Pages

Saturday, July 9, 2011

မွဳန္ပ်ပ် ဆိုင်းဘုတ်လေး


ကျွန်တော်ကမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်တဲ့ သူတစ်ဦးပေါ့။
ကျွန်တော့်မှာ ကျွန်တော်ချစ်ရတဲ့  ဇနီးနှင့် အတူ အသက်အရွယ်
မတိမ်းမရိမ်း ကလေး ၃ယောက်ရှိတယ်။ 
အကြီးဆုံးသားလေးက ၇နှစ်ပဲ၇ှိသေးတယ်။

ကျွန်တော် တို့ မိသားစုလေးသာယာဖို့ အတွက် ကျွန်တော်နေ့ရှိသရွေ့ ကြိုးစား
နေခဲ့ တယ်။ လစာရတဲ့ ရက်လေးတွေကတော့ ကျွန်တော့်အတွက်တော့
အမြဲအပျော်၇ွှင်ဆုံးပေါ့။ အိမ်လခလေးပေး ရေဖိုးမီးဖိုးလေးဆောင်
ဟိုတာလေးဝယ် ဒီတာလေးဝယ် လိုအပ်တာလေးတွေဖြည့် ပေါ့
ဒါနဲ့ တင်ကုန်ပါတယ်။

သူများနိုင်ငံမှာတရားမဝင်နေရတဲ့ ဘဝက ထင်သလိုတော့ဘယ်လွယ်ပါ့မလဲဗျာ
အသက်ကိုဖက်နဲ့  ထုပ်ထားရသလားတောင်တွေးယူရတယ်။
ကျောက်ခဲ့ ကိုရေထဲပစ်ချရင်တောင် ပလုံ ဆိုပြီ အသံမြည်ဦးမယ်။
တကယ်တော့ကျွန်တော်တို့ ဘဝတွေက ကမ်းနားသစ်ပင်တွေပေါ့။
လိုအပ်လို့ အလုပ်ထဲကသူငယ်ချင်းတွေပြောပြောနေတဲ့  (ယူအမ်)ဆိုတာကိုတော့
လျှောက်ထားတယ်။ခုမှစာရွက်ကလေးပဲရသေးတာ  ဒါကလဲ ကျွန်တော်ရဲ့ 
သားလေးတွေ သမီးလေးတွေအတွက်ပါပဲ။

ကျွန်တော် ဇနီး သားနဲ့ သမီးလေးတွေ ကို ကျွန်တော်အရမ်းချစ်တာပေါ့ဗျာ

ကျွန်တော် အဲဒီနေ့ ကအလုပ်ကိုမနက်စောစောသွားဖြစ်ခဲ့ တယ်
…………..
…………..
...............

ဆက်လက်ဖတ်ရှုနိုင်ပါသည်


စိတ်ထဲမှာတော့တစ်ထင့်ထင့်နဲ့ ပေါ့
တစ်နေကုန် အလုပ်လုပ်ရတာ စိတ်ထဲမှာတစ်မျိုးချည်းပဲ
ဒါနဲ့ ညနေအိမ်လဲရောက်ရော ကြားလိုက်ရတဲ့ သတင်းက
ကျွန်တော့် ကို ကြက်သီးတွေထသွားစေခဲ့ တယ်။

ငိုနေတဲ့ မိန်မနဲ့  ကလေးတွေ ………………………………………………
ကျွန်တော်တို့ ရဲ့  အိမ်ကလေး (ငှားနေတဲ့ အိမ်ကလေးပေါ့)
တကယ်ကို ဘာမှကိုမရှိတော့ ပါဘူးဗျာ ……………………………………
တစ်အိမ်လုံးကိုမွှေနှောက်ထားလိုက်ကြတာ ရှိတာလေးတွေ စုဆောင်းထား
တာလေးတွေ ကုန်ပြီ။

သူ့ ကိုမေးကြည့်တော့ သူကအိမ်မှာမရှိဘူးတဲ့  သူ့ နဲ့ တော်စပ်တဲ့ အမျိုးတစ်ယောက်
အိမ်ကိုသွားနေတာ ညနေစောင်းမှပြန်ရောက်တာတဲ့ လေ…..

မိန်းမကိုပဲအပစ်တင်ရမလား ကိုယ့်ကိုကိုယ်ပဲ အပစ်တင်ရမလားဆိုတာ
မစဉ်းစားတတ်အောင်ပါပဲ
ရတဲ့ လစာလေးကိုစုထားမယ်လို့ စိတ်ကူရုံရှိသေး လက်စွပ်လေး လက်ကောက်
လေးဝယ်ဖို့  တကျီကျီ နဲ့  ဂျီကျလွန်းလို့ ဝယ်ထားပေးမိပါတယ်။ အခု အဲဒါတွေလဲပါပြီ။

ကျွန်တော်ခနခန မိန်းမကိုပြောတယ်။ ငါတို့ တွေနေနေတာကိုယ့်နိုင်ငံမှာမဟုတ်ဘူး
လို့  ကိုယ့် နိုင်ငံမှာက ဆွေ နဲ့ မျိုး နဲ့  ဒီမှာဆွေမရှိ မျိုးမရှိ။ ကိုယ်တကယ်ဒုက္ခရောက်
လာရင် ဘယ်သူမှ ကူညီမယ့်သူမရှိဘူး ဆိုတာ ခနခနပြောခဲ့ တယ်။

ကဲအခု ဘယ်လို လုပ်ကြမလဲ။ မိန်းမကငိုနေတယ် ….သူ့ လဲသနားတယ်
အဓိကကျွန်တော် ကလေးတွေကိုသနားမိတာ….မိုးလဲချုပ်စပြုနေပြီ
ထမင်းလဲမချက်ရသေးဘူး အိမ်မှာလဲဘာတစ်ခုမှမရှိတော့ဘူး။
သူတို့ လေးတွေဗိုက်ဆာပြီပေါ့ဗျ။

ကျွန်တော်ခေါင်တွေရှုပ်နေပြီ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။
ခနလေးညိမ်ညိမ်လေးထိုင်ပြီးစဉ်းစားလိုက်တာ အဖြေတွေ့တယ်။
ဟုတ်တာပဲ ဟို ကားဝပ်ရှော့ ဆိုင်မှာ သူငယ်ချင်းတစ်ယောက်ကို ပိုက်ဆံ
၇၀၀ ချီးထားတာအခုမှသတိရတယ်။သူ့ ဆီပိုက်ဆံသွားတောင်းမယ်လို့ ဆုံးဖြတ်
လိုက်တယ်။ အိပ်ထဲမှာပိုက်ဆံနဲ့ တူတာဆိုလို့  တပြားမှကိုမရှိတော့တာပါ တကယ်

အဲဒါနဲ့ ကျွန်တော်သားအကြီးကောင်လေးကို လက်ဆွဲပြီးထွက်ခဲ့ ပါတယ်။
သူငယ်ချင်းရဲ့ ကားဝပ်ရှော့ ကိုရောက်ဖို့ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်
ရပါတယ်။ ကျွန်တော်က တစ်လမ်းလုံးစဉ်းစားခဲ့ တယ်ပေါ့။

သြော်ဒီမလေးနိုင်ငံကတော်တော်ဆိုးတာပါလားလို့  သူ့ မလေးလူမျိုးတွေကိုပဲကြည့်
ငပျင်းတွေချည်းပဲ တရက်လုပ်ပြီးနှစ်ရက်လောက်ထိုင်စားတဲ့ သူတွေ။
ရဲကတစ်မျိုး လမ်းဘေးမှာ ငမူလိုလို အရူးလိုလိုနဲ့ ကတစ်မျိုး သူတို့ နားသတိမရှိပဲ
သွားမိရင်တော့ ဓါးထောက်ပြီးတောင်းတဲ့ ကောင်တွေကလဲရှိသေးတယ်။
ပြောရရင်ဗျာ လူဆိုး သူခိုး အရက်သမား ဆေးသမား လောင်းကစားသမား
မား မား မား မား တွေကမှအများကြီး………..

လူမျိုးကလဲစုံစရိုက်ကလဲစုံဆိုတော့ ကြားဖူးထားတာတွေကတော့အများကြီးပေါ့
လူဆိုတာကလဲ ခက်သားနော် မကြုံစဖူး အကြုံထူး ကြုံဖူးမှပဲသိတော့တာ။

ကျွန်တော့် သူငယ်ချင်းဆိုင်ရှေ့ နားတော့ရောက်လာပါပေါ့
အလုပ်သမားတစ်ယောက်ကိုမေးတော့ ဘာပြောတယ်မှတ်သလဲ………..
အဲဒီကျွန်တော် အကြွေးရစရာရှိတဲ့ တစ်ယောက်က တစ်နေ့ ကပဲမြန်မာပြည်
ပြန်သွားပြီတဲ့ ဗျာ………………

ကျွန်တော်မှာဘာမှကိုမပြောနိုင်တော့ပဲ ဘေးကနေကြည့်ရင်တော့ ပါးစပ်ကြီးအဟောင်းသား
လိုပဲဖြစ်နေမှာသေချာတယ်။
လူတစ်ယောက်မှာ အဓိက စိတ်ပဲဗျ စိတ်ရဲ့ တန်ခိုးက ထက်မြတ် တယ်။
ငါဘာဆက်လုပ်ရမှာလဲ ငါဒီအတိုင်းစိတ်ဓါတ်ကျနေတော့မှာလား
ငါဒီလိုမျိုးစိတ်ဓါတ်ကျနေလို့ ရော ငါ့ ပြသနာတစ်သီကြီးကငါ့ကိုသက်ညှာမှာလား
ငါတစ်ယောက်တည်းလား….ဟုတ်တယ်ငါတစ်ယောက်တည်းမဟုတ်ဘူး။
ငါ့မှာမိသားစုဆိုတာရှိတယ်
ငါကိုယ်တိုင်ကစိတ်ဓါတ်တွေကျနေမှဖြင့် ငါ့မိသားစုဘဝ သွားပြီပေါ့ လို့ ဆိုတဲ့ 
အတွေး ကိုရလိုက်တယ်။

အဲဒီနေရာကနေ မသိစိတ်ကဘယ်အချိန်က ထွက်လာလိုက်မှန်းမသိဘူး
လက်ထဲမှာကိုင်ထားတာဘာလဲလို့ သတိရတဲ့  အချိန် ကျွန်တော့် သားရဲ့ လက်ဖြစ်နေတယ်
ကလေးရဲ့ မျက်ဝန်းမှာ အားငယ်မှုတွေ စိုးရိမ်မှုတွေ နဲ့  အဖေကို အားကိုးတကြီး
ကြည့်နေတဲ့ မျက်ဝန်းအချို့ ကို ကျွန်တော်တွေ့ လိုက်ရတယ်။
ကျွန်တော် သားကိုပြုံးပြလိုက်တယ်။အဲဒီအပြုံးတွေမှာ အဖေဟာ
သားတို့ အတွက် သားမေမေ အတွက် အမြဲ တမ်း သူရဲကောင်းကြီး သားတို့ ရဲ့
ရှေ့ ကနေ မားမားကြီးရပ်တည်ပြီး ဖြစ်လာမယ့် ပြသနာတွေကို ရင်ဆိုင် ရင်း
သားတို့ ရဲ့ ဘဝတွေအတွက် စတေးပါ့မယ်ဆိုတဲ့  အပြုံးတွေပေါ့။
သားမျက်ဝန်းလေးကြည်လင်စပြုလာတယ်……………………………………….

ဒါနဲ့ လမ်းလျှောက်လာရင်းစိတ်ကစဉ်းစားမိတာတစ်ခုက ချက်ချင်းထွက်လာတယ်။
ဒီညငါတို့ မိသားစု ထမင်းမစားရသေးဘူး အဲဒါအရေးကြီးတယ်။
အဲဒီပြသနာဘယ်လိုဖြေရှင်းရမလဲ……
ကျွန်တော်စိတ်ထဲမှာ ငွေလေး၂၀ လောက်ရရင်အဆင်ပြေပြီလို့ တွက်လိုက်တယ်။
ဟုတ်တယ် ငွေ ၂၀ က ကျွန်တော်မိသားစု အတွက်လောလောဆယ် ၃ရက်လောက်တော့
ချွေတာစားလို့ ရတာပေါ့။ ဘယ်သူ့ ဆီမှာ အကူအညီ တောင်းရမလဲ………..
အသိတွေကလဲ ဒီနားမှာတစ်ယောက်မှမရှိကြဘူး….အဲဒါမှဒုက္ခ။
သြော်ဒုက္ခဆိုတာ ဒါပါလားလို့  အဲဒီမှာစဉ်းစားမိတာ။

ဒါနဲ့ ကျွန်တော်လဲလျှောက်လာရင်းနဲ့  ဆိုင်တစ်ဆိုင်ကိုတွေ့ တယ် ။အရှေ့ ကမှန်တံခါးတွေနဲ့ 
ခမ်းခမ်းနားနားပေါ့။ မသိစိတ်က ကျွန်တော့်ကို အဲဒီဆိုင်ထဲဆွဲခေါ်သွားသလား
ထင်မိတယ်။ သိတဲ့ အချိန်ဆိုင်ထဲရောက်နေပြီ။

ကျွန်တော်ဘာဆက်လုပ်ရမှာလဲ လက်တွေဒူးတွေ တုန်နေပြီ သားလေးရဲ့ လက်ကိုလဲ
ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတယ်။ ပထမဆိုင်ထဲကကောင်လေး တစ်ယောက်
ကိုတွေ့ တယ်။ ပြန်စဉ်းစားမိရင် ရှက်လဲရှက်တယ်ဗျ…..ကျွန်တော် အခုလိုမျိုး တစ်စိမ်း
လူတစ်ယောက်ဆီက အကူအညီတောင်းပြီး ပိုက်ဆံမယူဖူးဘူး။
ရှင်းရှင်းပြောရရင်ဗျာ ပိုက်ဆံမတောင်းဖူးဘူး။
ကျွန်တော် လက်ရှိသူတောင်းစားဘဝ။
ဟုတ်တယ်…………………..
…………………………….
ကျွန်တော်ဆိုင်ထဲကတွေ့ တဲ့  စားပွဲထိုးကောင်လေးကို
မလေးလိုပဲမေးလိုက်တယ်….ငါ့ကို တစ်ခုလောက်ကူညီပါကွာလို့  မေးတော့
အဲဒီကောင်လေး အကိုမြန်မာလားတဲ့ ဗျာ……………………………………………..

ကျွန်တော့်မျက်နှာကို တခုခုကရိုက်ထည့်လိုက်သလိုပဲ   ….ထူပူသွားတယ်
အရမ်းဆာလောင်နေတဲ့ ကလေးတစ်ယောက် စားစရာတစ်ခုခုရသလိုမျိုးလေ
ပျော်သွားတာ။ဟုတ်တယ် ပထမကျွန်တော်အရမ်းရှက်မိတယ်..နောက်တော့အရမ်းလဲ
ပျော်မိတယ်။

ဟုတ်တယ်ကွာ အကိုမြန်မာလူမျိုးပါ အကိုကရန်ကုန်ကပါ။
အကိုအခုအရမ်းဒုက္ခရောက်နေလို့ ပါငါ့ညီရာ
အခုအကို့ အိမ်မှာ ရှိတာလေးတွေ သူခိုး ခိုးသွား ကုန်လို့ 
ပိုက်ဆံလဲတစ်ပြားမှမရှိတော့ဘူး အကို့ မှာမိန်မနဲ့ ကလေးနဲ့ ပါ
နေ့ လည်ကအကို့ မိန်းမ အပြင်သွားလည်နေတုံး အိမ်ကို သူခိုးဝင်ခိုးသွားတာ
ကိုယ့် မိန်းမအတွက်စုထားတဲ့ လက်စွပ်လေးနဲ့ ဆွဲ ကြိုးလေးတွေလဲပါသွားကုန်ပြီ။
အဲဒါအခု အကိုက သူငယ်ချင်းတစ်ယောက်ဆီမှာ ပိုက်ဆံရစရာရှိလို့ မျှော်လင့်ချက်ကလေး
နဲ့ လာခဲ့ တာ အခုသူကလဲ တစ်နေ့ ကမှမြန်မာပြည်ကိုပြန်သွားပြီတဲ့ ကွာ
အဲဒါ ငါ့ညီ ဖြစ်နိုင်ရင် အကို့ ကို ပိုက်ဆံလေး ၂၀ လောက်ကူညီလို့ ရမလားကွာ။
အကို့ ညီလေးကျေးဇူးကိုမမေ့ပါဘူးနော်အကို တကယ့်ကိုအခက်အခဲဖြစ်နေလို့ ပါကွာ။

ကျွန်တော်လဲဖြစ်ပျက်သမျှအကုန်လုံးကိုခယားရေသွန် သလိုပြောချလိုက်တာ
ကောင်လေးကခေါင်းလေးညိတ်ပြီးနားထောင်ရှာတယ်။ ကောင်းလေးကစိတ်ကောင်း
ရှိမယ့် ပုံပဲလို့ တော့စိတ်ထဲကတွေးမိပြီး ပျော်သွားတယ်။
အဲဒါနဲ့ ကောင်လေးက ကျွန်တော့်ကို ဆိုင်ရှေ့ ကထိုင်ခုံမှာထိုင်ခိုင်းပြီး
ဆိုင်ထဲခနဝင်သွားတယ်ခနနေတော့ပြန်ထွက်လာပြီး ပိုက်ဆံထည့်တဲ့ 
ကောင်တာထဲက ပိုက်ဆံယူလာခဲ့ တယ်။ပြီးတော့ကျွန်တော်ကို အပြင်ခေါ်လာပြီး
ကျွန်တော်လက်ထဲကို ပိုက်ဆံငါးဆယ်တန် တစ်ရွက်ပေးတာဗျာ။
ကျွန်တော့် မှာဝမ်းသာလွန်းလို့  မျက်ရည်တွေတောင်စို့ လာတယ်။
ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး။

ဟာ ….ငါ့ညီ အကိုတောင်းတာ ၂၀ ပဲငါ့ညီကိုယ့် ကို ၅၀တောင် ပေးတယ်နော်
လို့ နုတ်ကထင်မထားပဲထွက်မိတယ်။တကယ့်ကိုကျေးဇူးတင်ပါတယ်ကွာ
ကိုယ့်အခုလိုဒုက္ခရောက်နေတုံးငါ့ညီ အခုလိုကူညီတာကို ဘယ်လိုကျေးဇူးတင်ရမှန်း
မသိတော့ဘူး။ငါ့ညီ ကိုအဆင်ပြေရင်လေ ငါ့ညီကို ကျေးဇူးဆပ်ပါ့မယ်ကွာ
ငါ့ညီ ကိုယ့်ကိုကြိုက်တာခိုင်းနော်……………………
ကျွန်တော်ကသာပါးစပ်ကတတွတ်တွတ်ပြောနေတာ ကောင်လေးကတော့ပြုံးနေတာပဲ
သူ့ အပြုံးတွေမှာ သနားကျင်နာတဲ့ စိတ် ကိုယ်ချင်းစာတဲ့ စိတ်
လူတစ်ဖက်သားကိုကူညီချင်တဲ့ စိတ်တွေ ပြည့်လျှံ နေတယ်ဆိုတာ ကျွန်တော်တွေ့ ခဲ့ ရတယ်။

ကောင်လေးက သားသားခနနေဦးနော်တဲ့    ဆိုပြီး ဆိုင်ထဲဝင်သွားတယ်။
ခနနေတော့ အိပ်လေးတစ်လုံးဆွဲပြီပြန်ထွက်လာတယ်
သားလေးကိုသူကလှမ်းပေး တယ်။
Cola ၂ဗူး။ ကျွန်တော့် မှာ ဝမ်းသာတာရော ဝမ်းနည်းတာရော
ရှက်တာတွေရော ကိုစုံလို့ ကောင်လေးကိုကျေးဇူးတင်ပါတယ်ဆိုပြီး……
သားလေးလက်ကိုဆွဲ အိမ်အမြန်ရောက်ချင်ဇောနဲ့ ခြေလှမ်း အကြဲကြီးနဲ့ ထွက်လာလိုက်တာ
ခပ်ဝေးဝေးအရောက် ကောင်လေးရှိတဲ့ နေရာကိုလှမ်းကြည့်လိုက်တော့

မှုန်ပျပျ ဆိုင်းဘုတ် လေးတစ်ခုကိုတွေ့ တယ်
(SU RI YA)တဲ့ ………………………………..



အားလုံးပျော်၇ွှင်ချမ်းမြေ့ ကြပါစေ။
(ဖြိုးမောင်မောင်)

11 comments:

mstint said...

'မှုန်ပြပြဆိုင်းဘုတ်လေး' ဇာတ်လမ်းလေး ဖတ်သွားပါတယ်ကွယ်။ ပစ္စည်းများ အခိုးခံရတာ ပျောက်ပျက်သွားတာ အလိမ်ခံရတာတွေဟာ အတိတ်ဘ​ဝရဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ်လိုက်ခြင်းမို့ မကောင်းမှုတွေအားလုံး နိဂုံးချုပ်သွားတယ်လို့ ယူဆမိတယ်။
မိတ်ဆွေကောင်းဆိုတာ မိမိဒုက္ခရောက်တဲ့အခါ မိမိကို ကံသုံးပါးမှ တစ်ပါးပါးသောကံဖြင့် စိတ်ဓာတ်မြှင့်တင်ပေးသူ ကူညီဖေးမသူတို့ပါပဲ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အမလေး... ဘယ်သူများလည်းလို့ ငါ့သားကြီးကို
မူးမူးနဲ့ လျှောက်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်..

မိုးယံ said...

ဟဲ့ အဲဒါ ဘုရားသခင်ဆီမှာ ထိုင်ဆုတောင်းရတယ်.....

အဲဒါဆိုရင် ဗိုက်ဆာပြေတယ်လို့ ယုံကြည်သူတွေ ပြောတာ ကြားဖူးတာပဲ။

နောက်တစ်ခုက အဲဒီကောင်လေးကို ကျေးဇူးမတင်ရဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ရမှာ...အဲဒါ ဘုရားသခင်က ပေးခိုင်တာတဲ့။

Angelhlaing(May everybody be happy and healthy! said...

ဘာပြောရမှန်းမသိအောင်ပါပဲ...

khin oo may said...
This comment has been removed by the author.
khin oo may said...

ဟိ မနောက်ကောင်းဘူးထင်လို့။

စံပယ်ချို said...

ဖတ်ရတာစိတ်မကောင်းဖြစ်မိပါတယ်
ဟုတ်တယ်မိုးယံပြောသလိုပါပဲ
ဘုရားသခင်ကိုတော့ကျေးဇူးတင်လိုက်ပါနော်...

ဖြိုးမောင်မောင်(CTM) said...

အန်တီတင့် ရဲ့ ဆုတောင်းမေတ္တာကိုကျေးဇူးတင်ပါတယ်။ (ကိုစိုး)မူးမူးနဲ့ ပေးလိုက်တာမဟုတ်ပါဘူး။
ကိုမိုးယံ ဘုရားသခင်ကို ကျေးဇူးတင်ရမလားတော့မသိဘူး။
မအိမ်ဂျယ်လှိုင်း ကျေးဇူးတင်ပါတယ်။
မမကွန် စိတ်မဆိုးပါဘူး စနောက်လို့ ရပါတယ်။
နောက်ဆုံးက
မစပ္ပါယ် ကနည်းနည်းလေးလွဲနေပြီထင်တယ်.....
အဲဒါကတကယ့်အဖြစ်အပျက်ဆိုပေမယ့် ကျွန်တော်က အဲဒီလူကြီးနေရာက
ဝင်ခံစားပြီးရေးထားမိတာပါ။ အခုလိုလာလည်ကြတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်။

Anonymous said...

ညီမလေး အဖြေမှားပါတယ်ကွယ် ....
ဖြိုးမောင်မောင် က မူးမူးနဲ့ အဲ့ဒိလူကြီးကို ၅၀ ပေးလိုက်တာပါ...
ဆန်းဝေးကို လာလည်ရင် ကျနော်လည်းလိုက်ခဲ့မယ်နော်...
သူ့ကိုတယောက်တည်း လွှတ်လို့မဖြစ်ဘူး မူးမူးနဲ့တွေ့ကရာနေရာအိပ်တက်လို့ပါ ...

Anonymous said...

Word verification ကို ဖြုတ်လိုက်ပါလား .. ကွန်မန့် ဆက်တင်ထဲမှာ ရှိတယ်... ကွန်မန့်ပေးရတာ မလွယ်ဘူး...
ဘလော့ ဒီဇိုင်းလှ၏ ... ဆန်းဝေးသွားရင်ခေါ်ရန်

ညယံ said...

အဲ ဖတ်ပြီးစိတ်မကောင်းလိုက်တာ ။ တကယ်ဒုက္ခရောက်နေသူကို ကူညီတာ မွန်မြတ်ပါတယ် ..