ကျွန်တော် ပင့်ကူတစ်ကောင်မဟုတ်ဘူး ။ ချည်မျှင်တွေကြားက ရုန်းမထွက်နိုင်တဲ့  ပိုးဖလံတစ်ကောင် ။ ရေခဲရေတွေ သောက်တာများနေလား ။ ဆောင်းတွင်းကလဲရောက်တော့မယ် ။ ကျွန်တော့်မှာ စောင်တထည်တောင်မရှိသေးဘူး အမေ ။ ညညဆိုရင်တော့ ရင်ပူလို့  ပန်ကာဖွင့်အိပ်ဖြစ်တယ်။ ပိုက်ဆံဆိုတာ ဘာလုပ်ဖို့ လဲ ???? မကုန်ချင်လဲကုန်နေတာ ။ ကုန်စမ်းကွာလို့  သုံးမပစ်ရက်ဘူး ။ ကျွန်တော် တံမြက်စည်းလှဲနေရင်း ချွေးထွက်တယ်အမေ ။
တနေ့ တနေ့  ကုန်လွန်လာလိုက်တာ နာရီတွေတောင် ဓါတ်ခဲကုန်တယ် ။ အဲဒီအချိန်ကို လွှင့်မပစ်ရက်ဘူး ။ ဘိန်းစားတစ်ယောက်လို အလွမ်းတွေရှူရင်း အခန်းထောင့်မှာ မှိန်းနေမိတယ်။ ရီဝေတဲ့ မျက်လုံးတွေနဲ့ 
မီးပှိုင့်ကို ငေးကြည့် တစ်ယောက်တည်းပဲ ACCIDENT ဖြစ်နေမိတယ် ။ စိတ်နဲ့  ကိုယ်နဲ့  တဝုန်းဝုန်း ..... ..။
ကဗျာတချို့ ဖတ်ဖူးတယ် ။ ဘာတဲ့  ပန်းက မနမ်းလဲကြွေမယ်တဲ့  .... ကျွန်တော်ကတော့ အလှပဲကြည့်ဖြစ်ခဲ့ တယ် ။ RULE OF THIRDs ထဲမှာရှိနေသ၍ အဲဒီပန်း အမြင်မှာလန်းနေတယ်။
ကျေးဇူးတင်တယ် ။ ဘာပြောရမှန်းမသိဘူး ။ အဲဒီကျားသစ်က မမောနိုင်မပမ်းနိုင် တပတ်ပြီးတပတ် လှည့်နေတယ်။ တကယ်တော့ ဘီဂင်နာဆိုတာ ခက်ခဲတာပေါ့ ။
သနားမိတယ် ကိုယ့်ကိုကိုယ် ။ သူ့ အကြည့်တွေမှာ သနားဂရုနာသက်တဲ့ အကြည့်တွေ နဲ့  ။ ကိုယ်လဲ သနားတတ်ခဲ့ တာ ကောင်းစလင်းဆိုတာ လူနာတယောက်အတွက်မှ မဟုတ်ပါဘူး ။
သကြားလုံးက မမြင်ဖူးဘူးဆိုလို့ လေ ။ သကြားလုံးမြင်ဖူးချင်ရင် စတိုးဆိုင်က ကောင်တာရှေ့ က ပုံးထဲမှာကြည့် ။ ဒီဇီးကွက်က နေ့ ဘက်လဲ မအိပ်ဘူးထင်တယ်။ LUCKY တဲ့ လေ ။ သကြားလုံးပြောသမျှ ချိုပါစေ ။ သူထီပေါက်ရင် တဝက်ပေးတာတောင် မယူဘူး ။ ကံကိုယုံတယ်။ ယုံကြည်ချင်တယ် ။
သိပ်လှတယ် ။ ကိုယ့်မျက်စိနဲ့ ကိုယ်လှတာ ။ ပါးနီတွေ မလိုဘူး ။ နုတ်ခမ်းနီတွေမလိုဘူး ။ ဆေးဆိုးပန်းရိုက် မျက်နှာ လိုသလား ။ စည်းမျည်းတွေထဲမှာ ရှိနေရင် ဆွဲဆောင်မှု၇ှိတယ် ။ ဆာတု မလေးရှား ။
ပုံရိပ်တွေတော့ ကျန်ခဲ့ တယ်။ အိပ်မက်တွေထဲ တခါတခါ ကိုယ်တိုင် ရိုက်ကူးလိုက်တယ် ။ အလွမ်းတွေချည်း ဇတ်သိမ်းဖြစ်ခဲ့ တယ် ။
ပုစဉ်းယဉ်ကွဲ တစ်ကောင်လေ ။ ကိုယ်တိုင်အော်ဟစ်ပြီး သေဆုံးခဲ့ ရတယ် ။
သတိ (ပုံတွေ မခိုးနဲ့ --- ဂေါက်နေတဲ့ သူ)
5 comments:
လှလှပပပုံလေးတွေကြည့် စုံစုံစေ့စေ့စာလေးတွေဖတ်ရင်း ကျားသစ်က မမောနိုင်မပမ်းနိုင် တပတ်ပြီးတပတ် လှည့်နေပေမယ့် တီတင့်တော့ မောသွားတယ် ကိုဖြိုးရေး)
ပုစဉ်းရင်ကွဲလေးတွေဘဝသနားစရာနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တခါကပြခန်းတစ်ခုကို အမှတ်ရမိသွားပြန်တယ်...။ အဲဒီပြခန်းအဆက်လေးကိုယ်ရေးဖြစ်ဦးမှာ သိလား...။
ပုဇင်းရင်ကွဲလား....ပုစဉ်းရင်ကွဲလား.....ပုဇင်းယဉ်ကွဲ
လား.....ပုစဉ်းယဉ်ကွဲလား....ပုစင်းရင်ကွဲလား....ပုစင်း
ယဉ်ကွဲလား.....ပုဆင်းရင်ကွဲလား.....ပုဆင်းယဉ်ကွဲလား...
ပုဇင်းယင်ကွဲလား....ပုစင်းယင်ကွဲလား.....ပုစဉ်းယင်ကွဲလား.....ပုဆင်းယင်ကွဲလား.....
မွန်းကလှတယ်.....
Very Nice Photossss. Soooo Professional. I'm proud of You :D
Owl = Lucky <3 .. Ku thu myar home ka computer use nay loh myanmar font ya woo :P :P
လာရောက်အားပေး ခဲ့တယ်။
ပုံနဲ့စာလည်းလိုက်ဖက်ပါ၏
ပျော်ရွှင်ပါစေ
။ ပိုက်ဆံဆိုတာ ဘာလုပ်ဖို့ လဲ ???? မကုန်ချင်လဲကုန်နေတာ ။ ကုန်စမ်းကွာလို့  သုံးမပစ်ရက်ဘူး ။
Post a Comment