မျက်စိထဲ မြင်မိတယ် သူသိပ်ဒံတယ် ။ ထင်ထားတာထက် 4 စားတယ် ။ ခိုမားဝါတယ် ။ ဈေးသည်ကိုင်တဲ့  အလေးတလုံး ဘယ်နားသွားထားတာလဲ ။ မသိပါဘူး ။ ခြင်းတောင်ထဲမှာပဲလို့ ထင်တာပဲ ။ လယ်ရှင်နဲ့  စားရင်းငှား ဘာကွာလဲ ? ဘာသိမှာလဲ လယ်လဲမလုပ်တတ်ဘူး ။ ကိုယ်တိုင်ပဲပြန်ဖြေတယ် ။ အိပ်ဆေးတွေတဗူးဝယ်ထားတယ် ။ ဘာလုပ်ဖို့ လဲ.......သိလား။ သောက်ဖို့ လေ ။ သောက်ပြီးအိပ်တယ် ။ အိပ်မက်တွေ မမက်တော့ဘူး ။ ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်သူနဲ့ မှမတွေ့ ရပါစေ ကိုယ်ပိုင်ပြခန်းတခုတော့ ရှိခဲ့ တယ် ။
အကူအညီတွေကတော့ လိုနေတာပါပဲ မပြောတာပဲရှိတယ် ။ နားလည်မယ်ဆိုတာလဲယုံကြည်တယ်လေ ။ နားလည်ပေးပါ ။ ကြိုးမပါတဲ့  စွန် ကလေးတစ်ယောက်လို ဟိုဒီပြေးပြီးမလွှတ်ချင်ဘူး ...............................။ ညနေချိန်တွေတိုင်းမှာ 1gb လောက်က ပျောက်ဆုံးသွားခဲ့ ရတယ် ။ ရောင်စဉ်တခုကို နားလည်နိုင်အောင် သရုပ်ခွဲကြည့်ခဲ့ ပေမယ့် ကျား နဲ့  ကြွက် သာခိုက်ရန်ဖြစ်ရလေသလားလို့  စိတ္တဇဖြစ်ရတယ် ။ တကယ်တော့ဘီး ဖြီးပြီး ဇီးပြားကြိုက်တဲ့ လူ ။
သူကတော့ အစကောက်အဆုံးကောက် ဂျိုင်းထောင့်တွေကို စိတ်ကုန်လို့ တဲ့  ကောက်ထားတာတွေ အားလုံးဘွမ်းပလိုက်တယ် ။ အမှတ်တရတွေတောင် မချန်တော့ဘူး ။ တကယ်တော့ ဟုတ်နေသလိုလို ပဇပဇ ပစပစ တခုခုတော့ များလွန်းနေတယ် ။ ဟုတ်ပါတယ် ။ မညင်းနဲ့  ။ ခက်တာက တကယ်တော့ လွယ်မှမလွယ်တာ သိသင့်တာပေါ့ ။ တတလ ပါပဲ သက်ကယ်ဂ သက်ကယ်ကို ပျံပြီး အတယ် ။ SC ဟင်းဟင်း LOL ............. သူစကားများလို့  အဲဒီမှာ မခင်တော့ဘူး ။
ဘယ်အရာမဆို တဆင့်တည်းနဲ့ တော့ရဖို့ မလွယ်ကူဘူး
ငါက ကောင်းကင်ပဲ``` ငါ့ကောင်းကင်နော် ။ ဘာမှလာမပြောနဲ့  မကြားချင်ဘူး ။ မမြင်ချင်ရင် မော့မကြည့်နဲ့  ။ ငါက သိမ်းငှက်မှမဟုတ်တာ ။
အဘဆီကို ပေးစာတွေရောက်တယ်ကွယ် ။ အဘလဲမျက်လုံးမကောင်းတာနဲ့  ဒလိမ့်တုံးနဲ့ ပဲ လှိမ့်လိုက်တယ် ။ စိတ်မရှိပါနဲ့ ငါ့မြေးရယ် ။ အဘမှာ သိပ်မမြင်ချင်တော့ဘူးလေ ။ အဘတို့ အသက်က ဗီဒီယိုတွေ ကြည့်ရမယ့်အရွယ်မှမဟုတ်တာကွယ် ။ ငါ့မြေး ကျမ်းမာပါစေ ။ ချမ်းသာပါစေ ။ အလှပြင်ဆိုင်က အုတ်တလုံးက သတိရတယ်တဲ့  ။ ရေနဲ့ အတူ ခဲလဲမျောခဲ့ မယ်လို့  ။
အကြွေးတွေတက်နေတယ် ။ တက်တာကအကြွေးမဟုတ်ဘူး ။ ပိုက်ဆံကထွက်နေတာ ။ သြော်
.......................................................................................................................................
အဲဒီနေရာမှာရပ်ထားတာ တစ်ရက်ကြာတယ် ။ မုမလာတော့လို့  အိပ်လိုက်တယ် ။ အိပ်မက်မမက်ဘူး ။ ကျွန်တော်ဖြူဖြူစင်စင်လေးပဲ ခင်မင်နေပါရစေ ။ တိမ်တိုက်တွေအကြောင်းမပြောနဲ့  မိုးရေတွေအကြောင်းမပြောနဲ့  လေပြေတွေ ထားလိုက်ပါ ။ အမှတ်တရအနေနဲ့  ဂိုဂဲကပုံကို ဂရမ်လိုက်တာ ဘုမသိဘမသိလိုက်လာကြတယ် ။ လှအိအိမ်ထောင်ကျပြီလို့  ပြောတော့ စွပ်စွဲခံရသေးတယ် ။ ကျွန်တော်နဲ့ တဲ့  >_< ။
ဒီနေ့  ထမင်းစားတယ် ။ မနေ့ ကလဲစားတယ်နော် ။ ကန်စွန်းရွက်ကြော်ပြီးပူပူလေးစားမလို့ ပြင်ပြီးခါမှ ထမင်းခူးလိုက်တာ ( အရွက်ခူးသလိုမဟုတ်) အရမ်းမာနေလို့  စားမရ ။ ထမင်းကြော်ဖြစ်သွားတယ် ။ ဒီတော့ အကြော်၂ခုစားလိုက်တယ် :D ။ လက်ရာတွေက သေသပ်လွန်းတော့ မထင်ရဘူး ။ ဝက်သားလဲ ကင်စားလိုက်သေးတယ် ။ ပြောရင်းနဲ့ ပြန်ဆာလာတယ် ။
သုတေသနလုပ်နေတာတော့မဟုတ်ဘူး ။ ၅၀မမေ့ဘူး ။ မုန့် လုံးစက္ကူကပ်လို့  ဒဏ်ခတ်ထားတာ ။ လူတွေက လွန်လွန်းတယ် ။ မပြောမသိ မထိမနာ ထုံးတို့ တုန်းတစ်ချက်ပဲတွန့် တဲ့  မျှော့ ကျွဲပါးစောင်းတီး နွားပလာတာကျွေး အဲလိုတွေ ကြားဖူးတယ် ။ ခင်မင်လို့ ရတယ် ။ ဘိုးဘိုးအောင် ဝလုံးတော့မလုပ်နဲ့  ။ တလုတ်စားဖူးသူ့ ကျေးဇူးဆိုပြီး ခနခနဝယ်မကျွေးနဲ့  ပါးစပ်နဲ့ ပြောရုံနဲ့ ကျေသွားမယ် ။ မကောင်းနဲ့  ကင်းနဲ့  မကင်းနဲ့  ကောင်းက ဘာတော်လဲတော့ မသိဘူး ပတ်ရှုပ်နေတယ် ။
ကျွန်တော် ကြိုးကွင်းစွပ်ပြီး သေခဲ့ ရင် ဘယ်သူဘာဖြစ်မလဲ ။ အဲဒီကြိုးကိုကြောက်တယ် ။ ရန်ကုန်မှာလို တိုက်ပေါ်ကချလို့ ရရင်တော့ ကောင်းမယ် ၊၊ နံနက်စာ ကြိုးလေးဆွဲတင်ရုံလေးပဲ။(သချာင်္ပုစ္ဆာထက်ခက်တာဘာလဲ ??= လူ )ဘယ်သူမှလာမဖြေနဲ့  အသံထွက်လေးတလုံးက ကြောက်စရာကောင်းတယ် ။ ဒါကြောင့်လဲ သူက သရဲမကြောက်တာပေါ့ ။ ခုတလော ခါးနာတယ် ။ ဆိုင်လဲ ဧည့်သည်မလာ ဘာမှလဲမလုပ် စား အိပ် ထိုင်ခုံမှာထိုင် ဖုန်းကလိ ခါးနာနေတာ ၂ရက်ရှိပြီကွယ် ။ အိပ်တာများလို့  ဟိုလှည့်ဒီလှည့် အဲဒါကြောင့်နာတာ။ သိတယ် ။ နေလို့ ကောင်းအောင် အိပ်ယာထဲလှဲပြီး နေတယ် ။ ပြန်အိပ်ချင်လာတော့ ထပ်အိပ်တယ် ။ ခုလဲ အိပ်ချိန်ရောက်ပြန်ပြီ ။ အိပ်လိုက်အုံးမယ် ။ ကျန်တာဆက်ရေးမယ် ။ သူကပြောတယ် မရေးနဲ့ ပေါ့တဲ့  ရေးမှာပဲ ရေးချင်လာတာကို ။ ဘာကြောင့်မှမဟုတ်ဘူး ။ တစ်ယောက်တည်း စကားပြောနေတာ ။
................................................
ကဲ ဘာလိုလိုနဲ့  ၂ရက်ကြာသွားတယ် ။ ခုမှပြန်ရေးရမယ် ။ ဘာနဲ့ ရေးသလဲလို့  မမေးနဲ့  စက်လှေကို သော့နဲ့ ဖွင့်ပြီးရေးနေတာ ။ စာလုံးတွေကတော့ တောင်ဝှေးတစ်ချောင်းထမ်းပြီးတော့ မြေလျိုး မိုးပျံနေကြတယ် ။ ဘာရယ်လို့ မဟုတ်ဘူး ဟိုတနေ့ က တကယ်မသိတာ တွင်းတူးကြည့်တော့မှ သွေးစတွေ ပေပွနေတဲတာကို တွေ့ မိတယ် ။ ရင်ဘတ်တွေအောင့်နေတယ်တဲ့  ။ အိပ်မက်ထဲမှာ ထိတ်လန့် မိတယ် ။ ကောင်းကင်မှာ မှိုင်းညို့ ကုန်တယ် ။ လေပြေတွေကတော့ ပိုပိုပြီးအေးစက်လာခဲ့ တယ် ။ ကြမ္မာမုန်တိုင်း စိုင်းချင်ရာစိုင်းလိုက်ပါလို့  ရေရွတ် ပေပေတေတေနဲ့ ပဲ အဲဒီကမ္ဘာထဲက ထွက်လာခဲ့ လိုက်တယ် ။ ဟောဒီလူအဖို့  ပင့်ကူအိမ်ထဲက လွတ်မြောက်လာတဲ့  ပိုးဖလံတစ်ကောင်လိုပါပဲ ချည်မျှင်စတွေကတော့ တိုးလို့ တန်းလန်း............... ။
........................................
ဘယ်နှရက်ကြာမှန်းမသိတော့ဘူး .......... ခုမှရေးချင်လာလို့  ရေမလို့ လုပ်တာ ဖွင့်ထားတဲ့ သချင်းက အာရုံလာနောက်နေလို့ ပိတ်လိုက်တယ် ။ နာကိုး အေးရော........... :) ။ ခုတလော ညည အိပ်မရပြန်ဘူး
အာရုံတွေ ကမ္ဘာပတ်နေတယ် ။ စိတ်ကလဲထောင်းကနဲဆို ............ဖောင်းကနဲပဲ :D ။
ဟိုတလောကပေါ့  အမေ့ ဆီကို ဖုန်းဆက်ဖြစ်တယ် မကြာသေးပါဘူး ။ ကဗျာတွေစာတွေမှာသာ နူးညံ့ တတ် လွမ်းဆွေးတတ်တဲ့ အမေ့ သား အမေနဲ့ ဖုန်းပြောရင် သူမဟုတ်သလိုလိုနဲ့ လေ ။ တကယ်တော့ ကျွန်တော် စိတ်ကူးယဉ်တွေထဲက လွတ်မြောက်ဖို့  ကြိုးစားနေသူလေ ။ လေထဲမှာတိုက်ဆောက်ခဲ့ တာ တေဇလောက်ကတော့ပျင်းတာပေါ့ ။ ဂင်းနစ်စံချိန်ဝင်အောင် ကမ္ဘာပတ်ခဲ့ သူတွေကို စိတ်ကူးတွေနဲ့ ကျောပစ်ခဲ့ တယ်။ ...............စသဖြင့်ပေါ့
ကျွန်တော် လက်တွေ့ ဘဝကို အကောင်အထည်ဖော်ချင်တယ်အမေ ။ ဒါဟာလဲ စိတ်ကူးတဝက်လောက်နီးပါးပါနေမလားပဲ ။
ကျွန်တော့်မွေးနေ့ တဲ့  မသိပါဘူး အမေ့ သားကအရာရာကို အလေးအနက်မထားတတ်တဲ့  သူဆို မှန်နေလိမ့်မယ် ။ လွန်ခဲ့ ပြီပေါ့ ။ သူများပြောပြလို့  သိတာ ။ အဲဒီနေ့ က သူငယ်ချင်းတစ်ယောက်က ကိတ်မုန့် ဝယ်ကျွေးတယ် ။ အမေ့ဆီတော့ ဖုန်းဆက်ပြီးစကားတွေပြောဖြစ်ခဲ့ တယ် ။ လောကမှာလေ အမေက နံပါတ် 1 ပဲ ။ ကျွန်တော့် အပေါ် နားလည်မှု ပေးနိုင်ဆုံးသောသူ ။ ကျွန်တော့် မျက်နှာကို အောက်စဖို့ အဘိဓါန်တစ်အုပ်လို အလွတ်ရနေသူ ။
သံယောဇဉ်ဆိုတာ ဘာလဲ ? အချစ်ဆိုတာ ဘာလဲ ? ခင်မင်မှုကရော ဘာလဲ ? အဲဒီအရာတွေ အားလုံးကရော တည်မြဲနေသလား ? ဘယ်အရာတွေက ခိုင်မြဲသလဲ ? ဖြေပါ................ကျွန်တော့်အဖြေကတော့ လူတဦးတစ်ယောက်ရဲ့  ခံယူချက်နဲ့  အခြေအနေတွေ အချိန်အခါတွေက သူတို့ ရဲ့  တန်ဖိုးထားမှုတွေအပေါ်မှာ ပြောင်းလဲသွားတတ်ကြတာလို့ ပဲထင်မြင်တယ် ။ သဘောထားကွဲလွဲနိုင်ပါတယ် ။
ကောင်းကင်ကလူက လေလှိုင်းတွေခိုစီးပြီးရောက်လာတယ် ။ သတိရလို့ တဲ့  ။ ဝမ်းသာပါတယ် ။ သတိရနေတဲ့ သူတွေကိုပဲ သတိရတော့မယ် ။ ကျွန်တော့် အသံကို မမှတ်မိတော့တာကိုတော့ ကိုယ်တိုင်ပဲ တွေးယူလိုက်တယ် ။ ငါ ပြောင်းလဲသွားလို့ ပဲဖြစ်မှာပါလေ လို့  ။ ဟုတ်တယ် ကျွန်တော်
အများကြီးပြောင်းလဲ နေပြီ ။ အရင်လိုမဟုတ်တော့ဘူး ။ လူတွေဆီကပဲ ပညာတွေလက်ဆင့်ကမ်းမှတ်သားရင်းနဲ့ ပေါ့  ။
နေကောင်းလားတဲ့  ကောင်းပါတယ်လို့  ဘာလုပ်နေလဲတဲ့  ထိုင်နေတယ်လို့  ပန်းသီးတလုံးကို ကွန်ပြူတာနဲ့  ဘယ်လိုချိတ်မလဲတဲ့  စသဖြင့် ရောက်လာခဲ့ တယ် ။ သူ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိတော့ဘူး အဲလိုပြောလိုက်လို့  စိတ်ဆိုးနေမလားပဲ ။ ခန ပြောတာ ရေးတာ ခနစောင့်ဖတ်မှပေါ့ ။
ကျွန်တော် လူကဲခတ် မညံ့ တော့ဘူး ။ ခု ကျွန်တော် ချောသွားပြီသိလား ။ စိတ်မဆိုးရဘူးနော် ။ ဖုန်း ခြံ တိုက်ခန်း မြေ တီဗွီတွေ ဘာလုပ်ဖို့ လဲ ။ စိတ်ချမ်းသာသလိုပဲနေပါ ။
သူစကားများပေမယ့် ဟိုတခါကမခင်တော့ဘူး ။ ခုတော့ ဘာပလီကေးရှင်းမှန်းမသိ ပြန်ထည့်လိုက်တယ် ။
ခုတလော ၂လုံးသောက်တောင်မမူးဘူးဖြစ်နေတယ် ။ ဘယ်လောက်ပဲအိပ်လဲ အိပ်လို့ မဝဘူးဖြစ်နေတယ် ။ ည ၁၂လောက်က ပုံတပုံပို့ မလို့  လုပ်တာ မနက် ၂နာရီထိုးတောင်မရသေးဘူး ။လေတာပဲ ။ လိပ် ခရုတို့  MPT တို့ ထက်ပိုနှေးနေတယ် ။
လောင်ကျွမ်းနေသော မြို့ ငယ်လေး
မုသားအနေနဲ့  လူကြားကောင်းအောင်ပြောရရင်
ကျွန်တော့်မှာ ခံစားချက်ဆိုတာ မရှိဘူး အဲဒီတော့ ဝမ်းသာတာ မရှိဘူး ဝမ်းနည်းတာမရှိဘူး
ငိုကြွေးတာမရှိဘူး ခင်မင်မှု .....သွားစမ်းပါ သံယောဇဉ်လား ..... ဘာမှန်းကိုမသိဘူး
နူးညံ့ နှလုံးသားဆိုတာလဲမရှိမှတော့ အချစ်ဆိုတာကရော ရှိမှာတဲ့ လား မယုံနဲ့ ....... ဘယ်သူမှမယုံနဲ့ 
ဘယ်သူ့ ကိုမှလဲ မယုံချင်တော့ဘူး တကယ်တော့
ကျွန်တော်က ဆွေးမြေ့ လွယ်တဲ့  ကောက်ရိုး ချည်မျှင်တွေနဲ့  ရပ်တည်နေတာလေ
ခပ်ဆွေးဆွေးလေးနဲ့  သေဆုံးရမှာကို လောကကြီးက ဒဏ်ခတ်ခဲ့ တာထင်တယ်။
အဲဒါကျွန်တော်ပဲပေါ့ ။ ဘာလိုလိုနဲ့  ထပ်ပြီး စိတ်ကူးယဉ်လိုက်ပြီ ။ :D
သချင်းတွေထဲမှာကြားကြားနေကျ မင်းရှိမှ ကိုယ့်ဘဝပြည့်စုံမှာတဲ့  မင်းမရှိလို့  မဖြစ်ဘူးတဲ့  မင်းဟာငါ့ရဲ့  နတ်သမီးတဲ့  တစက္ကန့် မှမမေ့ဘူတဲ့  အချိန်တိုင်မင်းပဲတဲ့  နေ့ တွေညတွေ မင်းပဲသိမ်းပိုက်တယ်တဲ့ 
ထုတ်ဆီးထိုးတာတွေရော သေနတ်ပစ်တာတွေရော ဗိုလ်ကျားဆွဲတာတွေရော တူတူပုန်းတာတွေရော
ရှုပ်နေတာပဲ ဘာတွေမှန်ကိုမသိဘူး....... ဒီလိုညမျိုး ဖြတ်ကျော်တိုင်းတော့ ငါလွမ်းနေဆဲပါပဲ ။
4 comments:
ဒန်ချက်ကတော့လန်ထွက်တယ် ကဖြိုးး
သတိရနေတယ်
ဂျာရစ်
ကောင်းကင်ကလူ.......မဟုတ်တာ......အဲ......ဒါဖြင့် မ
ဟုတ်ဘူးပေါ့......ဟုတ်တယ်လို့ ဘာသာထင်နေသေး
တာ....အေးလေ.....ဒီလိုပဲထင်တလုံးနဲ့.......
ဘာကို ဘယ်လိုမန့်ရမလဲတောင် မသိတော့ဘူး.. သူ့ကို လိုက်မှီအောင် မနည်းဖတ်နေရတယ် ဟဟဟဟ xD
ကိုဖြိုးရဲ့ပို့စ်တွေကို ပုံမှန်ဖတ်လာတော့ အရင်လို့ မမူးတော့ဘူး ကြောင်းကျိုးလေးတွေ ဆက်စပ်တတ်လာလို့ဖြစ်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment