ဘုရားရောက်ဖြစ်ခဲ့ တယ်။ ညနေတိုင်း ဘုရားပေါ်တက်ဖြစ်တယ်။ ဟိုကြည့်ဒီကြည့်နဲ့  ကင်မရာလေးကိုင်လို့  တွေ့ တာတွေတော့ရိုက်တာပါပဲ။ ဘာမှမရိုက်တတ်တော့ ပုံကောင်းတခုမှမရဘူး။ ဒီပုံကတော့ တိုက်ရဲ့ အပေါ်ဆုံးခေါက်မိုးပေါ်တက်ပြီရိုက်ထားတာ။ ပုံတွေကတော့ အများကြီး ။ သူများပုံတွေကြည့်ပြီးတော့မှ ငါဘာလို့  အဲလိုတွေမရိုက်ခဲ့ မိဘာလိမ့် လို့  နောင်တရမိတာ အကြိမ်ကြိမ် ။ ဆုလား .......ဘုရားရောက်တိုင်း ဘာဆုတောင်းရမှန်းမသိဘူး ။ အဖေနဲ့  အမေ ကျမ်းမာပါစေ လူနတ် ဗြဟ္မာ သတ္တာဝါအပေါင်း ကျမ်းမာပါစေ ချမ်းသာပါစေ အစစအရာရာ အဆင်ပြေပါစေလို့ တော့ ဆုတောင်းဖြစ်တယ်။ ပြန်လာခါနီး ဘုရားဈေးတန်းက ဖုန်းထည့်တဲ့  အိပ်လေးတွေ လက်ဆောင်ပေးဖို့ ဆိုပြီး ဝယ်ဖြစ်ခဲ့ သေးတယ်။ ခုထိတော့ ဘယ်သူ့ မှမပေးဖြစ်သေးဘူး ။ သိမ်းထားဆဲပါ ။
ဒီပုံလေးက ဘာရယ်မဟုတ်ဘူး ရိုက်လိုက်တာပါပဲ ။ ပုံတွေပြန်ကြည့်တော့မှ ထူးခြားနေတာတွေ့ ရတယ်။ အဲဒါက ခေါင်းလောင်းတစ်လုံးအပေါ်မှာ ရှိနေတဲ့  ရုပ်တုလေးတွေ။ တခါတလေမှာ ကိုယ်သတိမထားမိတာတွေက ထူးခြားမှုတွေ ရှိနေတတ်တယ်လေ။ ကျွန်တော်သတိထားမိတဲ့ အချိန်မှာ ခံစားမှုတချို့  နက်ရှိုင်းနေခဲ့ တယ်။ ဒီလိုပါပဲ ကြီးကျယ်ခမ်းနားတဲ့  အိပ်မက်တွေနဲ့ ပေါ့။ အခန်းကျဉ်းလေးထဲ ရူးသွပ်နေတယ်လို့  ခနခနအိပ်မက်မက်တယ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မနိုးပါနဲ့ ။
အဲဒီနေ့ က ဖုန်းကဒ်သွားဝယ်တာ ကင်မရာကိုယူသွားတယ်။ ဖိုခနောင့်မပါဘူးလေ ။ ဒါပထမဆုံးစမ်းကြည့်တာ ။ ပုံပေါင်းများစွာရိုက်ရာ ဒီတစ်ပုံသာရလိုက်သည်။ အချိန်နာရီဝက်လောက်ကြာသွားတယ်။ ဆရာတွေကတော့ သိတာပေါ့ ဘာမှကိုမဟုတ်တဲ့ ပုံ။ ဒီလိုပါပဲ တဆင့်ပြီးတဆင့်ပြီးတက်ရမှာပေါ့ ။ လိုချင်တာတွေရှိသည် ။ လိုအပ်တာတွေရှိသည် ။ သတိရတာတွေရှိသည်။ မေ့လျော့တာတွေရှိသည်။ မပြောဖြစ်တာတွေရှိသည်။ ပြောဖြစ်တာတွေရှိသည်။ အိပ်မရတာတွေရှိသည် အိပ်မဝတာတွေရှိသည်။ ရှိတာတွေ မရှိတာတွေ ဖြစ်တာတွေ မဖြစ်တာတွေ အသာထား နေ့ တဓူဝ စိတ်ချမ်းသာချင်တယ်။ အလွမ်းဖြေနေသည် မနှောင့်ယှက်ရလို့  ဆိုတာကို လွမ်းတော့လွမ်းနေတာပဲတဲ့  ဘာကိုလွမ်းမှန်းမသိဘူးလို့ သူကဆိုတယ်။ အဲဒီနေ့ က မအီမလည် အီလည်လည်ပါပဲ။ <3>3>
အနမ်းတပွင့်လို့  ပေးလိုက်တယ်။ ပန်းပဲ.....ပျားကနမ်းမှာပေါ့။ အဲဒီနေ့ က ပြင်ဦးလွင်မှာ တစ်ယောက်တည်း ထုံးစံအတိုင်း ဟိုငေး ဒီငေး ။ နေကလဲပူ ချွေးကလဲပျံ ။ ပန်းတွေကတော့ လှနေတာပါပဲ ။ နှင်းဆီလဲပါတယ်။
အလွမ်းသင့်တဲ့ နံနက်ခင်းတဲ့  ။ တခုခုတော့တခုခုပဲ ဘယ်လိုမှအိပ်မရဘူး။ မျက်လုံတွေကြောင်နေတယ်။ အိပ်ရာထဲဟိုဒီလှိမ့်လို့  အိပ်ပေမယ့် မရဘူး။ မိုးလင်းလာပြီလေ မထူးတဲ့ အဆုံး မအိပ်ဘူးကွာဆိုပြီး ကင်မရာကိုင်ပြီး ဘေးနားက ကွန်ဒိုအပေါ်ဆုံးထပ်ကနေ နံနက်ခင်းရဲ့  ဝတ်လစ်စလစ် အလှကို အမိအရဖမ်းလိုက်တယ်။ အလွမ်းတွေသင့်နေတဲ့  နံနက်ခင်းမို့  ခပ်ဝေးဝေးကနေ ခပ်ဆွေးဆွေးလေးလွမ်းဖြစ်ခဲ့ တယ်။ မှတ်ချက် ....ပုံထဲတွင် ထူးခြားချက်တခုကိုရှာပါ ။
ဒီပုံလေးကိုတော့ MIND လို့ အမည်ပေးလိုက်မိတယ် ။ ခံစားကြည့်ပါ။
အေးချမ်းတဲ့  ဘဝလေးပိုင်ဆိုင်ချင်တယ်။ မေးခွန်းပေါင်းမြောက်များစွာထွက်လာခဲ့ တယ်။ အေးချမ်းသောဘဝဆိုတာ ဘာလဲ ? ဘယ်အရာကို အေးချမ်းသောဘဝဟု ခေါ်သနည် ? အေးချမ်းသောဘဝတွင် မည်သည့် အရာများပါဝင်သနည်း ? အေးချမ်းသောဘဝကို မည်ကဲ့ သို့ တည်ဆောက်မည်နည်း ? အေးချမ်းသောဘဝကို တည်ဆောက်ရာတွင် မည်သည့် အရည်အချင်း အရည်အသွေးများလိုအပ်မည်နည်း ? အေးချမ်းသောဘဝကို ကျွန်ုပ် တည်ဆောက်နိုင်မည်လော ? စသဖြင့်မေးခွန်းပေါင်းများစွာ ထွက်လာတယ်။ ကျွန်တော် အာရုံနောက်သွားတယ်။ အဲလောက်အထိဥာဏ်မမှီဘူး ။
သထေးတွေများ ချမ်းသာလိုက်ကြတာ ။ ဘာလုပ်လုပ်ကို ဖြစ်နေတော့တာပဲ မရှိတဲ့ သူကြတော့လဲ ဘာလုပ်လုပ် ဘယ်တော့မှ ပိုမလာဘူး ။ ဒါလားလောက ။ ငွေကို ငွေနောက်လိုက်ရင်း မျောသွားကြတဲ့ သူတွေလဲ ဒုနဲ့ ဒေး ။ ငွေနောက်လိုက်ရင်း ငွေဆိပ်သင့်ကြ ငွေရှိရင်လုပ်သမျှဖြစ်တယ်တဲ့ လား ။ ဖြစ်သမျှကိုသာလုပ်ပါကွာ ။လုပ်သမျှ ဖြစ်မယ်လို့ မပြောကြေး။ တမိုးအောက်တည်းနေကြတာခြင်းတူတူတောင် ကောင်းကင်ကအရောင်တွေတူမှမတူကြတာပဲ။ တချို့ ဘဝတွေ ခါးကုန်တော့တာပေါ့။
(ညီမလေး = မြသူဇာအောင်)
ချစ်လှစွာသောညီမလေး
ကြည်လင်တဲ့ ကောင်းကင်ထက်မှာ
မမြင်ရတဲ့ ကြိုးတွေနဲ့  ရစ်ပတ်နေတာကို
ဘယ်လိုအရာတွေက ခိုင်မြဲသလဲဆိုတာ
အင်ဂျင်နီယာကြီးတွေကတောင် သိချင်မှသိလိမ့် မယ်။
အပစ်တင်မှုတွေနဲ့ ကြီးပြင်းလာရလို့ 
ဘယ်သူ့ ကိုမှ မနာကြည်းလိုက်နဲ့ 
အားပေးချီးမြှောက်မှုတွေမရှိလို့  စိတ်ဓါတ်မကျနဲ့ 
ကိုယ်ပိုင်အတွင်းစိတ်မှာ
ထက်မြက်မှုတချို့ ရှိတယ်ဆိုတာ မမေ့လိုက်နဲ့ 
အဲဒီစကားလုံးတွေက ဟိုးအဝေးမှာမြင်ရတဲ့ 
သက်တံ့ရောင်စဉ်တွေကိုလမ်းပြပေးတယ်
ရှေ့ ဆက်မယ့်လမ်းကိုသာမှန်း လက်တဖက်ကမ်းလိုက်ပါ။
ကိုယ့်လက်နဲ့ ထာဝရတွဲလို့ ကူမယ်လေ။
(အငယ်ဆုံးလေး= ပိုးအိနှင်း)
7 comments:
ရေတံခွန်နဲ့ ပန်းပွင့်ပုံလှတယ်...ညီမလေးတွေလဲ ချစ်စရာကောင်းတယ်...။
ရိုက်ချက်တွေကောင်းလိုက်တာ ကိုဖြိုးရေ။ ဖွဲ့နွဲ့ထားတဲ့ စာသားလေးတွေလည်း လှတယ်။ 'အလွမ်းသင့်တဲ့နံနက်ခင်း' ပုံလေးထဲက ထူးခြားချက်က လူပုံရေးဆွဲထားတဲ့ အုတ်နံရံလား :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဓာတ်ပုံလေးတွေ ရိုက်ချက်တော်တော်ကောင်းတယ်
အားပေးသွားတယ် အစ်ကိုရေ
တစ်ကယ်လွမ်းစရာကောင်းတယ် ..ဖြိုးရေ...
ညီမလေးတွေက ချစ်စရာလေး သနပ်ခါးလေးနဲ့ ...:)))
ရိုက်ချက်ပီပြင်တယ်။ အားပေးသွားတယ်။
ညီမလေးတွေကလည်း ချစ်စရာလေးပါ။
ဓာတ်ပုံတွေ ရေလည်မိုက်တယ်.. တကယ့် ပရိုကြီးလိုပဲ... အဲ့ဒါကိုဖြိုးညီမအရင်းတွေလား :D :D
ခွက်လေးထဲမှာ ရေတွေပလုံစီနေတာကလွဲရင် ဘာမှထူးခြားချက်မတွေ့ဘူး။ တုံးတယ်နော်းP
ပုံလေးတွေရိုက်တာကောင်းပါတယ်။ ကြိုက်တယ်။ တို့တောင်အဲလောက်မရိုက်တတ်သေးဘူး။
ဘဝရဲ့အေးချမ်းမှုကိုလိုချင်ရင်တရားထိုင် ( သိပ်များဆရာလုပ်မိနေလားမသိဘူးး) )
ညီမလေးတွေကချစ်စရာလေး။
Post a Comment