အဲဒါကြောင့် သွားမယ်လို့  စိတ်ကူးထားတာကြာပြီ။ မနေ့ ကမှ ဆိုင်ကကောင်လေးတွေ
သူတို့ လဲသွားချင်တယ် သွားကြမယ်ဆိုလို့  အစီအစဉ် မရှိပဲ ဖြုန်းစိုင်းသွားကြတာ
အဲဒီညလို ကိုရဲထွန်းဇော်ကိုလဲ အဖော်စပ်သေးတယ်။ ရုတ်တရက်ကြီးမို့  သူလဲမလိုက်နိုင်ဘူး
တခြားသူငယ်ချင်းတွေကလဲ သူတို့ ကိုမခေါ်ဘူးလို့  ပြောနေကြတယ်။ တကယ်တော့
မခေါ်ချင်လို့  မဟုတ်ရပါဘူး။ အခုရောက်သွားခဲ့ တဲ့  ကျွန်တော်တောင် ပိုက်ဆံလေး ၄၀
တည်းရယ်။ဝင်ကြေးက ၃၀ပေးရတာ။ နောက်တစ်ခါ တစ်နေရာရာသွားဖြစ်ရင် ကြိုတင်
အကြောင်းကြားပါ့မယ်လို့  ပြောပါရစေ။
မနက် ၁၁ နာရီကျော်လောက် TAXI ငှားပြီး သွားကြတာ ရင်းဂစ် ၉ ကျပ် ပေးရတယ်။
အားလုံးလေးယောက်သွားကြတာ။ ကားပေါ်ကဆင်းတော့ ZOO NEGARA ဆိုတာကြီးကို
ရောက်တယ်။
ဒါကအဝင် ဆိုင်းဘုတ်ကြီး။
ဒါကအဝင်လက်မှတ်ဝယ်တဲ့ နေရာ
ဝင်ကြေးက ၃၀ တည်းပါ။
ဝင်းကြေးပေးပြီး လက်မှာ အပတ်လေးတွေပတ်ပြီး အထဲဝင်ကြည့်ကြဖို့ မြေပုံစာရွက်လေး ပေးမယ်
မှတ်နေတာ အဲဒီမြေပုံ စာရွက်ကိုလဲဝယ်ရတယ်ဗျ ၂ကျပ် ။ ပါလာတာ ၄၀ တည်းဆိုတော့လေ................
အထဲရောက်တော့ မြေပုံလေးကိုကြည့်ပြီး လေးယောက်သား ယောင်လည်လည်နဲ့ ပေါ့။
တစ်နေရာအရောက် ချောင်းဘေးကနေ ဖွတ် တစ်ကောင်ပြေးတက်လာတာတွေ့ တော့
(ဟိုမှာဖွတ်ကြီးကွ ဓါတ်ပုံရိုက် ဓါတ်ပုံရိုက်) ကင်မရာကိုင်ပြီး အတင်းလိုက်ရိုက်တာ ဖွတ်ကအပင်တွေကြား
ထဲမှာ တုံးချက်ကိုပြောပါတယ် တိရိစ္ဆာန်ရုံကိုလာပါတယ်ဆိုနေ ဖွတ်ကိုစတွေ့ တော့ အံ့သြတကြီး
လေးယောက်သားဖြစ်နေလိုက်ကြတာ ပြီးတော့မှ ငါတို့ လာတာ တိရိစ္ဆာန်ရုံလေလို့ ပြောတော့မှ
အေး ဟုတ်တယ်နော်တဲ့ 
အဲဒီဖွတ်ကိုလေ စစတွေ့ ချင်း အံ့ သြပြီး လေးယောက် ထအော်ကြတာ
အရမ်းနံတဲ့  သစ်ကုလားအုပ် လား သစ်ကလယ်အုပ် လားမသိဘူး
(A giraffe is able to clean its ears with its own tongue … )သူ့ နားရွက်ကို လျှာနဲ့ ပြန်လျှက်နိုင်တယ်ဆိုပဲ။
သူကတော့ ပန့်ခ် ဒီဇိုင်းနဲ့ 
ဘာငှက်လဲတော့မသိဘူး
ဒေါင်းလဲ အမွေးလှလှလေးတောင် မထွက်နိုင်တော့ဘူး နှုတ်ရောင်းစားကြတာနေမှာ
အသွေးအသားတွေရဲနေတယ်။
မျောက်တွေလဲ သစ်ပင်တက်ခွင့်မရှိကြဘူး။ စိတ်ဓါတ်တွေကျနေတာထင်ပါတယ်။
ကုလားအုပ် လား လား လားမသိဘူး။
ပုတ်သင်ညိုတွေထင်တယ် အဝါရောင်ကတော့ ပုတ်သင်ဝါပေါ့။
ဒါဏ်ငွေ ၅၀၀၀ တဲ့  ပါလာတာမှ ၄၀ တည်း
ရေမြင်း တဲ့  ဝက်နဲ့ တူတယ်
သူတို့ ကဒီလိုလေးတွေပတ်ကြတယ်။
အထဲက လှလှပပ ဆိုင်လေး ဈေးကြီးတယ်။
နောက်ဆုံတော့ ဟိုကြည့်ဒီကြည့်နဲ့  ပြန်ထွက်လာခဲ့ ကြတယ်။ သြော်ခုမှပဲ တိရိစ္ဆာန်ရုံကိုရောက်ဖူးတော့တယ်။
တိရိစ္ဆာန်ရုံဆိုတာ ဖမ်းဆီချုပ်နှောင်ရမယ့် ကောင်ကို ဖမ်းဆီးချုပ်နှောင် ခြံဝင်းကြီးခတ်ပြီး လွတ်လပ်မှု အတိုင်းအတာတစ်ခုထိ ပေးထားသင့်တဲ့ ကောင်ကို လွတ်လပ်လပ်မှုလေး အနည်းငယ် ပေးထားခြင်းမျှသာ။
သူတို့ ရဲ့ ကမ္ဘာလေးဟာ အဲဒီနေရာလေးပဲ အဲဒီနေရာလေးမှာပဲ ပျော်ရွှင်အောင် နေနေရတဲ့  သူတို့ ဘဝလေးတွေက သနားစရာပါ။ သြော်တိရိစ္ဆာန်ရုံဆိုတာ ဒါပါလား .............................
(မှတ်ချက်= အသွားအပြန်ကားခရှင်းပေးတဲ့ abah aung ကိုကျေးဇူးတင်ပါတယ်)
4 comments:
ဘယ်က မစူးလဲ ပူစူးလား .... ပူစူးလို့မခေါ်နဲ့ သူ့နာမည်က နိုနို တဲ့ ဟား ဟား ဟား ...
နံပါတ် ( ၁ ) ဖွတ် ( ကြောက်မှာပေါ့ အားလုံးဖွတ်တွေကို အချင်းချင်းပြန်ကြည့်ပြီး လန့်ထှာ )
နံပါတ် ( ၃ ) က ဗျိုင်းလေ ငါတို့အမျိုး ...
နံပါတ် ( ၅ ) အောက်ချင်းငှက် ....
နံပါတ် ( ၈ ) စည်သူ ...ဟား ဟား ဟား
နံပါတ် ( ၁၃ ) ကိုလတ် ....
မောင်မျိုး နဲ့ ကိုနိုင်ထွဋ် ၂ ကောင်တွဲ အဲ... ၂ ယောက်တွဲ ရိုက်ထားတာ ဘယ်ရောက်သွားပါလိမ့် ...
ဘယ်က မစူးလဲ ပူစူးလား .... ပူစူးလို့မခေါ်နဲ့ သူ့နာမည်က နိုနို တဲ့ ဟား ဟား ဟား ...
နံပါတ် ( ၁ ) ဖွတ် ( ကြောက်မှာပေါ့ အားလုံးဖွတ်တွေကို အချင်းချင်းပြန်ကြည့်ပြီး လန့်ထှာ )
နံပါတ် ( ၃ ) က ဗျိုင်းလေ ငါတို့အမျိုး ...
နံပါတ် ( ၅ ) အောက်ချင်းငှက် ....
နံပါတ် ( ၈ ) စည်သူ ...ဟား ဟား ဟား
နံပါတ် ( ၁၃ ) ကိုလတ် ....
မောင်မျိုး နဲ့ ကိုနိုင်ထွဋ် ၂ ကောင်တွဲ အဲ... ၂ ယောက်တွဲ ရိုက်ထားတာ ဘယ်ရောက်သွားပါလိမ့် ...
မလေးလို ပြောပြီး ခပ်တည်တည် နဲ့ ၁၅ ကျပ်ပဲ ထုတ်ပေး လိုက်ရင် လဲ ရတယ် မိုင်ကဒ် တွေဘာတွေ မမေး ပါဘူး။
အနော်တောင်မရောက်ဖူးသေးဘူး။ တယောက်တည်းပျင်းတာနဲ့ ဘယ်မှလည်းမသွားဖြစ်ပါဝူး။
Post a Comment