Pages

Thursday, October 4, 2012

သင်ခန်းစာ

         ကျွန်တော် လိုချင်တဲ့ ဘဝတခုကို အစွမ်းသတ္တိတခုခုနဲ့  ဖန်းတီးလို့ ရခဲ့ ရင်ပေါ့ .....................
မဖြစ်နိုင်တာတွေကိုမှ စိတ်ကူးယဉ်ချင်သူလေ ။ ဟားတိုက်မရယ်နဲ့  အဲဒီတောင်ထိပ်ကြီးချွန်အောင်
ကျွန်တော်ဆုပ်ကိုင်လိုက်တာမဟုတ်ဘူး ။ တကယ်တော့ ဒါဟာ ဟန်ဆောင်မှု သက်သက် ။ ကျွန်တော့်
လုပ်ရပ်တွေက စိတ်ကိုဖော်ပြ မနေဘူးလား ဟင်...........????



မြို့ ပြရဲ့  နံနက်ခင်းတွေကလှပနေတယ်ဆိုတာ ကျွန်တော် သတိမထားမိခဲ့ ဘူး ။ လှပနေတယ် ။ ညဘက်တွေရော လှပနေမှာပါပဲ ။  အလင်းတွေနဲ့  စိတ်ရှည်လက်ရှည် ပုံဖော်နိုင်ရင်ပေါ့ ။  တကယ်ကို လှပနေမှာ ။  ကျွန်တော့်ရဲ့  ညတွေနဲ့  နံနက်ခင်းတွေကတော့  မလှပခဲ့ တာကြာပေါ့ ။  ဒီလိုနဲ့  ကျွန်တော်
အားလုံးရဲ့ အဝေးမှာ နေသားတကျနေတတ်ခဲ့ ပြီ ။

 တခုခုကိုလွမ်းတယ်လို့  မခံစားရဘူးလား ???  မလွမ်းပါနဲ့   ကျွန်တော်ပဲလွမ်းမယ် ။  အလွမ်းဆိုတာ လွမ်းပါများရင် နွမ်းသွာတတ်သလား ??? ကျွန်တော် မသိပေမယ့် လွမ်းဖြစ်နေတယ် ။  

ကျွန်တော်ပဲ သိဖို့ လိုတယ် ဘယ်သူမှသိဖို့ မလိုဘူး ဒီလိုနဲ့  ကျွန်တော် ကိုယ့်ကိုကိုယ် ရူးသွပ်လာအောင် ကျင့်ယူခဲ့ တယ် ။ အရူးတပိုင်းဖြစ်တဲ့ အထိပေါ့ ။ တစ်ယောက်ထဲအခန်းကျဉ်းထဲ တိတ်ဆိတ်စွာပဲ ဖြတ်သန်းတယ် ။ ကျွန်တော်ပဲအတ္တကြီးတာလား မသိဘူး ။ လမ်းတလျှောက်ကျကျန်ခဲ့ တဲ့  ဖွဲတွေလိုပါပဲ ။
ကျွန်တော့်လမ်းတလျှောက်မှာပျံ့ ကျဲလို့ ....။  ကျွန်တော် အမြင့်ကြီးကို မမှန်းပါဘူး အနဲဆုံးတော့
တိရိစ္ဆန်ဆရာဝန်လောက်ဆိုရင်ဖြစ်တယ် ။

 မြို့ ပြရှူခင်းကို ကျွန်တော်လှမ်းမြင်နေရတယ် ခပ်ရေးရေးလေး ။ ဒါပေမယ့် ကျွန်တော် လူတွေရဲ့ စိတ်ကို လှမ်းမမြင်တတ်ဘူး ။ ကျွန်တော့် လူညံ့ တစ်ယောက်ပါ ။ ကိုယ်ထင်ရာ ကိုယ်တွေးတတ်တဲ့ လူ လူတဖက်သားရဲ့  စိတ်ကို နားမလည်နိုင်တဲ့ လူ ။ လူတွေနဲ့ ပတ်သတ်ရင် ကျွန်တော် အလံတလူလူ မလွှင့်နိုင်တဲ့  လူပါ ။

 ကျွန်တော် ကဗျာတွေ မရေးတော့ဘူး။ ဟုတ်တယ် မရေးတော့ဘူးလို့  ကိုယ့်ကိုယ်ကိုသတိပေးတယ် ။ ခုလို စာရေးနေတာတောင် ဘယ်ချိန်ကသရဲဝင်ပူးနေမှန်းမသိလို့ ။
တကယ်တော့ ကျွန်တော်က ကိုယ်သေဖို့  ကိုယ့်ရိက္ခာ ကိုယ်ရှာနေသူတစ်ယောက် ။ မရေရာတဲ့  နေ့ ရက်
တွေနဲ့ မသေချာတဲ့  နေ့ ညတွေကြား  အပေါစားစိတ်ကူးတွေနဲ့  မိန်းမောနေသူ ။

 ကျွန်တော် လောကကြီးကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ချင်တယ် ။ အဲဒီလိုကြည့်တတ်ဖို့  ကျွန်တော့်မှာ အရည်အချင်းတွေ အရည်အသွေးတွေ အများကြီးလိုအပ်နေသေးတယ်ဆိုတာ သိနေတယ် ။ တကယ်တော့ ကျွန်တော်က ဘာမှမဟုတ်တဲ့  မြေပဲဆံလေး ။  (ကျွန်တော်=မြေပဲဆံ)


 ဘယ်တော့မှ စိတ်ကူးတွေနဲ့  မမျှော်လင့်တော့ဘူး ။ တောင်ထိပ်ကို ရောက်ဖို့  ကိုယ်တိုင် အပင်ပန်းခံပြီး အမောဖောက်အောင် တက်ခဲ့ ရတာ ဒါမှပဲ တောင်ထိပ်ကို ရောက်ခဲ့ ရတယ် ။ တောင်ထိပ်ရောက်တော့မှ
အပေါ်စီးကနေ အရာရာက လှပနေတော့တယ် ။ ကျွန်တော့် အမောတွေ ပြေပျောက်သွားခဲ့ တယ် ။
အဲဒီအတွက် ရလိုက်တဲ့ သင်ခန်းစာက ကျွန်တော် ဘယ်တော့မှ စိတ်ကူးနဲ့  မမှန်းမျှော်တော့ဘူး ။
မဖြစ်နိုင်ရင် ဘာကိုမှမလုပ်ဘူး ။  ဖြစ်နိုင်တာတွေကို ဖြစ်နိုင်ဖို့ အတွက် ကြိုးစားမယ် ။ 


















6 comments:

mstint said...

စိတ်ကူးယဉ်အိပ်မက်ဆိုတာ မမောမပမ်းမက်နေရင် လက်တွေ့နယ်ပယ်မှာ အကောင်အထည်ပေါ်လာစမြဲပါ ကိုဖြိုးရေ။ တိုက်ဆိုင်မှုလေးတစ်ခုအနေနဲ့ မနေ့က တီတင့်တင်လိုက်တဲ့ တဂ်ပို့စ်လေး အချိန်ရရင် ဖတ်ကြည့်နော်။ ဓာတ်ပုံတွေကြည့်ပြီး ကြည်နူးမှု လွမ်းမောမှု စိတ်အေးချမ်းမှုတို့ကို မြေပဲဆံလေးနဲ့အတူ ခံစားသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

မြင့်မြင့်တက်ပြီး များများကြည့်မယ် ...။

ဖြစ်နိုင်တာတွေ ဖြစ်နိုင်ဖို့ ကြိုးစားမယ် ...။

ဒါဆို ညတွေရော မနက်ခင်းများပါ လှပလာမယ် ...။

မိုးငွေ့........ said...

Nice shot phyo...good job my cameraman carry on your work...

Candy said...

ကိုဖြိုးကဗျာတွေကို လွမ်းတယ်... မြေပဲဆံတဲ့ >.< တွေးလည်း တွေးတတ်တယ်

ညိမ်းနိုင် said...

မြေပဲဆံလေးနဲ့ ဘီဘီလေးနဲ့....:P

စံပယ်ချို said...

တတ်နိုင်ရင်တော့ကဗျာလေးတွေရေးပါ
ပုံတွေအရမ်းကိုလှတယ်