဲ့ .။
ကြိုးစားနေဆဲပါ။
သင်သည် အလှအပကိုသာမြတ်နိုးပါသလား။ ဖြေပါ ။
7 comments:
ဂလိုရှိတယ်ဟ......သစ်ပင်မြင့်လိုလေ့တိုက်ခံရတာက ခံသာ
သေးတယ်....၊သစ်ပင်နိမ့်နိမ့်တွေကို ခွေး တေး နဲ့ပန်းသွား
တာက အတော်ခံရခက်တာ......:P
ဒါနဲ့ နင့်အိမ်မက်တွေအအေးမိနေသလား....၊ပါရာနဲ့စီဗစ်
သောက်လကွယ်.......:))))
ာပြန်ပြီ ပါရာနဲ့စီဗစ် :)
မြတ်နိုးပါတယ် မကိုးကွယ်ပါဘူး :)
သဘာဝအလှတွေကို ကဗျာလေးနဲ့အတူ နှစ်သက်စွာ ကြည့်ရှုခံစားသွားတယ် ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တိမ်တွေငိုတဲ့ညဆိုလို့ ကြားဖူးသလိုလိုပဲဖြစ်နေတာ ကိုယ်ရေးတဲ့ အက်ဆေးနဲ့ခပ်ဆင်ဆင်သွားတူနေတာကို တိမ်တွေငိုတဲ့နေ့တဲ့...။
ကဗျာလေးသဘောကျတယ်..
အလှအပကို မြတ်နိုးလား မေးရင်
မြတ်နိုးပါ၏... အထူးသဖြင့် ရှုခင်းတွေ ပန်းတွေပေါ့..
အလှအပကိုသာ မြတ်နိုးလားဆိုရင်တော့..
ဟင်းး ဖြေတတ်တော့ဝူး :P
ဖြိုးမောင်ရေ
မကြီးလွမ်း လာရောက် အားပေးတွားတယ်။
ပန်းအလှတွေကြည့် ပုံလေးတွေ ကြည့်ပြီး
ကဗျာလေးတွေ အားပေးတွားတယ်။
မကြီးလင့်ပြန်ချိတ်လိုက်မယ်နော်။ဟိုတလောက
တန်းပလိတ်ပြောင်းလိုက်လို့..
ခင်တဲ့
မကြီးလွမ်း
Post a Comment