***ဂီတ***
Batu Cave
စာရေးဖို့  အာရုံမရဘူး ။ ဘာရေးရမှန်းမသိဘူး ။ ပိုက်ဆံစုမလားစိတ်ကူးမိပါတယ် ။ မစုဖြစ်ပြန်ဘူး ။ ကိုယ့်ကို ကို်ယ် မှန်မကြည့်ရဲလောက်အောင် ဖြစ်နေတာတွေ သူပေးတဲ့  ပါရာနဲ့  စီဗစ်နဲ့ သောက်တာ တော်တော်လေး အဆင်ပြေတယ် ။ သူစကားနားထောင်ခဲ့ လို့ သာပေါ့ ။ အခုအရမ်းချောသွားပြီသိလားးးးးးး။ သူကတော့ပြောတယ် နဲနဲဝနေသေးတယ်တဲ့ ။ တကယ်ဆို မဝတော့ပါဘူးနော် ။ ။ တို့ ကလှချင်ပေမယ့် နဂိုရှိမှနဂိုင်းထွက်တာလေတဲ့  ။မှန်ပါတယ်။ ဘယ်လိုပြောရမလဲး ပုံပြင်တွေထဲမှာထားရစ်ခဲ့ ရမှာပါသီတာ ။ တို့ ဘယ်သူ့ ကိုမှဘာမှမပြောချင်ဘူး။ တိတ်တိတ်လေးပဲနေပါရစေ။ ကိုယ့်စိတ်နဲ့ ကိုယ် အိပ်နေပါရစေ။ ဂီတကလူ့ စိတ်ကို ဆွဲဆောင်ခေါ်ယူတယ်။
***စိတ်ဧ။်စေရာ***
တကယ်ဆို အဲဒါက လှနေပြီးသားပဲ ကြည့်လေ သူ့ ဟာသူလှနေတာပဲကို အရောင်တွေမပြောင်းလိုက်နဲ့  အလင်းနဲ့ အမှောင် မရောစပ်လိုက်နဲ့  သူ့ ဟာသူနေတဲ့ အလှ ပျက်သွားတတ်တယ် ။ အဲဒီအခါခံစားရတာမကောင်းတော့ဘူး ။ ကျွန်တော်ကတော့ သူ့ အတိုင်းလေးပဲထားမယ်လို့  စိတ်ကူးထားတယ် ။ ဟစ်စတိုဂရမ်တွေထဲမှာ သူ့ သမိုင်းကြောင်းတွေ သိမ်းထားတယ်။ အချိုးကျကျနဲ့  အာဂျီဘီတွေကိုရောစပ်ထားတယ် ။ အမြဲတမ်းလှနေလိမ့်မယ် ။ တချိန်ချိန်မှာ ပေါ့ <3 br="br" nbsp="nbsp">3>
***မျက်ဝန်း***
အမေ့ဆီက လက်ဖြန့် တောင်းတဲ့ အရွယ်မှမဟုတ်တော့တာ .......... ဖြူစင်တဲ့ ကလေးတစ်ယောက်ပြန်ဖြစ်ချင်တယ် ။
တကယ်ဆို ......... ကျွန်တော်က သံစဉ်ချိုချိုလေးတွေ နားထောင်ချင်ခဲ့ တာပါ ။
ခြောက်ခြားစရာညရဲ့ အလယ်မှာ တစ်ယောက်တည်းပဲ ဝေးဝေးသွားတဲ့ ကြယ်ကလေးကို ငေးလို့ 
ကျွန်တော်ဆွံ့ အနေခဲ့ ရတယ်။ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာက ရထားလမ်းလွှဲတွေလို ကွေ့ ကောက်ရှုပ်ထွေးလွန်းတယ် ။ ဘာကိုမှဖက်တွယ်မထားချင်တော့ဘူး ။ မနက်ဖြန်ဆိုတာ နေ့ သစ်တွေမို့  အဲဒီကြိုးကို အားစိုက်ပြီးဆွဲမနေတော့ပါဘူး ။ သူတို့ ပြောနေတာတွေ မယုံတော့ဘူး ယုံအောင်လဲမပြောကြပါနဲ့  ။ ကျွန်တော်ကြောက်တယ် ။
ခြောက်ခြားစရာညရဲ့ အလယ်မှာ တစ်ယောက်တည်းပဲ ဝေးဝေးသွားတဲ့ ကြယ်ကလေးကို ငေးလို့ 
ကျွန်တော်ဆွံ့ အနေခဲ့ ရတယ်။ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာက ရထားလမ်းလွှဲတွေလို ကွေ့ ကောက်ရှုပ်ထွေးလွန်းတယ် ။ ဘာကိုမှဖက်တွယ်မထားချင်တော့ဘူး ။ မနက်ဖြန်ဆိုတာ နေ့ သစ်တွေမို့  အဲဒီကြိုးကို အားစိုက်ပြီးဆွဲမနေတော့ပါဘူး ။ သူတို့ ပြောနေတာတွေ မယုံတော့ဘူး ယုံအောင်လဲမပြောကြပါနဲ့  ။ ကျွန်တော်ကြောက်တယ် ။
ကျွန်တော် သူ့ ကိုချည်လိုက်တယ် ။ ကျလာတဲ့ ရေစက်တွေက တစက်ချင်းပေမယ့် ကြည်လင်သန့် ရှင်းတယ်။ ကျွန်တော်တို့  မိုင်ချီတဲ့ ကောင်းကင်ယံမှာ တောင်ပံယှက်လို့  ပျံသန်းခွင့်ရခဲ့ တယ် ။ လေညင်းတွေခံရင်း ရယ်သံတွေကြားထဲ မြစ်ပြင်ကျယ်ကြီးထဲ ခင်မင်မှုတွေ စီးမျောခဲ့ တယ်။ နေညိုညိုမှာ ရေပြင်ထက် ပုံရိပ်တွေဆွဲခဲ့ ကြတယ်။ သူ့ ရဲ့ ကောင်းကင်ဟာကြည်လင်တယ် ။ လေပြေတွေညိမ်သက်တယ် ။ ဝဲဂယက်တွေမရှိဘူး ။ တသော့ သော့စီးဆင်းနေတဲ့ ရေပြင်လို အေးချမ်းတယ်။ ကျွန်တော် လေးစားပါတယ် ။
***freedom***
ကျွန်တော် တစ်ယောက်တည်းနေချင်တယ်။ လူအများကြီးနေရတာ စိတ်ထဲ မပျော်ရွှင်ဘူး။ စိတ်ညစ်စရာတွေ မကြားချင်တာတွေ မမြင်ချင်တာတွေကမဖိတ်ခေါ်ပဲရောက်လာကြတယ်။ အေးချမ်းမှုမရှိဘူးလို့  ခံစားရတယ်။ တစ်ယောက်တည်းကျတော့ အာရုံမနောက်ဘူး အေးဆေးတယ်။ သူများကိုလဲ ဒုက္ခမပေးဘူး။ တိတ်တိတ်ဆိတ်လေးပဲနေတယ်။ တွေးချင်ရာတွေးမယ်။ အဆုံးစွန်ထိတွေးနေလို့ ရတယ် ။ ငေးချင်တာငေးမယ် စိတ်အာရုံတွေ ပြန်မကပ်မချင်း ။ သွားချင်တဲ့ ဆီသွားလို့ ရတယ် ဘယ်သူ့ နဲ့ မှတိုင်ပင်နေစရာမလိုဘူး။ ဘယ်သူ့ ကိုမှလဲစောင့်စရာမလိုဘူး ။ ဘယ်သူ့ လိုအင်ဆန္ဒကိုမှ ငဲ့ ငြာစရာမလိုဘူး။ သောက်ရင်လဲ တစ်ယောက်တည်းသောက်တယ် ။ ဘယ်သူနဲ့ မှ ရန်ဖြစ်စရာမလိုဘူး။
တစ်ယောက်တည်း သိပ်အေးချမ်းတာပဲ။ အဲဒါကို freedom လို့ ခေါ်မလား ။ ကိုယ့်ဟာကိုယ်တော့ စိတ်ရောကိုယ်ရော လွတ်လပ်တယ်လို့  ထင်တာပဲ။ ဒါပေမယ့်ပေါ့ အမြဲတမ်းတော့မဖြစ်နိုင်ဘူးဆိုတာ...............................................................................
***CITY***
ထွဏ်းခမ်းသီချင်းလေးကိုသတိရတယ်။ အမေ့ရဲ့ ထမင်းနဲ့ ဟင်းကိုလဲသတိရတယ်။ အကြိမ်ကြိမ်လွမ်းမောရင်းနဲ့ ...................
ဖွတ်လား ပုန်သင်ညိုလား ? ခေါင်မညှိတ်လိုက်ပါနဲ့  ကျွန်တော်တစ်ယောက်တည်းပဲနေပါရစေ ။
လွမ်းလာရင် လွမ်းလိုက်မယ် ။ ဝမ်းနည်းလာရင် ငိုလိုက်မယ်။ ရယ်ချင်ရင်ရယ်လိုက်မယ်ဘယ်သူမှမသိအောင်ပေါ့ ။
သူ့ အကြည့်မှာ စူးစမ်းနေသောအရိပ်အယောင်များပါဝင်လေသည်။ မပွင့်တပွင့် ဟနေသောနုတ်သီးတချို့ ကို ကျွန်တော်ကြောက်သည် ။ သို့ သော် အရောင်များလှပါသည်။
ကျွန်တော် ထိုအသက်အရွယ်ထိမနေချင်ပါ ။ ဘယ်အသက်အရွယ်ထိလဲမမေးပါနဲ့ ။ မသိပါဘူး။ သေချင်ရင်သေမှာပဲ။ တုန်ချိချိအရွယ်ရောက်ကာမှ ပြုစုမယ့်သူမရှိပဲ ချောက်ကပ်ကပ် မသေချင်ဘူး။
လောကအလှတွေက လျှပ်တပြတ်မှာ လှနေတယ်။
သူကပြောပြလေသည်။ ထိုအရာသည် ရာမမင်းသားဧ။် ရုပ်တုဖြစ်လေသည်တဲ့  ။ ခေါင်းညှိတ်လိုက်ပါသည်။
6 comments:
အပေါ်ကပုံလေးတွေလှတယ်။ ပုံတွေက ကိုယ့်ကိုရိုက်ထားတာလား?
ရိုက်ချက်တွေကောင်းသလို အရေးအသားတွေလည်း ဖတ်လို့ကောင်းတယ် ကိုဖြိုးရေ။ မရေရာတဲ့ မနက်ဖြန်ကို လစ်လျူရှုထားလိုက်ပါ သူ့သဘောသူဆောင် သွားပါလိမ့်မယ်။ အတွေးလေးတွေ မှန်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ရောက်ခဲ့တယ်။ ပုံလေးတွေရော စာတွေရော
ကြည့်ကောင်း ဖတ်ကောင်းပါတယ်။
ရိုက်ချက်လေးတွေကောင်းပါတယ် တစ်ခါတစ်လေ freedom ဆိုတဲ့အရာကိုလိုချင်မိတယ်
ဘိုမပုံလေးကိုအကြိုက်ဆုံးပဲ ဘော်ဒီမိုက်တယ်...
အဲ့ကြက်တူရွေးက ပိကျိပိကျိ စကားပြောတတ်လား :P
Post a Comment