အချိန်တွေက စောင့်ရင်ကြာတယ် မစောင့်ရင်မြန်တယ် လမ်းပေါ်ကကားတွေကတော့ မောင်းမှသွားတယ်။
ကိုယ်တိုင်လဲ တစ်ခါတစ်လေ ကိုယ်ကိုကိုယ် ပြန်မောင်းနှင်နေရတယ်။ ဟိုနေ့ ကတော့ ကလမ တို့ 
ဆိုင်ဘက်ရောက်တုန်း စာအုပ်တစ်အုပ် ဝယ်လာခဲ့ တယ်။ ဖတ်မလို့ က စာအုပ်ခေါင်းစဉ်ဖတ်ပြီး ပျော်သွား
လို့  ခုထိမဖတ်ဖြစ်သေးဘူး။ သူငယ်ချင်းတစ်ယောက်က ပြန်မလာခင် လက်ဆောင် စာအုပ်လေးတစ်အုပ်
ပေးလာသေးတယ်။ လမ်းမှာမိုးရေတွေစိုပြီး တစစီဖြစ်ကုန်ပြီ မနေ့ ကမှ ပြန်ပြီ စတာပလာနဲ့ ပြန်ညှပ်ထား
ရတယ်။ မဖတ်နဲ့ နော်တဲ့  မရဘူး ဖတ်လိုက်တယ်။ တစ်ယောက်တည်း စပြုံးတယ်။ ပြီးတော့ ဘာဖြစ်လဲ
သိလား ရယ်တယ်လေ။ ရယ်ရလားလို့ မမေးနဲ့  မဖြေဘူး။ ဟာသစာအုပ်လားလို့  မမေးနဲ့ 
မဟုတ်ဘူး။ ဒါဆိုဘာလဲ မပြောဘူး။
ကျွန်တော် တစ်ခုခု လုပ်ရတော့မယ် သိနေတယ် လုပ်ကိုလုပ်ရမယ်။ အဲလိုရထားဘူတာရုံမှာ တစ်ခေါက်လောက်တော့ သွားပြီး အရက်တစ်လုံးထောင် ဆေးလိပ်ခဲပြီး အရူးတစ်ယောက်လို နေနေ
လိုက်ချင်တယ်။ ပြီးရင် ဖုန်လေးမှုတ်ထုတ်ပြီး ကြမ်းပြင်မှာလှဲ လောကကြီးနဲ့  အဆက်အသွယ်ခနဖြတ် အိပ်မက်တချို့  ကို မက်လိုက်မယ်လေ။ အဲဒါ အရူးအိပ်မက်။
မနှစ်က ကျွန်တော် ပိန်တယ် အသားလည်းနဲနဲဖြူတယ်။ ဒီနှစ်ကျတော့ လူက ဘာပုံပေါက်နေမှန်းမသိဘူး
အဲဒါနဲ့  ကိုယ့်ကိုကိုယ် ပြန်မကြည့်ချင်တော့ဘူး။ ဆီမလိမ်း ခေါင်းမဖြီး မှန်မကြည့်ဖြစ်တာကြာပေါ့။
ဒီလိုနဲ့  ကျွန်တော့်ကိုမြင်ကြတဲ့ သူတွေလဲ နှာခေါင်းရှုံ့ ကြရဲ့ ။ အဲဒါမှ ကိုယ်နေချင်သလို နေလို့ မရမှန်း
သတိပြန်ဝင်လာတယ်။ အရေးထဲ ဟောဒီမျက်နှာမှာ ပေါက်လိုက်ကြတဲ့  ဝက်ခြံ ပိုးစိုးပက်စက်။
သတိရတိုင်းလဲ ရေသောက်နေဆဲပါ။ ပထဝီ အာပေါ ဝါယော တေဇောတွေလဲ ညီမျှပါလျှက် အဘယ့်
ကြောင့် ပေါက်ရသနည်း။ အချဉ် အငံ အစပ်လဲ ဟုတ်တိပတ်တိ မစားဘူး။ ညွန်ပြလေကုန်သော နည်း
လမ်းတွေလဲ မရဘူး။ သူကတော့ ဖုပ်လေသည်ငပိ ရှိသည်ဟုပင်မထင်။ မထူးပါဘူး ကျွန်တော် လက်
လျှော့လိုက်တယ်။ မခဥမ ပြောသလို ငါ့မျက်နှာ ငါပြန်မကြည့်ဘူး။ အဲဒီတော့ ငါ့မျက်နှာ
ကိုလဲ မကြည့်ကြပါနဲ့ ။
တခါတလေ လူက စိတ်ဖောက်လာတယ်။ ခနခနလဲ ဗိုက်က ဆာနေတယ်။ မစားဘူး နေကြည့်တယ် မရ။
ချက်စားရတာ တကယ်မလွယ်မှန်း သိလာတယ်။ တစ်ယောက်တည်းဆိုတော့လဲ ဖြစ်သလိုပဲစားလိုက်
တော့တယ်။ ချက်ရတာက အလုပ်ကများတယ် စားတော့က တစ်ယောက်တည်း ပင်ပန်းတယ်။
သူကတော့ ချက်ကြွေးမယ်တဲ့ ။ မလိုပါဘူး ချက်တတ်တယ်။ ကျေးဇူးတင်တယ်။အမေ သားရဲ့ 
ထမင်းဝိုင်းလေး ချောက်ကပ်နေတာ အမေ့ကိုသားမပြောပြဘူး။ အမေမေးရင် အဆင်ပြေတယ်ပဲ
သားပြောမယ်။
ရောက်လာကတည်းက အိမ်ကိုဖုန်းမဆက်ဖြစ်ဘူး သူ့ အိမ်မှာပဲနေပြီး သူကြွေးတာစားနေခဲ့ ရတယ်။
အလုပ်မှမရှိတာကို ကျေးဇူးတင်တာထက် တင်တယ်။ အလုပ်လဲရပြီလေ အိမ်ကိုဖုန်းဆက်လိုက်တယ်။
အမေ့သား အသဲ မမာသေးဘူး အမေ။ မခဥမကတော့ အသဲမာတယ်တဲ့ အမေ။ ပြီးတော့သူကပြောသေး
တယ်။ ဘာတဲ့  အချစ်တွေလဲများတယ်တဲ့  သားလဲများချင်လိုက်တာအမေ။ တော်ပါပြီ ထိုင်ရာကမထချင်ဘူး။ အမေ့ ဆီဖုန်းဆက်တော့ တခါမှ ဘာမှမဖြစ်တဲ့ အမေ့ သား ဒီတခါတော့
အမေ့ အသံကြားလို့  မျက်ရည်လည်နေမိတယ်ဆိုတာ အမေသိပါလေစ။ ဆို့ တက်လာတဲ့  မျက်ရည်တွေ
ကို အသာလေးသုပ်ပြီး အက်ကွဲနေတဲ့  အသံကို ထိမ်းချုပ်လို့  အမေ နေကောင်းလားလို့  တိုတိုနဲ့ လိုရင်း
ပဲမေးလိုက်မိတယ် အမေ။ အမေပြောသမျှ ဖုန်းထဲမှာနားထောင်ရင်း ပိုက်ဆံကုန်လို့  ဖုန်းကျသွားခဲ့ တယ်။
အမေသိလိမ့် မယ်ပေါ့ ပိုက်ဆံကုန်သွားတယ်ဆိုတာ။
ဟောဒီရင်ထဲမှာတော့ အလွမ်းတွေမကုန်။
ဒီအတိုင်းပဲဆက်မောင်းလေ ကွေ့ ပတ်ပြီးရှောင်ချင်လို့ လား။
ကောင်းသောညပါ။ good night.
ကျွန်တော် အဲလိုလေးပဲနုတ်ဆက်ချင်တယ်။
ကျွန်တော့်ကိုလည်း နုတ်ဆက်ဖို့ မေ့ သွားမလား။
8 comments:
မှန်လိုက်တာ ကိုဖြိုးရေ ကားဆိုတာမောင်းမှ သွားသလို တစ်ခါတစ်ရံ ထုံထိုင်းနှေးကွေးနေတဲ့ ကိုယ့်ကိုယ်ကိုလည်း မောင်းပေးမှ လှုပ်ရှားမှုသွက်လာတား) သဘာဝကျကျ ရိုက်ချက်တွေ ကောင်းလိုက်တာ ဂွတ်နိုက်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အချိန်တစ်ခုမှာ လူတိုင်းလိုလို ဖြစ်တတ်ကြစမြဲပါပဲ၊ ဒီကာလကို လွန်မြောက်ရင် ကိုဖြိုးလည်း အသဲမာနိုင်ပြီပေါ့း)
ကောင်းသောနံနက်ခင်းပါ (မနက်ရောက်မှ လာဖတ်လို့)
မောနင်း.....:):) နောက်ကျသွားလို့..
ဂါတ်တညပါ မစုတ်ဖွားတော့တဲ့ စုတ်ဖွား.....၊အိမ်ပြန်ချင်
တယ်....၊ဘူတာရုံမှာတော့ အိပ်ချင်ပါဘူး...၊ခြံလေးတစ်ခြံထဲ
က တဲလေးတစ်လုံးထဲမှာ အရက်မူးအောင်သောက်၊ဆေး
လိပ်လေးဖွာ...၊ပြီးဖြာလေးပေါ်မှာ တစ်ရေးလောက်အေး
အေးဆေးဆေးနှပ်ချင်တယ်...၊ဒါ့ပုံတွေကပြောစရာမရှိ
လွှတ်ကောင်းအိ.....၊
ဘာစာအုပ်လဲဟင်...
သူပြောတာတွေ စုံသွားတော့ ဘာမန့်ရမလဲ တိတော့ဘူး.. >.<
သု့စာဖတ်ရင်းနဲ့ သများပါမျက်ရည်ဝဲလာဘီ ဟင့်
မျက်နှာဝက်ခြံပေါက်တာ သုပ်တဲ့မျက်နှာသုပ်ပ၀ါ မျက်နှာသစ်ဆေး သတိထားကြည့်ပါ
ဂျာရစ်
နှုတ်ဆက်ပါတယ် ကောင်းသောညလေးပါ...း))
နှုတ်ဆက်ဖို့ မမေ့လို့ ခုလာနှုတ်ဆက်လိုက်တယ်
ဖြိုးမောင်ရေ။
စာနဲ့ပုံနဲ့ ဖတ်လို့ကောင်းထှာ
မကြီးလွမ်း
Post a Comment