တစ်ပတ်စာတမ်းချင်း
ဇတ်ကျောတက်တယ်
အိပ်ရေးပျက်တယ်
ထမင်းငတ်တယ်
ဖုန်းပျက်တယ်
ဖဘဖျက်တယ်
သံယောဇဉ်ဖျက်တယ်
ဒေါသထွက်တယ်
ငွေမက်တယ်
ငွေထွက်တယ်
ကဗျာမရေးဘူး
စာမပေးဘူး
မစိမ်းချင်မစိမ်းဘူး
မပြောချင်မပြောဘူး
မရောချင်မရောဘူး
ညာတာပါတေးမလုပ်ဘူး
အချစ်မသိသူတစ်ယောက်
အိပ်ဆေးတွေသောက်တယ်
ဆက်သွယ်မှုပြင်ပရောက်
အားလုံးနဲ့ အဝေးမှာ
ဂေါက်နေတယ်
နံမည်တလုံးနဲ့ 
မုန့် လုံးစက္ကူကပ်
ခပ်ဝေးဝေးမှာရပ်နေတယ်
ဟိုယောင်ယောင်
ဒီယောင်ယောင်
ကြောင်တောင်တောင်ပါပဲ
မနေတတ်ဘူး
အနေခက်ရူး
တစ် နှစ် သုံးရေရွတ်
စိတ်ချမ်းသာအောင်
တိတ်တိတ်လေးပဲ
နေတော့မယ် ။
5 comments:
ကောင်းပါတယ်။စိတ်ချမ်းသာအောင်
တိတ်တိတ်လေးပဲနေပါ :D
ကဗျာတစ်ပုဒ်လုံးလဲ ဝေဒနာတွေနဲ့လွှမ်းနေပါရောလား...။
စိတ်ဖိစီးမှုတွေနဲ့ကင်းဝေးပါစေ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟီးးးး
လိုရင်းတိုရှင်း ပြတ်ပြတ်သားသားပဲ
ကောင်းတယ် :D
အရာရာ အဆင်ပြေပါစေ... တစ်ခါတစ်လေ ဘေးထွက်နေတာ ..ရှင်းရှင်းလင်းလင်းနဲ့ အေးမြတယ်....:)))
Post a Comment