Pages

Monday, October 17, 2011

လွတ်လပ်စွာလွမ်းခြင်း




ဇာတိချက်မြုပ်
အသိုက်တစ်ဆုပ်

ဖြူဖြူလွှလွှ
သိုး တစ်အုတ်

အလင်းရောင်ပေး
ဖရောင်းတိုင်တစ်ထုတ်

အတောင်ပံဖြန့်
ပျံသန်းတဲ့ငှက်

ဝေးလွင့်သွားတဲ့
ပွင့်ဖတ်တစ်ချက်

ကဗျာထဲက
ပန်းတစ်ပွင့်

အလွမ်းတွေရင့်ကုန်တယ်။
Published with Blogger-droid v1.7.4

14 comments:

မဒမ်ကိုး said...

သေချာတယ် ရင့်သွားရင်တော့ ချက်စားလို့မရတော့ဘူး( စိတ်မကောင်းစရာပဲ .း)

Cameron said...

ကိန္နရီ ကိန္နရာမောင်နှံ အလွမ်းလိုပါပဲလား.....း)

ချယ်ရီမြေ said...

ပန်းတစ်ပွင့်က အလွမ်းတွေ ရင့်ကုန်ပြီလားကွယ်...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ခရစ္စတလ် said...

(ကဗျာထဲမှာ ပန်းတွေ ပွင့်တော့၊
ရင်ထဲမှာ အလွမ်းတွေ ဝေနေရပြီ “---”....)

ဟမ် တော်ချက် ကိုယ့်ဖာသာ ပြောတာ :P

Anonymous said...

ကြာကြာလေး ပြုတ်ပေါ့ကွယ် .... ဆိုဂျူးလေး နဲနဲ ထည့်လိုက်

ညိမ်းနိုင် said...

အော်..ရင့်သွားဘီလား...ရင့်ရင်မကြိုက်ဘူး....အဘတို့က သွားမကောင်းဘူး
ကွယ့်....နုနုလေးတွေမှ......:)

Angelhlaing(May everybody be happy and healthy! said...

ကဗျာထဲက
ပန်းတစ်ပွင့်

အလွမ်းတွေရင့်ကုန်တယ်။....မိုက်တယ်.....:)

စံပယ်ချို said...

တင်ထားတဲ့ပုံလေးနဲ့ကဗျာလေးကထပ်တူပါပဲပန်းတစ်ပွင့်
အလွမ်းတွေရင့်ကုန်တယ်
ထိတယ်နော်....

Candy said...

ကဗျာထဲက ပန်းတပွင့်ဆိုတာ မနှင်းဆီကို သွယ်ဝိုက်သောနည်းနဲ့ ရည်ရွယ်တာလားဟင်.. မနှင်းဆီ ၄ ရေးရင် ရိုက်ပေါက်ဖြစ်မှာ စိုးလို့ မလား... ဟားဟား... :P :P :P

ဖြိုးမောင်မောင်(CTM) said...

candy, very clever :-)

မေသိမ့်သိမ့် ကျော် said...

ရှင်းရှင်းလေး ရိုးရိုးလေး ဒါပေမယ့် ကောင်းတယ်။း)


ခင်တဲ့
မေသိမ့်

mstint said...

ကဗျာလေးအားပေးသွားတယ် ကိုဖြိုးရေ။
မနှင်းဆီစက်ကွင်းက မလွတ်သလောက်ပါပဲလားနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

khin oo may said...

ရင့်ကုန်ရင် ဆိတ်မရတော့ဘူးပေါ့............... (ဘာမှတော့မဆိုင်ဘူးလေ. ကဗျာလိုဘဲပေါ့...

AH said...

သို့ မနှင်းဆီသို တမ်းချင်းလားအကို :)