Pages

Thursday, August 23, 2012

ခေါင်ညှိတ်လိုက်ပါသည်





                                                                  ***ဂီတ***
 
 Batu Cave                                   
 စာရေးဖို့  အာရုံမရဘူး ။  ဘာရေးရမှန်းမသိဘူး ။  ပိုက်ဆံစုမလားစိတ်ကူးမိပါတယ် ။  မစုဖြစ်ပြန်ဘူး ။ ကိုယ့်ကို ကို်ယ် မှန်မကြည့်ရဲလောက်အောင် ဖြစ်နေတာတွေ  သူပေးတဲ့  ပါရာနဲ့  စီဗစ်နဲ့ သောက်တာ တော်တော်လေး အဆင်ပြေတယ် ။ သူစကားနားထောင်ခဲ့ လို့ သာပေါ့ ။  အခုအရမ်းချောသွားပြီသိလားးးးးးး။   သူကတော့ပြောတယ် နဲနဲဝနေသေးတယ်တဲ့ ။ တကယ်ဆို မဝတော့ပါဘူးနော် ။  ။ တို့ ကလှချင်ပေမယ့် နဂိုရှိမှနဂိုင်းထွက်တာလေတဲ့  ။မှန်ပါတယ်။    ဘယ်လိုပြောရမလဲး ပုံပြင်တွေထဲမှာထားရစ်ခဲ့ ရမှာပါသီတာ ။  တို့ ဘယ်သူ့ ကိုမှဘာမှမပြောချင်ဘူး။  တိတ်တိတ်လေးပဲနေပါရစေ။  ကိုယ့်စိတ်နဲ့ ကိုယ် အိပ်နေပါရစေ။ ဂီတကလူ့ စိတ်ကို ဆွဲဆောင်ခေါ်ယူတယ်။


                                                            ***စိတ်ဧ။်စေရာ***
တကယ်ဆို အဲဒါက လှနေပြီးသားပဲ  ကြည့်လေ သူ့ ဟာသူလှနေတာပဲကို အရောင်တွေမပြောင်းလိုက်နဲ့  အလင်းနဲ့ အမှောင် မရောစပ်လိုက်နဲ့  သူ့ ဟာသူနေတဲ့ အလှ ပျက်သွားတတ်တယ် ။  အဲဒီအခါခံစားရတာမကောင်းတော့ဘူး ။ ကျွန်တော်ကတော့ သူ့ အတိုင်းလေးပဲထားမယ်လို့  စိတ်ကူးထားတယ် ။  ဟစ်စတိုဂရမ်တွေထဲမှာ သူ့ သမိုင်းကြောင်းတွေ သိမ်းထားတယ်။   အချိုးကျကျနဲ့  အာဂျီဘီတွေကိုရောစပ်ထားတယ် ။  အမြဲတမ်းလှနေလိမ့်မယ် ။   တချိန်ချိန်မှာ ပေါ့   <3 br="br" nbsp="nbsp">


                                                                      ***မျက်ဝန်း***
 အမေ့ဆီက လက်ဖြန့် တောင်းတဲ့ အရွယ်မှမဟုတ်တော့တာ ..........  ဖြူစင်တဲ့ ကလေးတစ်ယောက်ပြန်ဖြစ်ချင်တယ် ။

 တကယ်ဆို .........  ကျွန်တော်က သံစဉ်ချိုချိုလေးတွေ နားထောင်ချင်ခဲ့ တာပါ ။
ခြောက်ခြားစရာညရဲ့ အလယ်မှာ  တစ်ယောက်တည်းပဲ  ဝေးဝေးသွားတဲ့ ကြယ်ကလေးကို ငေးလို့ 
ကျွန်တော်ဆွံ့ အနေခဲ့ ရတယ်။ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာက ရထားလမ်းလွှဲတွေလို ကွေ့ ကောက်ရှုပ်ထွေးလွန်းတယ် ။ ဘာကိုမှဖက်တွယ်မထားချင်တော့ဘူး ။ မနက်ဖြန်ဆိုတာ  နေ့ သစ်တွေမို့  အဲဒီကြိုးကို အားစိုက်ပြီးဆွဲမနေတော့ပါဘူး ။  သူတို့ ပြောနေတာတွေ မယုံတော့ဘူး  ယုံအောင်လဲမပြောကြပါနဲ့  ။  ကျွန်တော်ကြောက်တယ် ။ 

                                                                ***ထွက်ပေါက်***
             

ကျွန်တော် သူ့ ကိုချည်လိုက်တယ် ။ ကျလာတဲ့ ရေစက်တွေက တစက်ချင်းပေမယ့် ကြည်လင်သန့် ရှင်းတယ်။  ကျွန်တော်တို့  မိုင်ချီတဲ့ ကောင်းကင်ယံမှာ တောင်ပံယှက်လို့  ပျံသန်းခွင့်ရခဲ့ တယ် ။  လေညင်းတွေခံရင်း ရယ်သံတွေကြားထဲ မြစ်ပြင်ကျယ်ကြီးထဲ ခင်မင်မှုတွေ စီးမျောခဲ့ တယ်။   နေညိုညိုမှာ ရေပြင်ထက် ပုံရိပ်တွေဆွဲခဲ့ ကြတယ်။ သူ့ ရဲ့ ကောင်းကင်ဟာကြည်လင်တယ် ။  လေပြေတွေညိမ်သက်တယ် ။ ဝဲဂယက်တွေမရှိဘူး ။  တသော့ သော့စီးဆင်းနေတဲ့ ရေပြင်လို အေးချမ်းတယ်။  ကျွန်တော် လေးစားပါတယ် ။ 


                                                          ***freedom***
 ကျွန်တော် တစ်ယောက်တည်းနေချင်တယ်။  လူအများကြီးနေရတာ စိတ်ထဲ မပျော်ရွှင်ဘူး။   စိတ်ညစ်စရာတွေ မကြားချင်တာတွေ မမြင်ချင်တာတွေကမဖိတ်ခေါ်ပဲရောက်လာကြတယ်။  အေးချမ်းမှုမရှိဘူးလို့  ခံစားရတယ်။  တစ်ယောက်တည်းကျတော့ အာရုံမနောက်ဘူး အေးဆေးတယ်။  သူများကိုလဲ ဒုက္ခမပေးဘူး။ တိတ်တိတ်ဆိတ်လေးပဲနေတယ်။  တွေးချင်ရာတွေးမယ်။  အဆုံးစွန်ထိတွေးနေလို့ ရတယ် ။  ငေးချင်တာငေးမယ် စိတ်အာရုံတွေ ပြန်မကပ်မချင်း ။  သွားချင်တဲ့ ဆီသွားလို့ ရတယ် ဘယ်သူ့ နဲ့ မှတိုင်ပင်နေစရာမလိုဘူး။  ဘယ်သူ့ ကိုမှလဲစောင့်စရာမလိုဘူး ။ ဘယ်သူ့ လိုအင်ဆန္ဒကိုမှ ငဲ့ ငြာစရာမလိုဘူး။  သောက်ရင်လဲ တစ်ယောက်တည်းသောက်တယ် ။  ဘယ်သူနဲ့ မှ ရန်ဖြစ်စရာမလိုဘူး။
တစ်ယောက်တည်း သိပ်အေးချမ်းတာပဲ။  အဲဒါကို freedom လို့ ခေါ်မလား ။  ကိုယ့်ဟာကိုယ်တော့ စိတ်ရောကိုယ်ရော လွတ်လပ်တယ်လို့  ထင်တာပဲ။   ဒါပေမယ့်ပေါ့  အမြဲတမ်းတော့မဖြစ်နိုင်ဘူးဆိုတာ...............................................................................


                                                        ***CITY***
                                       ထွဏ်းခမ်းသီချင်းလေးကိုသတိရတယ်။              အမေ့ရဲ့ ထမင်းနဲ့ ဟင်းကိုလဲသတိရတယ်။   အကြိမ်ကြိမ်လွမ်းမောရင်းနဲ့ ...................


      ဖွတ်လား ပုန်သင်ညိုလား  ?   ခေါင်မညှိတ်လိုက်ပါနဲ့    ကျွန်တော်တစ်ယောက်တည်းပဲနေပါရစေ ။ 
     လွမ်းလာရင် လွမ်းလိုက်မယ် ။  ဝမ်းနည်းလာရင် ငိုလိုက်မယ်။  ရယ်ချင်ရင်ရယ်လိုက်မယ်ဘယ်သူမှမသိအောင်ပေါ့ ။ 



သူ့ အကြည့်မှာ  စူးစမ်းနေသောအရိပ်အယောင်များပါဝင်လေသည်။   မပွင့်တပွင့် ဟနေသောနုတ်သီးတချို့ ကို ကျွန်တော်ကြောက်သည် ။   သို့ သော် အရောင်များလှပါသည်။ 


ကျွန်တော် ထိုအသက်အရွယ်ထိမနေချင်ပါ ။   ဘယ်အသက်အရွယ်ထိလဲမမေးပါနဲ့ ။  မသိပါဘူး။  သေချင်ရင်သေမှာပဲ။   တုန်ချိချိအရွယ်ရောက်ကာမှ ပြုစုမယ့်သူမရှိပဲ ချောက်ကပ်ကပ် မသေချင်ဘူး။ 



   

လောကအလှတွေက လျှပ်တပြတ်မှာ လှနေတယ်။ 




သူကပြောပြလေသည်။ ထိုအရာသည် ရာမမင်းသားဧ။် ရုပ်တုဖြစ်လေသည်တဲ့  ။ ခေါင်းညှိတ်လိုက်ပါသည်။  

6 comments:

လရိပ်အိမ် said...

အပေါ်ကပုံလေးတွေလှတယ်။ ပုံတွေက ကိုယ့်ကိုရိုက်ထားတာလား?

mstint said...

ရိုက်ချက်တွေကောင်းသလို အရေးအသားတွေလည်း ဖတ်လို့ကောင်းတယ် ကိုဖြိုးရေ။ မရေရာတဲ့ မနက်ဖြန်ကို လစ်လျူရှုထားလိုက်ပါ သူ့သဘောသူဆောင် သွားပါလိမ့်မယ်။ အတွေးလေးတွေ မှန်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

ရောက်ခဲ့တယ်။ ပုံလေးတွေရော စာတွေရော
ကြည့်ကောင်း ဖတ်ကောင်းပါတယ်။

ao aoe said...

ရိုက်ချက်လေးတွေကောင်းပါတယ် တစ်ခါတစ်လေ freedom ဆိုတဲ့အရာကိုလိုချင်မိတယ်

မိုးငွေ့........ said...

ဘိုမပုံလေးကိုအကြိုက်ဆုံးပဲ ဘော်ဒီမိုက်တယ်...

Candy said...

အဲ့ကြက်တူရွေးက ပိကျိပိကျိ စကားပြောတတ်လား :P