Pages

Friday, December 21, 2012

သတိရရင်ပြန်လာတယ်

                                       ဒါဏ်ရာများနဲ့ ပန်းတပွင့်

                             နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ ကြပါစေ

                                       တောင်ကြီးဖဝါးအောက်

 ကင်မရွန်ဟိုင်းလန်းကို အလည်တခေါက်ရောက်ဖြစ်လိုက်သေးတယ်။ အရင်ကတော့ ytz နဲ့ နှစ်ယောက်သွားလည်ဖူးခဲ့ တယ်။ ခုတခေါက်ကတော့ သူများမင်္ဂလာဆောင် မထင်မှတ်ပဲရောက်သွားတာ ။ တောင်ကြားတွေမှာ တကယ့်မြန်မာရွာကြီးတွေအတိုင်းပါပဲ စိုက်ခင်းတွေမှာအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေအများကြီးပါပဲ ။ စိုက်ခင်းတခုမှာဆို အလုပ်သမားပေါင်း ၉၀ ကျော် ၁၀၀နီးပါး၇ှိကြတယ် ။ မင်္ဂလာဆောင်တာလဲ တကယ့်မြန်မာပြည်တောရွာဓလေ့ အတိုင်း ဆောင်းဘောက်ကြီးတွေဆူညံနေအောင်ဖွင့်ပြီး သီချင်းဆိုကြ ကကြနဲ့  ကိုယ့်ရပ်ကိုယ်ရွာအတိုင်းပါပဲ ။ အံသြလို့  လိုက်ကြည့်နေရတယ် ။ စိုက်ခင်းတွေက တကယ်ကို သာယာတယ် ။ သထေးကလဲ မနက်ခနပဲလာတာ ။ ဘယ်သူမှ အော်ငေါက်မယ့်လူမရှိဘူး ။ လုံဝလွတ်လပ်တယ် ။ မြို့ ကအလုပ်တွေနဲ့ တော့ကွာပါ့ ။ အဲဒီတောထဲမှာပဲ အပင်သွားစိုက်ရင်ကောင်းမလားလို့ တောင် တွေးမိသေးတယ် ။ တကယ်တန်းကျတော့ ဒီလူက မနေနိုင်ပါဘူး ။ တွေ့ သမျှရှုခင်းတွေ ရိုက်မလားလို့  စဉ်းစားပြီးသွားခဲ့ တာ တက်တက်စင်အောင်လွဲသွားတယ် ။ လာသမျှလူကိုပဲရိုက်ပေးနေရတယ် ။ ဘာမှမတတ်ပါဘူးဆိုမှ ........။ ဖြစ်ချင်တော့ သတို့ သားက အသားမဲနေတယ် ။ သတို့ သမီးကလဲ မိတ်ကပ်လိမ်းထားလိုက်တာများ မျက်နှာတကွက်ပဲ ဖြူဖွေးနေတယ် ။ နီစ်ယောက်ယှဉ်တွဲပီးရိုက်ခိုင်းတော့ အဲဒီမှာ ပြသနာက စတယ် ။ ကင်မရာစက်တင်ကို ဘယ်လိုမှချိန်မရဘူး ။ သတို့ သမီးကိုအလင်းမှန်နေရင်လဲ သတို့ သားက မဲတူးသွားတယ် ။ သတို့ သားကိုချိန်ပြန်တော့ သတို့ သမီးက မျက်နှာက မပြောကောင်းမဆိုကောင်း လူသေမျက်နှာလိုဖွေးဖွေးကြီး......ဟီးဟီး  လေတယ် ။  မထူးပါဘူးဆိုပြီး normal mood နဲ့ ပဲကစ်ရတော့တာပေါ့ ဘယ်သူသိတာမှတ်လို့   :P    ညမိုးချုပ်၁၁ထိတောင် မပြီးသေးဘူး သောက်ကြစားကြနဲ့  ရှိသမျှလူအကုန်မူးကုန်ကြတယ် ။ ကျွန်တော်မပါ  :)  ပျော်စရာကောင်းပြီး ရိုးသားပွင့်လင်းကြတဲ့  လူတွေ တောထဲတောင်ထဲမှာပဲရှိကြတော့တယ်ထင်တယ်လို့  တွေးလိုက်မိသေးတယ် ။
                                လှပတဲ့ နေ့ ရက်တွေ ပိုင်ဆိုင်ကြပါစေ

                                           ရှက်သွေးဖြာသောညနေခင်း
ရှိစုမဲ့ စုပုံလေးတွေကိုထုတ် စိတ်ကူးပေါက်တာတွေနဲ့  ခေါင်းစဉ်တပ် ကာရံတွေတော့မပျက်လောက်ပါဘူးနော် ။

                                                  ဆည်းဆာအလှ

ဘာကြီးလဲလို့ မမေးလိုက်နဲ့  ဘာမှန်းမသိဘူး တွေ့ တာရိုက်လိုက်တာပဲ  ။ ဟိုနေ့ က ပီနန်မှာ မလေးလူမျိုးတွေရဲ့  ရိုးရာပွဲတော်တခုထင်တယ် ဘာလဲမပြောတတ်ဘူး ။ အဲဒီကိုသွားလည်တာ ဈေးပွဲတော်လိုသဘောမျိုးပါပဲ ဝင်ကြေးတစ်ယောက် RM 3 ပေးရတယ်။ဆိုင်တဆိုင်မှာအဲဒီကွင်းလေးတွေချိတ်ထားတာတွေ့ တာနဲ့ ရိုက်လိုက်တာပဲ ။
လူတွေကမလည်တာကိုလဲ လူတွေပဲလည်အောင်လုပ်ကြတယ် တော်တော်လည်တဲ့ လူတွေ လည်နေတာကိုလဲ လူလည်တွေကကြိုက်ကြတယ် ။ ဘယ်သူဘယ်လောက်လည်လည် လူလည်တွေလောက်တော့ မလည်ဘူး ။ လူလည်တွေက လူဘုံလည်လဲ လည်ကြတယ်။ ဟောကြည့် တော်တော်လည်တဲ့ လူပဲ ခုလိုရေးထားတာကို လည်လည်ဝယ်ဝယ်ပဲဖတ်နေတယ် ။ သြော် လူတွေ လူတွေ တော်တော်လည်တဲ့  လူလည်တွေပါလား ။    :P :D
                                   တော်ပေါ်က တောပန်းလေး ။

 တိတ်ဆိတ်ခြင်းက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်မဖြစ်စေဘူးလေ။

     မျက်လုံးများ
သူကမျက်လုံးတွေများပေမယ့် သူ့ အကြည့်တွေက လူတွေကိုရှုံးတယ် ။ လူတွေများလူတစ်ယောက်ကို ကြည့်လိုက်မယ့်ဖြစ်ချင်း အကြည့်မျိုးစုံ ။ အဲဒီအကြည့်တွေကနေသူတို့ ရဲ့ စိတ်ခံစားမှုတွေကို ဖော်ထုတ်ကြပါရောလား ။ ..............  ^_^

နှစ်သစ်မှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျမ်းမာကြပါစေ ။ 

4 comments:

Cameron said...

ကျေးဇူးပုံလှလှတွေမျှဝေပေးတဲ့အတွက်...။ ပျော်ရွှင်တဲ့နှစ်သစ်လေးပိုင်ဆိုင်နိုင်ပါစေ ကဖမမ...း)

ညိမ်းနိုင် said...

မီးသီးတန်းပုံကို မနဲကြည့်ယူရတယ်...ဘာလေးတွေပါ
လိမ့်လို့......

Candy said...

ဟဟဟဟဟ သတို့သမီးနဲ့ သတို့သားကို ပြောလိုက်တာလည်း ရစရာမရှိဘူး xD xD သူတို့ကြားရင် ကွကိုသတ်သေလောက်တယ် xD သူ့စာဖတ်မိမှ နေရင်းထိုင်ရင်း လူလည်ဖြစ်ရတယ်...

လူလည်ကြီး ဟွင်း :P

စံပယ်ချို said...

ကင်မရွန်ဟိုင်းလန်းကို အလွမ်းပြေလာရောက်ခံစားလျှက်