Pages

Monday, September 3, 2012

အရေမရအဖတ်မရ ကြေကွဲရတယ်


အရေမရအဖတ်မရ  တွေရေးရမယ် ။ အချိန်ကုန်ပါစေ ရေးမယ်။ ဘာရေးရင်ကောင်းမလဲ .....စဉ်းစားလိုက်အုံးမယ် ။ စိတ်ထဲရှိတာတွေတော့မရေးတော့ပါဘူး ။ ပုံတွေတင်မလားလို့  စိတ်ကူးပီး
upload လုပ်တာ စတိုကပြည့်နေပြီတဲ့  ။ ပိုက်ဆံလာတောင်းတယ် ။  မပေးချင်သေးဘူး ။  ဒီတော့ ပုံလဲတင်လို့ မရတော့ဘူး ။ တခါတလေ နားလည်မှုတွေလွဲတယ် ။ ငြိမ်နေတာက ပတ်ဝန်းကျင်ကြီးကို ချောက်ခြားစေသလား ။ ကြောက်တတ်သူအဖို့ တော့ ခြောက်ခြားစရာအကောင်းသား ။  သူပြောသလိုပဲပေါ့  သရဲမကြောက်ဘူး လူပဲကြောက်တယ်တဲ့  ။  ကျွန်တော် ရယ်စရာတွေပြောတတ်ချင်တယ် ။  သင်တန်းတခုခုများရှိရင် တက်မလားစိတ်ကူးတယ် ။  ဒါပေမယ့် မလိုပါဘူး  တစ်ယောက်တည်းလဲ ရယ်ချင်ရယ်နေတာပဲ လုံလောက်ပါပြီ ။   

အဲဒီနေရာကို မသွားချင်တော့ဘူး ။ ပွဲဈေးတန်းလိုလို  လောင်းကစားဝိုင်းလိုလို စာကြည့်တိုက်လိုလို ရုပ်ရှင်ရုံလိုလို တိရိစ္ဆာန်ရုံလိုလို အပမ်းဖြေစခန်းလိုလို ကားဂိတ်လိုလို ပန်းခြံလိုလို ရွာလမ်းထိပ်လိုလို ဓမ္မာရုံလိုလို အရက်ဆိုင်လိုလို ကြော်ငြာဆိုင်းဘုတ်လိုလို ဂျာနယ်တိုက်လိုလို အမဲရောင်နယ်မြေလိုလို လူတွေလူတွေ ပလူပျံနေကြတယ် ။  တခါတလေ စိတ်ဆိုတာက ခက်တယ် ။  ဘာလွယ်သလဲဆိုတော့ ဘာမှမလွယ်ပါဘူး ။ ဖုတ်လေသည့် ငါးပိ ရှိသည်မထင်ဘူးတဲ့ ။  ကြားဖူးတယ် ။ ဘာလဲလို့ စဉ်းစားမနေဘူး ။  ငါးပိမကြိုက်ရင် မဖုတ်နဲ့ ပေါ့ ။  ထားလိုက်ပါကွာတဲ့  ။  မထားနိုင်ဘူး  ။  နေတတ်သလိုပဲနေ ။  လူဆိုတာ သူများကိုလဲ စိတ်ဆင်းရဲအောင်မလုပ်နဲ့ တဲ့   ကိုယ်တိုင်လဲ စိတ်ချမ်းသာအောင်ကြိုးစားပြီးနေထိုင်ပါတဲ့  ။  နေတတ်ရင်ကြေနပ်စရာတွေချည်းပါပဲတဲ့  ။  စာလဲသိပ်မဖတ်ဖြစ်တော့ သူများပြောတာတွေကိုပဲ စိတ်ထဲမှတ်ထားလိုက်တယ် ။   

သူများဘလော့တွေလဲ သွားမဖတ်ဖြစ်ဘူး ။  ကိုယ့်ဆီလာလာဖတ်တဲ့  သူတွေကိုတော့ အားနာတယ်(အဲဒီအားနာတယ်ဆိုတဲ့ စကားကို မပြောချင်တော့တာကြာပြီ) ။  ဘာမှမဟုတ်တာတွေကို ပျင်းလို့ ရေးထားတာတွေကို လာလာဖတ်ကြတာကို အားနာမိတယ်(ထပ်ပြောလိုက်ပြန်ပြီ) ။ ကျေးဇူးတင်ပါတယ် ။  ဘာရယ်တော့မဟုတ်ဘူး ။ ရေချင်ရင်လဲရေးမယ် ။ မရေးချင်ရင်လဲ မရေးတော့ဘူး ။  ကျွန်တော့်ကို ခင်ချင်ရင်လဲ ခင်လို့ ရသလို မခင်ချင်ရင်လဲ မခင်ကြပါနဲ့  ။   ပြောချင်ရင်ပြော မပြောချင်ရင်လဲ မပြောနဲ့  ။  


ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ အထဲမှာ ဒီလူကထိပ်ဆုံးကပဲ ။  မနေနိုင်မထိုင်နိုင် ဖုန်းကို မြန်မာစာထည့်ခိုင်းဖို့  ဆိုင်မှာ root  လုပ်ခိုင်းလိုက်မိတာ ပျက်ရော  ။  အခု service center ကို ပို့ ထားရတယ် ။   ဘယ်နှလကြာမှပြန်ရမယ်မှန်း မသိတဲ့  ဖုန်းကိုလဲမျှော်မနေတော့ပါဘူး ။   မရလဲ ပစ်ရတော့မယ့်အတူတူ ။ မနှမျောတတ်တော့ဘူး  ။   သံယောဇဉ်မတွယ်ချင်ဘူး  ။  သေရင်ဘာမှပါမှာမဟုတ်ဘူးတဲ့  ။  ခြစ်ကုပ်ပြီးနေနေလို့ လဲ  ဘာမှမထူး ။   ငွေဆိုတာ မကုန်ချင်လဲကုန်နေတာပဲ  ။  ရှာနေနိုင်သရွေ့ တော့ သုံးနေရမှာပဲလေ ။  အိမ်ကိုတော့ ပို့ ဖြစ်အောင် ပို့ ရတယ် ။   ဒီလူက နေစရာအိမ်တောင်ရှိသေးတာမဟုတ် ။  အဲဒီထက်ပိုတဲ့  အကြောင်းအရာတွေ  မစဉ်းစားချင်သေးဘူး ။   

လိုချင်တာတွေ လိုအပ်တာတွေက  နေ့ စဉ်အမျှရှိနေတော့ခက်တယ် ။  တစ်ယောက်တည်းမို့  ဘာမှမလိုအပ်ဘူးလို့  ထင်နေလား ။  တမ်းတရုံပဲတမ်းတလို့ ရတာတွေတော့ တမ်းတရုံပဲတတ်နိုင်တာပေါ့ ။ ကိုယ့် လိုအပ်ချက်တွေနဲ့ ကိုယ်တော့ ချင့်ချိန်ရတာပေါ့ ။  လူမှာအကျင့် ဝမ်းမှာအချင့် ။  ဒီလိုပဲ ပလိုင်းပေါက်နဲ့  ဖားကောက်ခဲ့ တာကြာပေါ့။  ပလောင်တောင်တက်နှေးတာလို့  မပြောပါနဲ့  ။  လိပ်လဲမဖြစ်ချင်ဘူး ။  ညညဆို ဇီးကွက်တစ်ကောင်ရောက်ရောက်လာတယ် ။  

အေးဆေးနေတဲ့  သူတို့ ကို သဘောကျတယ် ။  ကိုယ်လဲအေးဆေးတာပါပဲ ။  ဒါပေမယ့်အေးစက်တာလား အေးဆေးတာလား မဝေခွဲတတ်ဘူး။  ပုံပြင်တွေနားထောင်ချင်တယ် ။  အလုပ်စလုပ်တဲ့ အချိန်တော့  သီချင်းလေးနားထောင်ဖြစ်တယ် ။  အိပ်နေတုန်း ကြိုးတစ်ချောင်းကျလာလို့  လန့် နိုးသွားတယ်။  ဆောင်တွင်းမနက်ခင်းမှာ ပွင့်တဲ့ ပန်းလေးတွေ ဝတ်ရည်ချိုတယ် ။  ဘလောင်းဂင်း ထဲမှာ ကိုယ်တိုင်ရှိနေသေးတာပဲ ။  ဒန်ပေါက်မစားဖြစ်တာတောင်ကြာလို့  သံပုရာရည်လဲ မသောက်ဖြစ်ဘူး ။  တောက်တဲ့ တွေလိုနေ့ တိုင်းအော်နေရင် နားညီးမှာပေါ့ ။ ပွဲရုံရောက်ခဲ့ တဲ့ နေ့ က ဝမ်းနည်းလို့  လက်ထဲက ဖောင်တိန်လေးလွတ်ကျသွားတယ်။  နားလည်ပေးပါ ။  ဘုရင့်နောင်တော့ အရှုံးပေးလိုက်ရတယ် ။    

ဖိနပ်ချင်းအတူတူ အဖြူတဖက် အမဲတဖက်ကို  ဘာလို့ စိတ်ဝင်စားနေကြတာလဲ ။   
ထမင်းပူပူတွေစားမိလို့  လျှာကျက်ရင် စိတ်တိုတယ် ။  ခံစားမှုတွေပျက်ပျယ်တယ် ။  မျက်လှည့်ပညာ သင်ချင်တယ်  သချိ င်္ုင်းကုန်းမှာ ရွှေတောင်စက္ကူတွေမီးရှို့ ချင်တယ်။တစ်ယောက်တည်း 
 တောင်ဝှေးလေးစမ်းပြီး ဘူတာရုံမှာ ရထားစောင့်နေတဲ့  မျက်မမြင်အဘိုးအိုကိုမြင်တော့ ကြေကွဲရတယ်

 

7 comments:

mstint said...

ဖတ်ရင်းနဲ့ မျက်စိရော နားရော လည်သွားလို့ ကြေကွဲသွားတယ် ကိုဖြိုးရေး)
ရန်ကုန် လူကြီးမင်းဆိုင်မှာ မြန်မာဖောင့်ထည့်တာ ခနလေးပဲ ချက်ခြင်းပြန်ရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

အရေမရအဖတ်မရတွေ ဖတ်ရင်း နောက်ဆုံးမှာ တကယ် ကြေကွဲသွားတယ်။း)

မိုးငွေ့........ said...

မြန်မာဖောင့်ထည့်တာပဲ အဲလောက်ခက်ခဲလား... ညံ့ထှာအေ ညည်းတို့ မလေးတိုင်းပြည်ကလဲ...။

Candy said...

ခေါင်းစဉ်ပေးပုံက မိုက်တယ် ဟဟဟဟဟဟ
ဇီးကွက် ခိခိ xD

ညိမ်းနိုင် said...

ကြေကွဲစရာ........(ဘာမှဟုတ်ဝူး......Rဇာနီ သီချင်းဆို
တာ)။ဟိုနေရာလား....အင်း...ဂလိုပါပဲ အရင်လိုပါပဲ...
ဝင်လိုက်ထွက်လိုက်ပဲ၊ပွဲဈေးတန်းသာသာပဲ...ကြေကွဲစ
ရာပါပဲ....၊ဖုံးဒွတ်ခ ကတော့ မပြောနဲ့တော့ ခုပဲညစ်နေ
တာ...

မိုးယံ said...

သေရင် ကိုယ့်နောက်ပါချင်တယ်ဆို တက်တူး ထိုးပေါ့

khin oo may said...

ဂေါက်နေတဲ့သူ .