Pages

Monday, September 10, 2012

ကျွန်တော် သေဆုံးခဲ့ ရတယ်။



ကျွန်တော် ပင့်ကူတစ်ကောင်မဟုတ်ဘူး ။  ချည်မျှင်တွေကြားက ရုန်းမထွက်နိုင်တဲ့  ပိုးဖလံတစ်ကောင် ။  ရေခဲရေတွေ သောက်တာများနေလား ။ ဆောင်းတွင်းကလဲရောက်တော့မယ် ။ ကျွန်တော့်မှာ စောင်တထည်တောင်မရှိသေးဘူး အမေ ။ ညညဆိုရင်တော့ ရင်ပူလို့  ပန်ကာဖွင့်အိပ်ဖြစ်တယ်။  ပိုက်ဆံဆိုတာ ဘာလုပ်ဖို့ လဲ ????  မကုန်ချင်လဲကုန်နေတာ ။ ကုန်စမ်းကွာလို့  သုံးမပစ်ရက်ဘူး ။ ကျွန်တော် တံမြက်စည်းလှဲနေရင်း ချွေးထွက်တယ်အမေ ။




တနေ့ တနေ့  ကုန်လွန်လာလိုက်တာ  နာရီတွေတောင် ဓါတ်ခဲကုန်တယ် ။  အဲဒီအချိန်ကို လွှင့်မပစ်ရက်ဘူး ။  ဘိန်းစားတစ်ယောက်လို  အလွမ်းတွေရှူရင်း အခန်းထောင့်မှာ မှိန်းနေမိတယ်။   ရီဝေတဲ့ မျက်လုံးတွေနဲ့ 
မီးပှိုင့်ကို ငေးကြည့် တစ်ယောက်တည်းပဲ ACCIDENT ဖြစ်နေမိတယ် ။ စိတ်နဲ့  ကိုယ်နဲ့  တဝုန်းဝုန်း ..... ..။

ကဗျာတချို့ ဖတ်ဖူးတယ် ။ ဘာတဲ့  ပန်းက မနမ်းလဲကြွေမယ်တဲ့  .... ကျွန်တော်ကတော့ အလှပဲကြည့်ဖြစ်ခဲ့ တယ် ။   RULE OF THIRDs ထဲမှာရှိနေသ၍ အဲဒီပန်း အမြင်မှာလန်းနေတယ်။


 ကျေးဇူးတင်တယ် ။ ဘာပြောရမှန်းမသိဘူး ။ အဲဒီကျားသစ်က မမောနိုင်မပမ်းနိုင် တပတ်ပြီးတပတ် လှည့်နေတယ်။   တကယ်တော့ ဘီဂင်နာဆိုတာ  ခက်ခဲတာပေါ့ ။


သနားမိတယ် ကိုယ့်ကိုကိုယ် ။  သူ့ အကြည့်တွေမှာ သနားဂရုနာသက်တဲ့ အကြည့်တွေ နဲ့  ။  ကိုယ်လဲ သနားတတ်ခဲ့ တာ  ကောင်းစလင်းဆိုတာ လူနာတယောက်အတွက်မှ မဟုတ်ပါဘူး ။


သကြားလုံးက မမြင်ဖူးဘူးဆိုလို့ လေ ။  သကြားလုံးမြင်ဖူးချင်ရင် စတိုးဆိုင်က ကောင်တာရှေ့ က ပုံးထဲမှာကြည့် ။  ဒီဇီးကွက်က နေ့ ဘက်လဲ မအိပ်ဘူးထင်တယ်။    LUCKY တဲ့ လေ ။ သကြားလုံးပြောသမျှ ချိုပါစေ ။ သူထီပေါက်ရင် တဝက်ပေးတာတောင် မယူဘူး ။ ကံကိုယုံတယ်။   ယုံကြည်ချင်တယ် ။

သိပ်လှတယ် ။  ကိုယ့်မျက်စိနဲ့ ကိုယ်လှတာ ။  ပါးနီတွေ မလိုဘူး ။  နုတ်ခမ်းနီတွေမလိုဘူး  ။  ဆေးဆိုးပန်းရိုက် မျက်နှာ လိုသလား ။   စည်းမျည်းတွေထဲမှာ ရှိနေရင် ဆွဲဆောင်မှု၇ှိတယ် ။ ဆာတု မလေးရှား ။



စမ်းကြည့်တာ ။  အမှောင်တွေအတွက်တော့ လက အလင်းပေါ့ ။ နီးစပ်မှုမရှိပဲနဲ့  ဖမ်းဆုပ်လိုက်တာလေ ။
ပုံရိပ်တွေတော့ ကျန်ခဲ့ တယ်။   အိပ်မက်တွေထဲ တခါတခါ  ကိုယ်တိုင် ရိုက်ကူးလိုက်တယ် ။  အလွမ်းတွေချည်း ဇတ်သိမ်းဖြစ်ခဲ့ တယ် ။ 





ပုစဉ်းယဉ်ကွဲ တစ်ကောင်လေ ။ ကိုယ်တိုင်အော်ဟစ်ပြီး သေဆုံးခဲ့ ရတယ် ။  






သတိ (ပုံတွေ မခိုးနဲ့ --- ဂေါက်နေတဲ့ သူ)

5 comments:

mstint said...

လှလှပပပုံလေးတွေကြည့် စုံစုံစေ့စေ့စာလေးတွေဖတ်ရင်း ကျားသစ်က မမောနိုင်မပမ်းနိုင် တပတ်ပြီးတပတ် လှည့်နေပေမယ့် တီတင့်တော့ မောသွားတယ် ကိုဖြိုးရေး)
ပုစဉ်းရင်ကွဲလေးတွေဘဝသနားစရာနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

တခါကပြခန်းတစ်ခုကို အမှတ်ရမိသွားပြန်တယ်...။ အဲဒီပြခန်းအဆက်လေးကိုယ်ရေးဖြစ်ဦးမှာ သိလား...။

ညိမ်းနိုင် said...

ပုဇင်းရင်ကွဲလား....ပုစဉ်းရင်ကွဲလား.....ပုဇင်းယဉ်ကွဲ
လား.....ပုစဉ်းယဉ်ကွဲလား....ပုစင်းရင်ကွဲလား....ပုစင်း
ယဉ်ကွဲလား.....ပုဆင်းရင်ကွဲလား.....ပုဆင်းယဉ်ကွဲလား...
ပုဇင်းယင်ကွဲလား....ပုစင်းယင်ကွဲလား.....ပုစဉ်းယင်ကွဲလား.....ပုဆင်းယင်ကွဲလား.....

မွန်းကလှတယ်.....

Candy said...

Very Nice Photossss. Soooo Professional. I'm proud of You :D

Owl = Lucky <3 .. Ku thu myar home ka computer use nay loh myanmar font ya woo :P :P

အလွမ်းမြို့ said...

လာရောက်အားပေး ခဲ့တယ်။
ပုံနဲ့စာလည်းလိုက်ဖက်ပါ၏
ပျော်ရွှင်ပါစေ

။ ပိုက်ဆံဆိုတာ ဘာလုပ်ဖို့ လဲ ???? မကုန်ချင်လဲကုန်နေတာ ။ ကုန်စမ်းကွာလို့  သုံးမပစ်ရက်ဘူး ။