Pages

Saturday, August 4, 2012

ကယောင်ချောက်ချား အိပ်မက်ကမ္ဘာ

ကျွန်တော် အိပ်မက်တိုင်းပြည်ကို ရောက်ခဲ့ တယ်။ အဲဒီမှာ လူတွေသိပ်အများကြီးမ၇ှိပါဘူး။  တိတ်ဆိတ်ညိမ်သက်တယ်။ အေးချမ်းမှုတွေလွှမ်းခြုံလို့   ပျော်ရွှစ်စရာအချို့ နဲ့  ရယ်မောစရာတွေ
ပြည့်လို့ နေတယ်။   စရောက်ရောက်ချင်းတော့  ကျွန်တော့်မှတ်ပုံတင်တောင်းတယ်။  

အိပ်ထဲရှိတာပေးလိုက်တာပဲ။   သူတို့ လဲသေချာမကြည့်ဘူးထင်ပါတယ်။ စာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ် ခြစ်ပြီးသကာလကျွန်တော်မှတ်ပုံတင်ကိုပြန်ပေးတယ်။   ပြီးတော့ဝင်လို့  ရပါပြီဆိုပြီး  လာပြောတယ် ။  ဘယ်သူမှန်းလဲမသိလိုက်ပါဘူး မြင်လဲမမြင်ရဘူးလေ။   တွေ့ တဲ့  နေရာက စပြီးလမ်းလျှောက်လာလိုက်တာ တနေရာပြီး တနေရာရောက်ခဲ့ တယ်ပေါ့။   ကျွန်တော်ရှိတဲ့ နေရာမှာ  လူနည်းနည်းပါပဲ။   သူတို့ လဲ ကျွန်တော်ဝင်လာတာတွေ့ တော့             အားပါးတရကြိုဆိုကြတဲ့ သူတွေရှိသလို  အပြုသဘောဆောင်တာတွေလဲရှိတာပါ့။  

သူတို့ လဲ လူတွေပဲလေ ။  ကျွန်တော်ကစပြီးနုတ်ဆက်ရင် ပြန်လည်နုတ်ဆက်တဲ့ သူလဲရှိသလို  မသိချင်ဟန်ဆောင်တဲ့ သူတွေလဲရှိပါရဲ့ ။  အဲဒီနေရာမှာ ကျွန်တော်ပျော်ရွှင်နေမိတာတော့ အမှန်ပဲ ။  ထူးခြားဆန်းကြယ်တယ် ။  သူတို့  စကားမပြောကြဘူး ။ကျွန်တော် စရောက်ရောက်ခြင်းမှာ နားမလည်ဘူး ။ နောက်တော့လဲတဖြည်းဖြည်း နားလည်အောင် ကြိုးစားရင်းနဲ့ အဆင်ပြေလာတယ်။   အဲဒီအခါ ကျွန်တော်လဲ စကားမပြောတော့ပါဘူး ။  သူတို့ လဲ စကားမပြော ကျွန်တော်လဲစကားမပြောနဲ့    ဘာသာဗေဒတခုအဖြစ် အသီးသီးနားလည်ကြတယ်ဆိုရင် သင်ယုံမလား။

အဲဒီမှာဂုရုကြီးတစ်ယောက်လဲရှိလေရဲ့    သူကတော့ သာမန်လူတော့မဟုတ်ဘူး။  စကားလဲမပြော အမူအယာလဲမမြင် အရောင်အဝါလဲမရှိ အနံအသက်လဲမပါဘူး။  လေပြေလားလို့ လဲမထင်နဲ့  ဝိဥာဏ်
တခုလဲမဟုတ်ပြန်ဘူး ။ သူကတော့ ဘာသာဗေဒ နက္ခတနဲ့  လောကီပညာအရပ်ရပ်ကို ထိုးထွင်းသိမြင်
နိုင်တဲ့  သူ( တစ်ယောက် တစ်ကောင် တစ်လုံး တစ်ပြား တစ်ခု တစ်စီး တစ်ချောင်း တစ်တုံး စသဖြင့် )
ဖြစ်လေသည် ။ 

ထိုနေရာတွင် ကျွန်တော် မနေတတ်ပေ သီးခြားကမ္ဘာတခုဖြစ်လေသည်။    သို့ သော်လဲ ကျွန်တော် 
ပျင်းလာလျှင်  စနောက်တတ်လေသည်။  ထိုအခါ ပျော်စရာတို့ သည်  မိုးစက်များပမာ တဖွဲဖွဲကျလာလေတော့သည်။   သူတို့ ဧ။် မျက်နှာတို့ သည်လဲ တခနချင်း   ပြုံးလိုပြုံး မဲ့ လိုမဲ့ နဲ့  
တခါတခါလဲဖြစ်ပေါ်လာတဲ့ မျက်နှာတွေကို ကြည့်ကြည့်ပြီး   ရီနေမိတယ်။  

သူသည် ဆိုးလေသည်  စိတ်လဲကြီးလေသည်။  လန့်သည်။  သို့ သော်လည်း ချစ်ခင်ပါသည်။ 

သူသည် စလို့ ကောင်းလေသည်။  ပျော်ရွှင်နေတတ်သည် ။ ညညလဲမအိပ် တပတ်တခါ လည်လည်သွာတတ်လေသည်။  အလုပ်လဲခုထိမလုပ်သေးပဲ ယောင်လည်လည်နဲ့  ပေတေနေသည်။ ပြောလိုက်ရင် တဟီးဟီးနဲ့  စိတ်မဆိုးတတ်ဟုထင်သည် ။ ထို့ ကြောင့် စိတ်ဆိုးအောင် ဘယ်တော့မှ
မခေါ်မပြောအောင် စဖို့ ကြိုးစားထားလေသည် ။ 

သူသည် ဘာမှအသုံးကျသူမဟုတ်  အားအားနေ မူးနေသူ ။  အရည်မရ အဖတ်မရများနဲ့ သာ 
အချိန်ကုန်နေသူ ။ ပေါက်ကရ ၄၀ လား ၅၀ လား အကုန်လုပ်သူ ။ ဘယ်နေရာရောက် ဇကပြမြဲသာ။

သူသည် တခုခုတော့ တခုခုပဲ ။ တခါတလေ လူများစွာနဲ့  ဟေးလားဝါးလားလုပ်လေသည်။ စိတ်ဆတ်သည်။
ပြသနာ ၁သောင်း၆ထောင် သူ့ ဆီ မကြာခနဝင်လာတတ်သည် ။ ထို့ ကြောင့် လူဆိုးစာရင်းဝင်နေသည်။

သူ့ ကိုတော့ တခါတလေ ချစ်ဖို့ ကောင်းသည်ဟု ပြောမိလေသောအခါ အံ့သြသလိုလိုနဲ့  ဘယ်သူ့ ကို
ပြောတာလဲဟု ပြန်မေးလေသည် ။ တကယ်တော့ ပျင်းနေတာနဲ့ စဖို့ လူမရှိသောကြောင့် ပြောခြင်းကို
သူမသိချေ။  အရမ်းလှတာပဲပြောသောအခါ  လူမှားနေပြီဟုပြန်လည်တုံ့ ပြန်လေသည်။  ရီရသည်။
အဲလိုပြောတာလေးက ပိုချစ်ဖို့ ကောင်းတယ် .....ဟင်.....တကယ်ပြောနေတာ .....ဘာကိုလဲ....ဘာပြောပြောချစ်ဖို့ ကောင်နေတာဟု ဆိုသောအခါ သူလဲရီနေတော့သည်။ 
ပြီးမှ တော်တော်အားနေလားဟုမေးလေသည်။ ဟုတ်တယ်အားလို့  စစရာလူမရှိလို့ စနေတာဟုပြောဖြစ်လေသည်။   

သူသည် ကျွန်တော့်ကို သိနေသည်။  ကျွန်တော် သိသည်ထက် သူကပိုသိနေသည်။  အရှေ့ မြောက်အရပ်စူးစူးက သူလာရသည်။  ခရီးဝေးလေသည်။ ပင်ပန်းသည် ။ တခါတလေ အမောပြေ လ္ဘက်ရည်စိမ်းတိုက်လိုက်သည်။   ဘီယာမသောက်ဘူးတဲ့ ။  စိတ်ဆတ်သည် ။ မထင်လျှင် မထင်သလိုရိုက်တတ်သူ။အဖြူနဲ့ အမဲ စပ်ထားသည်။ စုဗူးထဲသို့  ခေါက်တု့ံခေါက်ပြန်လျှောက်လေသည်။  
အနာသပိန်(စာလုံးပေါင်းမသိပါ)သူဥေးရဲ့ မြေးတော်စပ်လေသည်ဟုထင်ရသည်။  
လူတိုင်းသည် ပွင့်လင်းပါသလော  ။   ကျွန်တော်သည် မပွင့်လင်းပါ။    ပြောချင်နေသော်လည်း မပြောပဲနေဖြစ်သည်ကများလေသည်။   အကြောင်းမှာ  ပြောလိုက်သော  စကားတခွန်းကြောင့်   သူတဖက်သား စိတ်ဆင်းရဲမှာကို မလိုလားသောကြောင့်သာ။    ထို့ ကြောင့် တခါတခါ ကိုယ်တိုင်သာ စိတ်ဆင်းရဲရလေသည်များ  ရှိလေသည်။

ဘဝဆိုတာကို အိပ်မက်ထဲ အခါခါ စဉ်းစားဖြစ်သည် ။   စဉ်းစားလိုက်တိုင်း  ကြောက်လေသည်။   အစွယ်မပါ  အတောင်ပံမခတ်ပါပဲ ကျွန်တော့်ကို အခါခါချောက်လှန့် နေလေသည်။   သူတို့ ပြောပြောနေသော ဘဝသည်  အညတရလူတယောက်အဖို့    ကြောက်မက်ဖွယ်အတိ ။ တခါတလေလဲ   ပိုးဖလံတစ်ကောင်ဖြစ်ချင်မိရဲ့ ။    စိတ်ကူးတွေနဲ့ ပျော်  အကျော်အမော်တွေတောင် တဘုံးဘုံးကျရှုံးကုန်တယ်။
ကျွန်တော်သည် လူတွေပြောပြောနေကြသော မမြင်ရသော သံယောဇဉ်ဆိုတာကြီးကို တွေ့ ချင်နေမိသည်။
ဘယ်လိုပုံများဘာလိမ့် ဟု စဉ်းစားမိသော်လည်း မျက်လုံးစုံမှိတ် မှန်းကြည့်ပါသော်လဲ မမြင်။ သို့ သော် 
ကပ်ညိနေလေသည်။   

လူတွေပြောသောစကားအရ သာ ကပ်ညိနေတတ်သော သဘောရှိသည်ဟု မှတ်ရပေတော့မည်။ 
ထိုသို့  မကပ်ညိချင်ပါ ။ သို့ သော်လည်း ဝက်ဖြစ်ရင် .....မကြောက်ရဘူးဟုမှတ်သားမိလေသော် 
ငါ့လှေငါထိုး ပဲခူးရောက်ရောက် (ဘယ်ကိုရောက်ရောက်) ပေါ့ဟု ဖြေသိမ့်ရလေသည်။

ကျွန်တော် လှမ်းပေးနေမိတယ် မောင်ချဓါးတော့မဟုတ်ဘူး။ ကျွန်တော့်နှလုံးသား ။ လတ်ဆတ်ပူနွေးနေတဲ့  နှလုံးသားဆိုတာ တုန်ခါနေတဲ့  ကျွန်တော့်လက်တွေကသာ      သိနေတယ်။


လွမ်းဖြစ်သလားလို့ မေး၇င်တော့   မပြောချင်ဘူး။   အိပ်မက်ထဲမှာ ကျွန်တော်ပြောခွင့်မ၇ှိဘူးထင်တယ်။
သို့ ပေမယ့် အရာရာတိုင်းက လွမ်းစရာတွေချည်းပဲဆိုတာတော့  မျက်လုံးမှိတ်လိုက်တိုင်း မြင်ယောင်နေမိတယ်လေ။ ဒီလိုနဲ့  လွမ်းမောစရာကောင်တဲ့  အလှအပတွေကို ပုံဖော်ဖို့  ကြိုးစားနေမိတယ်။


 
********မျည်းကြောင်းတခုတည်းမှာ  လူနှစ်ယောက်ဘယ်လိုသွားမလဲ ဖြေပါ။*********





















   O           O
  ^I^       ^I^   --------------------->>>>>    ???????????
  )  (         )  (
____________________________________________________________________________






5 comments:

Crystal said...

ကိုယ့်ရှေ့က လူတွေလည်း ဒီလိုပဲ သွားခဲ့ကြတာပါ။
ကိုယ်လည်း ဒီလိုပဲပေါ့ :)

Candy said...

လူကိုပြောထားသလိုလိုပဲ... ဟွင်းဟွင်းဟွင်း....

ကျွန်တော် လှမ်းပေးနေမိတယ် မောင်ချဓါးတော့မဟုတ်ဘူး။ ကျွန်တော့်နှလုံးသား ။ လတ်ဆတ်ပူနွေးနေတဲ့  နှလုံးသားဆိုတာ တုန်ခါနေတဲ့  ကျွန်တော့်လက်တွေကသာ သိနေတယ်။

မိုက်စ်တယ်.. အဲ့စာသားကို ခိုက်တယ် :D

မိုးငွေ့........ said...

မသက်ဝေပြောသလိုပဲပြောတော့မယ် ဒန်တယ် တကယ်ဒန်တယ် သိလား...

အလွမ်းမြို့ said...

အားပေးတွားတယ်။

Angelhlaing(May everybody be happy and healthy! said...

fb မှာပြောခဲ့သလိုပဲ ..တစ်ယောက်ထဲတောင် အဆင်မပြေဘူးလို့...:D