Pages

Monday, August 27, 2012


ဘာလုပ်ရမှန်းမသိဘူး  အားနေတယ်  အရေးမပါတဲ့  ဖဘလဲမျက်စိနောက်လာတယ်။  ငုတ်တုတ်ထိုင်ပြီးတော့ကြည့်နေတာပဲရှိတယ်။   မီးပွိုင့်က မောင်းခွင့်မပြုဘူး ။   ကိုယ်နဲ့ မသိပဲနဲ့  လူတချို့ မကောင်းဘူး ။  သွားတိုက်ဆေးဘူးလဲမညှစ်ချင်ဘူး ။  အာရုံနောက်တယ်။  အေးဆေးပဲနေချင်တယ် ။  လာမနှောင့်ယှက်ကြပါနဲ့  ။  ပျော်အောင်မဖန်တီးပေးနိုင်ရင် အသာနေပါ  စိတ်ဆင်းရဲခြင်းတွေယူဆောင်မလာကြပါနဲ့  ။  
သူကဟိုတနေ့  ဟိုဟာပျောက်သွားတယ် ။  စိတ်မကောင်ဘူး ။ ပစ္စည်းသင်္ခါရ လူသင်္ခါရပဲလေ ။ ကိုယ်တိုင်ကလဲ သိပ်နှမျောတတ်တာမဟုတ်တော့ သူ့ ကိုလဲ မနှမျောခိုင်းဘူး ။  ကိုယ့်စိတ်ကကိုယ့်ကိုနှိပ်စက်တာ ဆိုးတယ်။  
တကယ်ဆို အတူတူသွားချင်တာပေါ့ ။  အခြေအနေနဲ့ အချိန်အခါတွေက မျက်နှာမပေးဘူး ။  ကျွန်တော်တို့  လေးပြေလေညှင်းတွေကြားထဲ ရယ်သံတွေဖြန့် လွှင့်ခဲ့ ကြတယ် ။  ရိုးသားမှုတွေနဲ့  အလှဆင်ခဲ့ ကြတယ်။  ကျွန်တော့် မျက်ဝန်းထဲမှာတော့ ရွှေတောင်စက္ကူလေးတွေ လွင့်ဝဲနေတယ်။  တကယ်တော့ ကျွန်တော်က သာယာတဲ့ ဥယာဉ်ကြီးထဲမှာ၇ှိနေခဲ့ သူပေါ့ ။  ပုံရိပ်တွေသိပ်လှတယ်။ foreground တွေ background တွေ သိပ်လှတယ် ။  နေရောင်ချည်အောက် အလှအပတွေက ပျံ့ ကျဲနေပေမယ့်  ကျွန်တော့်အလင်းနဲ့  ကျွန်တော် ပုံဖော်ခွင့်မရဘူး ။  တစ်ယောက်တည်းလျှောက်နေရင်း လမ်းပျောက်နေတယ် ။  ညတွေမှာ ကျွန်တော်နုတ်ဆိပ်နေတယ် ။  မခြောက်ခြားတော့ပါဘူး ဒီညထက် နောက်ညတွေက ပိုမနက်တော့ဘူးလေ။  ကောင်းကင်ယံက ကြွေကျလာတဲ့  အလင်းတန်းလေးကိုတချက်ငေးကြည့်ရင်း ကျွန်တော်ပြုံးလိုက်မိတယ်။ အဲဒီညက လေပြေတွေ အေးချမ်းသွားတယ်။  


စိတ်ကူးယဉ်တာတွေ ကျွန်တော် ရပ်လိုက်ချင်တယ်။  ကမ္ဘာကြီး ရပ်သွားမလားလို့ ပေါ့။ ဒီလိုသာဆို ကျွန်တော့်နေ့ ညတွေ ဗြောင်းဆန်ကုန်လိမ့်မယ်ထင်တယ်။   တခါတလေကိုယ့်ကိုကိုယ် ဆုံးမတယ်။   အဲဒီအတွက် ငှက်တွေမပျံချင်နေ ပန်းတွေမလန်းရင်နေ စမ်းတွေမခမ်းရင်နေ လေပူပူနွေပူပူမှာ ကျွန်တော်လျှောက်ရဲတယ်။   မိုးလေဝသ သတင်းမှားမရွတ်ပါနဲ့  ။
နှင်းတွေကျခဲ့ တာ ရေတွေခဲဖို့ မဟုတ်ဘူး။  မိုးတွေရွာခဲ့ တာ ကမ်းပါးပြိုဖို့ မဟုတ်ဘူး။   

ကလေးငယ်တစ်ယောက်လို ကြည်လင်တဲ့ မျက်ဝန်းတချို့ နဲ့  မော့ကြည့်မိတာပါ။ ဂရုစိုက်မှုတွေလိုချင်နေတဲ့ မျက်ဝန်းတချို့  ကြင်နာခြင်းနဲ့ နွေးထွေးတဲ့ မေတ္တာကိုလိုချင်နေတဲ့ မျက်ဝန်းတချို့ ဆိုတာ မသိလို့ များ  လစ်လျူရှုရက်လေတာလား  လွင့်ချလိုက်တဲ့  အကြွေတချို့ ကိုရေတွက်လို့  တမိနစ်ဆိုတဲ့  အတိုင်းအတာနဲ့ ထပ် ဂဏန်းသချာင်္တွေကို မရေတွက်ချင်တော့ဘူး ။  သူလဲ ခံစားတတ်တဲ့  လူသားပေမို့  တခါတခါတော့ မျက်ဝန်းတွေမှာ မိုးတွေရွာခဲ့ တယ်။   လောကကြီးက ချောက်ကပ်နေတယ်။ မိုးစက်တို့ အပြန် လေပူတွေအဝေ့မှာ သူ့ မျက်နှာကို လျှက်တိုက်သွားတဲ့  လေပူပူတွေကြောင့် ဆံနွယ်အချို့ ကို သူသပ်ချလိုက်တယ်။ ပြီတော့ သက်ပျင်းတချို့ ကို မှုန့် ထုတ်လိုက်မိတယ်။  ဒီနွေကိုရောက်မှတော့ ဒီလေကိုသူ ကြောက်နေဖို့ မှ မလိုတော့တာ ။

ဘာမှနားမလည်ဘူး တခုတော့သိတယ် ။ ဘာကြောင့်လဲလို့ မမေးနဲ့  လေးဖမ်းပြီး ဒန်းစီးလို မှမရတာ ။ ကျွန်တော်မသိဘူး ။  အလိုလိုဖြစ်လာတာ ။ ဟိုး  အဝေးကကြယ်စင်လေး လင်းတချက်မှိတ်တချက်ပါပဲ ။ အလင်းလိုချင်ခဲ့ တာပဲလေ ဘာဖြစ်ရမှာလဲ ။ အာလာဒင်ကို မတောင့်တချင်ဘူး ။  ပုံပြင်လေးတွေနားထောင်ချင်တယ် ။ စိတ်ကူးထဲမှာပေါ့ ရယ်သံတချို့  ယှက်ဖြာကျလာတယ်။  သူတို့ ပြောပြောနေတာလေ............  အဲဒါ ပုံပြင်စာအုပ်တအုပ်ပေါ့ ။  အထပ်ထပ်အခါခါဖတ်တယ် ။ ပုံပြင်ထဲမှာ လေပြေလေညှင်းတွေ ပါတယ် ငှက်ကလေးတွေပါတယ် ပန်းကလေးတွေရော ကြယ်စင်ရော လမင်းရော  အို...........အများကြီးပဲ ။  မီးရှူးမီးပန်တွေလဲပါတယ်  ကြေးအိုးနဲ့  အေးစက်စက်ကော်ဖီတခွက်လဲပါတယ် ။  အရမ်းလှတဲ့ ပတဲ့  အပြုံးတပွင့်လဲပါတယ် ။  ဖတ်နေရင်း နက်နက်လာတယ် ။  သချာင်္တပုဒ်လို ခက်ခဲလာတယ် ။  အသာလေးအနားမှချလို့   ခပ်ဝေးဝေးက မီးပွိုင့်ကိုငေးနေမိတယ် ။  ပါးစပ်ကတော့ ပုံပြင်တွေထဲမှာထားရစ်ခဲ့ ရမှာပါလို့  ခပ်တိုးတိုးရေရွတ်နေမိတယ် ။  



ပိုက်ဆံအကြွေတွေစုထားတယ် ။  လှပတဲ့ နေ့ ရက်တွေကို ဝယ်မလို့ ပါ ။  အဲလိုပြောရင် ဟားတိုက်ပြီးရယ်နေမလားပဲ ။ ဒါလဲစိတ်ကူးယဉ်တာပဲလေ ။  များသွားတယ် ပြန်လျှော့လိုက်မယ် ။ ဝယ်လို့ မှမရတာကို ။ ဆားတပွင့်မဖြစ်ချင်ဘူး ။ နေကြာစေ့မစားချင်ဘူး ။ ထမင်းဟင်း ချက်မစားချင်ဘူး။ အဝတ်မလျှော်ချင်ဘူး ။ သွားတိုက်ဆေးမညှစ်ချင်ဘူး ။  နေပူထဲမသွားချင်ဘူး ။  အထင်လွဲမခံချင်ဘူး ။ အမုန်းမခံချင်ဘူး ။ ပေါင်မုန့် မဖြစ်ချင်ဘူး ။ ဖုန်းမပျောက်ချင်ဘူး ။ ဘယ်သူနဲ့ မှမတွေ့ ချင်ဘူး ။ ဘယ်သူကိုမှလဲ ပေးမတွေ့ ချင်ဘူး ။ အိပ်နေချိန်ဖုန်းလာရင် မကိုင်ချင်ဘူး ။ဘီယာမသောက်ချင်ဘူး။ အရစ်မခံချင်ဘူး ။ ဘာမှမမက်တဲ့ အိပ်မက် မမက်ချင်ဘူး ။ အိကိုလဲ မစတော့ဘူး ။ သီတာကိုလဲ အရင်လို ပိကျိပိကျိမလုပ်တော့ဘူး။ လူအများကြီးနဲ့  မခင်ချင်ဘူး ။ စကားများများမပြောချင်ဘူး ။ ပိုးဟက်ကိုမသက်ချင်ဘူး။ သီချင်း တခွေပြီးတခွေ မဖွင့်ချင်ဘူး ။ဘီယာဘူးခွံမနင်ချင်ဘူး ။ ဖုန်းနဲ့ မက်ဆေ့မပို့ တော့ဘူး ။  တဖက်လူ ပြောချင်မှန်းမသိ မပြောချင်မှန်းမသိ မပြောချင်ဘူး ။   

                                                                                                 
 တကယ်ဆိုရင်   ဘာလိုတာလဲ ။  ဒီဇယ်ဆီနဲ့ ဓါတ်ဆီ မရောချင်ဘူး။  အင်ဂျင်ခွဲလိုက်ရမယ် ။ 
ကျွန်တော့်ကို ခင်တဲ့ သူတွေရှိတယ် ။ ဘာကြောင့်ခင်ကြတာလဲ (မသိဘူး) ။  ခွက်ထဲမှာ ရေတဝက်ပဲရှိတာလား ။  ကိုကာကိုလာက စာလုံးတွေယိုင်နဲ့ နေတယ် ။ Art တဲ့  လူတစ်ယောက် ဘောင်းဘီတိုဝတ် အင်္ကျီချွတ်နဲ့  ခုံပေါ်မှာငြိမ်ပြီးကွေးကွေးလေးထိုင်နေတယ် ။   ကျွန်တော်လဲ ကိုလာတစ်ဗူး ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်ခိုင်းပြီး Art နေတယ်။   ဖုန်းအားသွင်းကြိုးကို လိမ်ပြီး သရေကွင်းနဲ့ ချီ ပြီတော့ စားပွဲပေါ်မှာတင်ထားပြီး အပေါ်ကနေမီးထိုးထားလိုက်ပြီး Art နေတယ်။  သွားကြားထိုးတံတွေကို ချိုးချေပြီး စားပွဲပေါ်ဖြန့် ကျဲထားပြီး  ဒါလဲ Art တခုပဲလို့ တွေးပြီး ငေးကြည့်နေတယ်။ 



အရမ်းလေးတယ် ။ မသယ်ချင်တာထက် သယ်မနိုင်တာ ။  ((((သင်သည် အခု ဒီစာကိုဖတ်နေချိန်တွင် စာကိုသာ၅မိနစ်လောက် စူးစူးစိုက်စိုက်ကြည့်နေပါ ။ ထူးခြားလာသည်ကို အံ့သြဖွယ်တွေ့ ရလိမ့် မည် ။ ))) အဲလိုပဲပြန်ရေးလိုက်တယ် ။  ဖဘမှာကတခြားအကြောင်းအရာပေါ့ ။  ကြည့်ဖြစ်အောင်ကြည့်လိုက်နော် ။ 
ပြီးရင် ((((ဒီစာကို အမြန်ဆုံးရှယ်ပေးကြပါ)))) ဘာလဲတော့မသိဘူး ။  ခက်တယ် အဲဒါတွေ စိတ်မဝင်စားဘူး ။  ဂိမ်းတွေလာလာပို့ တယ် ။  လေတာထက်ပိုလေတယ် ။  ကလိပြီးရင်း ကလိပြန်ရင်း ။  တော်တော်ဝါသနာကြီးကြတယ် (Poke) ။  မျက်စိနောက်လာတယ် ။   ၁ယောက်ကို Block လိုက်တယ်  စော်ကားလို့  ။  နောက်တစ်ယောက်ကို အပစ်မရှိပဲနဲ့  မျက်စိနောက်လို့  လုပ်လိုက်တယ်။ ဟိုနေ့ ကရေးတဲ့ စတေးတပ် လာလိုက်တာက ကိုယ်ချစ်တဲ့ သူတွေပဲ ။ သူတို့ ကိုမလုပ်ရက်လို့  ကိုယ်ကိုယ်ကိုပဲအပစ်ပေးလိုက်တယ် ။  ကျွန်တော် မျက်စိအေးအေး နားအေးအေးနေချင်တယ်။  ဂရုစိုက်ခြင်းမခံရတဲ့ ကလေးတစ်ယောက် အားငယ်စိတ်တွေဝင်လာတယ် ။   ကျွန်တော်က ရေးကူရင်း ရေနစ်နေတဲ့  ငါးလေးတစ်ကောင်လား ။  ရေတွေထဲက လွတ်မြောက်ချင်တယ်။ 

8 comments:

Candy said...

ဘာတွေဖြစ်နေတာလဲ... ခုဖဘမှာလဲ မရှိတော့ဘူး.. ဟိုနေ့က စတေးတပ်က ဘာကြီးတုန်း...

အဆင်ပြေရဲ့လား??????????????
တခုခုဖြစ်နေရင် ပြောနော် :(

မိုးငွေ့........ said...

ဒီစာကိုဖတ်ရတာ စို့နင့်တင်းကျပ်မှုနဲ့ လောင်ပိတ်ခံနေရသလိုပဲ...။ လွတ်မြောက်ခွင့်ပေးလိုက်ပါ...စိတ်ချမ်းသာအောင်နေပါ...။ မဟုတ်ရင် တစ်ယောက်ထဲ ရူးသွားနိုင်တယ်...။ ဘာတွေဘယ်လိုပဲ သေဆုံးခြောက်သွေ့သွားပါစေပေါ့ အဲဒီဥယျာဉ်ခြံထဲမှာ ပန်းတစ်ပွင့်တော့လန်းနေပါသေးတယ်။

mstint said...

စိတ်ရှုပ်စရာတွေများနေလို့လား ကိုဖြိုးရေ။ အချိန်ဆိုတာ ရပ်မနေသလို ဖြစ်မှုပျက်မှုဟာလည်း အမြဲပြောင်းလဲနေတာကို တွေးရင်းဖြေသိမ့်လိုက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

စလို့အားရတော့မှ မစတော့ဘူးတဲ့....ဟွမ်း....စိတ်ထဲ
သိပ်ကြည်တယ်မထင်နဲ့...ဒါဗြဲ....

khin oo may said...

တို့စုထားတဲ့ အကြွေတွေ ပါထည့်ပေးမယ်နော် ပြမလို့ဟာ ဖဘ ပိတ်ထားတယ်ဆိုတော့ဘယ့်နယ်ပြရမတုံး။

khin oo may said...

အိကျိအိကျိလုပ်ချင်လိုက်တာ

ပုံ
ပိကျိသီတာ.

လရိပ်အိမ် said...
This comment has been removed by the author.
လရိပ်အိမ် said...

မှားမန့်မိတယ်ထင်တယ်။ ဖျက်လိုက်တယ် ဟဲဟဲ။
ကိုယ်လဲ နေမကောင်းခြင်းကနေ လွတ်မြောက်ချင်တယ်။