Pages

Tuesday, November 30, 2010

APRIL FOOL


ငါထိုင်ကြည့်နေခဲ့တာလေ
ပြီးတော့
ငါ လက်လှမ်းခဲ့တယ်
မွေးပျံ့ တဲ့ရနံ့ တွေနဲ့ 
သူ့ ရဲ့အလှ


တောပန်းလေးကို
လှတယ်လို့ဘယ်သူမှမမြင်ပေမယ့်
ငါ့အတွက်တော့
အဖိုးမဖြတ်နိုင်လောက်အောင်
လှပနေခဲ့တယ်........

ဆူးတွေဝန်းရံနေပေမယ့်
ငါက လိုချင်တက်မက်ခဲ့တာကိုး
ငါ သတိထားမိတဲ့အချိန်
ငါ့လက်မှာ သွေးတွေရဲလို့.......

ငါ ခေါင်းတွေမူးလာတယ်
မျက်လုံးတွေပြာပြီး
ငါ့ အာရုံတွေ
အမှောင်ကျသွားတယ်.......

အဲဒီအချိန်.....
ငါ့အခန်း ပတ်လည်မှာ
အသံတချို့  ကြားလိုက်တယ်
ငါ့ ကိုအသံရှင်က ခေါ်နေတယ်

ငါ မသိစိတ်ကအသံရဲ့
ခေါ်ဆောင်ရာနောက်ကို
ပြေးထွက်လိုက်သွားခဲ့တယ်

လှေကားအတိုင်း ငါ
တစ်ထစ်ချင်း လှမ်းဆင်းလာခဲ့မိတယ်
အသံက ဟိုဘက်....
ငါလဲ ဟိုဘက်လိုက်
အသံက ဒီဘက်
ငါလဲ ဒီဘက်လိုက်နဲ့ပေါ့..

တကယ်တော့
ငါတစ်ယောက်တည်းပါ
ဘယ်သူမှမရှိပါဘူး
ဟုတ်တယ်........
ငါ ရူးသွားတာလေ
ငါ ရူးခဲ့တာ.......
ငါ ရူးနေဆဲပါ ဧပရယ် ရယ်.........
............................
.....................

မြန်မာမလေးတွေရဲ့ အမျိုးသားဝတ်စုံ


ကြည့်မိတဲ့သူမှာအပြစ်ရှိသလား ၊
ဝတ်တဲ့သူမှာအပြစ်ရှိသလားဆိုတဲ့
ဆွေးနွေးခန်းခေါင်းစဉ် လေးကိုဖတ်မိလို့
ဒီအကြောင်းအရာကိုတင်ဖို့သတိရသွားတာပါ။
လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို
မြန်မာမိန်းခလေးများ သတိပြုမိစေဖို့
ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။

ဒီလိုပါ - မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ၀တ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။

ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမ၀တ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ၀တ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အ၀တ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အ၀တ်အထည်မျိုးမဟုတ်ဘူး။ ပေါင်ရင်းလောက်တိုတဲ့စကပ်ရှိတယ် ၊ ဒူးအောက်ရောက်တဲ့စကပ်ရှိတယ် ၊ စကပ်ကို ပေါင်ရင်းအထိခွဲထားတဲ့ စကပ်ရှိတယ် ၊ အခုနောက်တည့်တည့်ကခွဲတဲ့စကပ်တောင်ရှိသေးတယ်။ အခုမြန်မာမလေးတွေ ၀တ်တဲ့စကပ်က ပေါင်လောက်ထိတိုတဲ့ စကပ်တောင် ရှိနေပါပြီ။ ၀တ်ရဲတဲ့သူတွေက ၀တ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ ၊ နောက်ခွဲ နဲ့ စကပ်ရှည်ရှည်တွေကတော့ မြန်မာမိန်းကလေးတိုင်းလိုလို ၀တ်ဝံ့တာမြင်နေရပြီ။

အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွန့်အထက် ဘာမှ မရှိဘူး။ အမေတို့ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့ လူထဲမထွက်ရဲကြပါဘူး။ ခုတော့ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာချိတ်လို့ လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျှော်လွန်းပါဘူးကွယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက ``အရှက်ကို အသက်နဲ့လဲမယ် ´´ ဆိုပြီး အမေတို့မြန်မာမိန်းမတွေ ကြွေးကျော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားပါ။ ဒါကြောင့် သမီးလေးတို့ကရော သမီးလေးတို့ရဲ့ အုပ်ထိန်းသူတွေကပါ ၀ိုင်းဝန်းတည့်မတ်ပေးကြပါ။

ပြီးတော့ ထဘီ နဲ့ စကပ် ရဲ့ ကွာခြားမှုကို အမေနည်းနည်းပြောပြချင်တယ်။ ထဘီက ၀တ်ရင်း ၊ ထိုင်ရင်းကနေ တနေရာမှာ တခုခုစွန်းသွားပေသွားလိုကရှိရင် အဲ့ဒီအစွန်းအပေကို လွယ်လွယ်လှည့်ဝတ်လို့ရတယ်။ ဖုံးကွယ်လို့ရတာပေါ့။ စကပ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာပေပေ ဒီအပေကို လှည့်လို့လည်းမရဘူး။ ဒါကြောင့် ဖုံးလို့ကွယ်လို့မရဘူးပေါ့။

နောက်တခုက မြန်မာမိန်းကလေးတွေ ဘောင်းဘီဝတ်တာကိုလည်းပြောချင်သေးတယ်။ တောထဲတောင်ထဲ ခရီးကြမ်းသွားလို့ ထိုင်ထကောင်းတဲ့ဘောင်းဘီမို့ ၀တ်တာမျိုးကို အမေမပြောလိုပေမယ့် အခုခေတ်မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေအတော်အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အင်္ကျီ တိုနံ့နံ့နဲ့မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတွေနေကြရပြီ။ အမေတို့မြန်မာဓလေံထုံးစံက မိန်းကလေးဝတ်တဲ့ အ၀တ်အစားဟာ ``ဣနြေ္ဒရတယ်´´ ဆိုတဲ့ ဆိုင်းဘုတ်ပါရတယ်။ အ၀တ်အစားကိုက လျှပ်ပေါ်တယ် ၊ လော်လီတယ် ဆိုတာမျိုးမဖြစ်စေရဘူး။ အခုတော့တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကိုရွေးဝတ်နေကြတယ်။ အမေတို့မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့အရာဆိုတာရှိတယ်။ ဖော်လှစ်သင့်တဲ့အရာဆိုတာရှိတယ်။ ဘယ်ဟာကဘာလဲလို့မသဲကွဲရင် အမေ့ကိုတိုးတိုးမေး။ အခုတော့ တချို့မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲ့ဒီနေရာမှာ တို့အရှေ့နဲ့ အနောက်ကပြောင်းပြန်ပါ။ အနောက်ကမိန်းကလေးတွေက ဘာနဲ့မဆို စွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့အရှေ့တိုင်းကအဲ့ဒီလိုမဟုတ်ဘူး။ တို့အရှေ့တိုင်းသူမိန်းမတွေဟာ အနောက်တိုင်းသူမိန်းမတွေနဲ့မတူတာတချက်ရှိတယ်။ တို့အရှေ့တိုင်းသူတွေက ကိုယ်မှာရှိတဲ့ အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ အဲ့ဒီတော့ တို့အရှေ့တိုင်းသူတွေက အနောက်တိုင်းမိန်းမတွေထက်သာပါတယ်။ သမီးမိန်းကလေးတို့ ပြိုင်ချင်သပဆိုရင်ပြောတာပါ။

ခုခေတ်မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့တသက်လုံးလက်ခံလာတာက `ချက်´ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမဲ့အရာမျိုး။ အခုခေတ်မိန်းကလေးတွေက ဒီချက်ကြီးကို ဖော်ရုံလှစ်ရုံမကဘူး ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။ သူတို့အဖေတွေကလည်း ဒါကိုကြည့်နေကြသတဲ့။ အဲ့ဒီတော့ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား လူတွေကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား ၊ အမေအသက်၇ှည်နေသေးတာကိုပဲအပြစ်တင်ရမလား မပြောတတ်တော့ဘူး။.......................(ဆောင်းပါး.... လူထုဒေါ်အမာ)
............
...............
....................

သူသိစေချင်


ခေါင်းငုံ့ လျှက်
သွားနေတဲ့ ငါ့ခြေလှမ်း
မင်းမြင်နိုင်ခဲ့ရဲ့လား

ွှဆူပွက်နေတဲ့နှလုံးခုံသံ
မင်းကြားနိုင်ခဲ့ရဲ့လား.........


စားလဲမင်းစိတ်
သွားလဲမင်းစိတ်
မင်းနဲ့ဝေးပြီး
မင်းမရှိတဲ့အချိန်
ငါတစ်ယောက်တည်းဆိုတာ
မင်းသိနိုင်ရဲ့လား

ဘာကြောင့်ဝေးသွား
မင်းအနား
သိနိုင်ခဲ့ရဲ့လား

ဝေးပြီးရင်းဝေး
ဆွေးပြီးရင်းဆွေး
ပြန်မဆုံနိုင်တော့တာ
မင်းသိနိုင်ရဲ့လား

ခုဒီစာကိုရေး
ဘာနေ့လဲဆိုတာ
မင်းသိနိုင်ရဲ့လား

မျှော်လင့်ခြင်းတွေအပြီးတိုင်
အဆုံးသတ်ခဲ့ပြီလား

မိုးဦးရဲ့မိုးရေစက်တွေ
ငါ့မျက်ရည်အလား
ကြေကွဲခဲ့ရပြီးပြီ

နွေဦးရဲ့
ရော်ရွက်ဝါတွေ
ငါ့အနားလွင့်ဝဲ
လှောင်ပြောင်နေသလား
ထင်ခဲ့ရပြီ

ဒါပေမယ့် ငါ
မရယ်နိုင်ဘူး
လွမ်းရင်းသာပဲကြေကွဲနေတာ
မင်းသိစေချင်ရဲ့............

..........

.........

Sunday, November 28, 2010

ခောတ်အဆက်ဆက်မြန်မာ့အလံများ

ခောတ်အဆက်ဆက်
မြန်မာတို့ အသုံးပြုခဲ့တဲ့
အလံများကို မြင်ဘူးရအောင်
ပြန်လည်မျှဝေလိုက်ပါတယ်။
ခောတ်အဆက်ဆက်အလံတွေ
ပြောင်းလဲ သွားခဲ့ပေမယ်
မပြောင်းလဲတာတွေရှိပါတယ်..................
......................................
.........................................
မြန်မာဟာ မြန်မာပါပဲ


Taylor Swift - Mine



Taylor Swift - Mine.mp3



အားလုံးပဲပျော်ရွှင်ကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ...
BY

Wonder Girls



♫♫♫01
I Wanna - Wonder Girl.mp3


♫♫♫02
Ibaboh - Wonder Girl.mp3


♫♫♫03
Tell Me (Sampling From ''Two Of Hearts'') - Wonder
Girl.mp3


♫♫♫04
Friend - Wonder Girl.mp3


♫♫♫05
Headache - Wonder Girl.mp3



♫♫♫06
Mwuh Uhttae - Wonder Girl Feat. David Kim.mp3


♫♫♫07
Wishing On A Star - Wonder Girl.mp3


♫♫♫08
Move - Wonder Girl Feat. Lee Min Woo.mp3


♫♫♫09
Gajyuga - Wonder Girl.mp3


♫♫♫10
Good Bye - Wonder Girl.mp3


♫♫♫11
Bad Boy - Wonder Girl.mp3



♫♫♫12
Mianhan Maeum - Wonder Girl.mp3



♫♫♫13
Irony - Wonder Girl.mp3




.........
.........
.........

ငါ


ပုတ်ပွနေတဲ့နံနက်ခင်းမှာ

ကဗျာမဆန်ကာရံတွေကိုထမ်းပို့လို့....

ငါ.........

အစိမ်းသက်သက်

သူ့.............ကို

စိမ်းကာစွာသတိရနေခဲ့မိတယ်.........

ဒါပေမယ့်အစိမ်းရောင်ကင်းမဲ့နေတယ်။

ငါ့အာရုံတွေဝဲဂရက်ထဲမှာနစ်မျောနေတယ်

ငါ့အိပ်မက်တွေသွေးဆာနေတုံး........

ငါ့ဘေးနားကအစိမ်းရောင်လွင်ပြင်ကြီး

ဖြစ်သွားတာတွေ့လိုက်ရတယ်..........

အဲဒီတော့မှစိမ်းကားစွာချန်ခဲ့မှန်း

ငါ..............

သိလိုက်ရတယ်။


...........
...........
...........

ဆင်ခြင်ခြင်းမဲ့ဖြစ်ခြင်း


အဖေ...........
အဖေ့ရဲ့ဆိုဆုံးမတဲ့စကားတွေကို
သား ဘယ်တော့မှ မမေ့ပါဘူး

ငါ့သား မင်းပညာတတ်ကြီးဖြစ်အောင်ကြိုးစား.......
ဘယ်တော့မှသူများလက်ညိုးထိုးအခိုင်းခံရတဲ့သူ
မဖြစ်ပါစေနဲ့.....

Friday, November 26, 2010

သတိရပေးပါ


သူငယ်ချင်းရေ
ရွှေပတ်လေးသောက်
လန်ဒန်လေးခဲပြီး
တံတားအုတ်ခုံမှာ
ဂစ်တာတီး သီချင်းဆိုချင်သေးတယ်။

သူငယ်ချင်းရေ
စက်ဘီးလေးစီး
စကားလေးပြောရင်း
မြို့ပတ်ချင်သေးတယ်။

သူငယ်ချင်းရေ
သတိတော့ရတာပေါ့ကွာ
ဒါပေမယ့်ရောက်ရာအရပ်မှာ
ပျော်အောင်နေကြတာပေါ့။

အချိန်တွေကုန်ခဲ့ပြီ
အသက်တွေကြီးလာပြီ
ကိုယ့်လမ်းကိုယ်လျှောက်ရင်း
ပြန်ဆုံဖို့ဝေးနေခဲ့ပြီ။

ဘဝရဲ့နှောင်ကြိုးတွေနဲ့
ငါတို့ရဲ့မနက်ဖြန်များစွာကို
ရုန်းရဦးမယ်
နည်းပညာခေတ်ကြီးမှာ
ဆက်သွယ်ရေးတွေကကောင်းနေပေမယ့်
တနေ့ငါတို့တွေပြန်ဆုံချင်သေးတယ်ကွာ။

မင်းတို့တတွေ
ဘယ်လိုပဲပြောင်းလဲပြောင်းလဲ
ငါ့ရင်ထဲမှာတော့အမြဲတမ်း
သတိရနေတယ်ကွာ။
ငါမရှိပေမယ့်.....
မင်းတို့ရင်ထဲမှာ ငါ
ရှိနိုင်ကောင်းပါရဲ့။

သူငယ်ချင်းတို့ရေ
မင်းတို့ရင်ထဲမှာငါ့ကိုရှိနေပေးပါ။

သထုံက(ကိုသက်)မြသပိတ်တောင်ခြေကဘုံဆိုင်လေးကိုရောက်ဖြစ်ရင်ကျွန်တော့်ကိုသတိရပေးပါ။
ပေါင်က(အောင်အောင်)လသာတဲ့ညတွေရောက်ရင်ငါ့ကိုသတိရပေးပါ။
(မင်းမင်းထိုက်//တေဇာ)မင်းအိမ်မှာထမင်းတွေပိုနေရင်ငါ့ကိုသတိရပေးပါ။
(ကိုဇော်ဝင်းထွန်း)မုန့်ဟင်းခါးဆိုင်ရောက်ရင်ကျွန်တော့်ကိုသတိရပေးပါ။

တချိန်က(ပေါင်///သထုံ)မှသူငယ်ချင်းများကိုသတိရခြင်းများစွာဖြင့်

.............
..............
...............

Thursday, November 25, 2010

japanese restaurant


ကျွန်တော်အလုပ်လုပ်ခဲ့တဲ့japanese restaurant
နဲ့သူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်ပါတယ်။
အစားအသောက်တွေကလဲကောင်းပါတယ်။
(ကြွားတာနော်...ဘာမှမဟုတ်ဘူး)
ဈေးလဲသက်သာတယ်။ကျွန်တော်ကတော့တခါမှ
ဝယ်မစားဖူးပါဘူး.....ဟီးဟီး
အဲဒီမှာအလုပ်လုပ်ခဲ့တုံးကတော်တော်ကိုပျောစရာကောင်းတာ
(ထင်လို့လား)
bossကလဲစိတ်ရင်းကောင်းတယ်....ထင်တာကိုပြောတာ
(မသေချာ)
တရုတ်မလေးတွေကလဲချော်ချော်လေးတွေ
အလုပ်ပြီးချိန်ကျရင်တော့အမြီးအတွက်ကမပူရဘူး
(saba steak)ဆိုအရမ်းကောင်းတာ..ကြိုက်တယ်
(salmon roll)ဆိုလဲအစကမကြိုက်ဘူး...
နောက်တော့ဘယ်ပြောကောင်းမလဲ......ဆွဲတာပေါ့။
အဲဒီဆိုင်ကအစားအစာတွေကိုကိုယ်တိုင်လေ့လာပြီး
အာရုံခံစားသောက်ကြပေါ့ဗျာ....နော်....
သွားချင်တဲ့သူရှိရင်လဲပြော လိုက်ပို့ပေးမယ် ငှဲငှဲ...
သူများကိုသွားရေယိုအောင်လုပ်တဲ့နည်းလေ....
စားချင်ရင်.....ကိုယ့်ဟာကိုဝယ်စားကြ
သွားချင်ရင်တော့လိုက်ပို့ပေးမယ်လေ
(ကုန်ကျစရိတ်အကုန်ခံ)
ရောက်ဖူးချင်ရင်
ဒီအောက်ကလင့်ကလေးကိုနှိပ်လိုက်ပါ။
အဲဒီမျာပါတဲ့ပုံကလေးတွေကြည့်ပြီးအရသာခံကြည့်ကြပေါ့နော်......




ဒါကဆိုင်အသစ်ဖွင့်ပွဲမှာရိုက်ထားတဲ့photo
ဂျပန်ယာခူဆာဝတ်စုံနဲ့....ဂျပန်အချို့ ...

အင်္ဂလိပ်-မြန်မာ-အင်္ဂလိပ် (အဘိဓါန်)


မိမိကွန်ပြူတာမှာလိုအပ်ရင်ဒေါင်းလုပ်ရယူနိုင်ပါတယ်။
ကိုစိုးမင်းရဲ့ မြန်မာ-အင်္ဂလိပ်၊အင်္ဂလိပ်-မြန်မာ အဘိဓါန်ပါ။
WIN-7 နှင့် VISTA အတွက် INSTALL လုပ်တဲ့အခါ
RUN AS ADMINISTRATOR ဖြင့် RUN ပေးရင်အဆင်ပြေပါတယ်။
ဆိုဒ်တခုကတွေ့လို့သူငယ်ချင်းတို့ကိုဝေမျှပေးတာပါ။

WXPY DICT rar





ကျေးဇူးတင်ပါတယ်ခင်ဗျာ...
BY

တောကငါးပိဖုပ်


တောရွာမှာတုန်းက ဖြစ်ခဲ့တဲ့ ဟာသဖြစ်ရပ်မှန်လေးပါ...........

။တောမှာက နွေဆိုရင် မီးရှို့ပြီးတော့ ထင်းခုတ်တဲ့ ဓလေ့ရှိတယ်။ထင်း
ခုတ်တယ်ဆိုတာက လူစုပြီး အစုလိုက်ခုတ်ကြတာများတယ်။တောဓလေ့ဆိုတော့ သိကြတဲ့အ
တိုင်းပဲလေဗျာ တောထဲမှာ ထင်းခွေပြီးဆိုတာနဲ့ အိမ်မှာကတည်းက ထမင်းကြမ်းအပြီးစား
နေ့လည်စာကိုတော့ ထမင်းထုပ် ထုပ်ပြီးယူသွားရတာထုံးစံတစ်ခုပေါ့ ။ထမင်းထုပ်ကိုလည်း တော
မှာက အင်ဖက်တို့ ငှက်ပျော ဖက်တို့ပေါတယ်ဆိုတော့ မီးကလေးကင်ပြီး ပျော့သွားတာနဲ့ ထမင်း
လေးထည့်လိုက်ရုံပဲ၊ဘာ ချိုင့် မှ မလိုဘူးလေ၊ထမင်းစားချိန်ရောက်ပြီဆိုတာနဲ့ ထင်းခွေလာတဲ့လူ
တွေအကုန်စုပြီး စားကြတာကလည်း တောဓလေ့ရဲ့ ပျော်စရာတစ်ခုပါပဲ။ တစ်နေ့.......................
ထုံးစံအတိုင်းပဲ ထင်းခွေထွက်ကြတာပေါ့။ နေကလည်းပူလိုက်တာဗျာ၊ခြစ်ခြစ်တောက်ပဲ ။အေးပေါ့
မီးရှို့ ထားတာဆိုတော့လည်းအားလုံးပြောင် သလင်းခါနေပြီ အောက်ပိုင်းကိုရှင်းနေတာပဲ။
မီးလောင်ထားတာ ဘယ်လောက်ပြင်းသလဲဆိုရင်ဖြင့် စည်းမရှိ ကမ်းမရှိလူတွေ လျှောက် ပါ ထား
တဲ့ချီးပုံလေးတွေတောင် ခြောက်သယောင်ယောင်.....(တောမှာဆိုတော့လည်း ပြောလို့လည်းမရ
ဘူးလေ၊ဒါတွေက ဖြစ်ရိုး ဖြစ်စဉ်တွေပေါ့ ။တောသူ တောင်သားတွေဆိုရင်တော့ ပိုသိမှာပေါ့ )

ထားတော့ ဆက်ဖတ်လိုက်ပါဦး...........
ထင်းခွေရင်းနဲ့ နေ့လည်မွန်းတက်ပြီဆိုတာနဲ့ အားလုံးထမင်းဆာနေကြပြီလေ။ဒါပေမဲ့ အဖေလေ အဖေ မနားဘူးဗျာ၊ ဇွဲနဲ့ခုတ်နေတာ ဒီမှာကလူဦးရေ များလာတာဆိုတော့ ထင်းတောင်လုခုတ်ရတာဆိုတော့ လောဘကြီးတာ
မမှားပါဘူး။သို့ပေမဲ့ လူငယ်ဖြစ်တဲ့ ကျွန်တော်တို့မှာ ထမင်းကဆာနေပြီလေ။အဲဒီအချိန်မှာ
ပဲ အဖေက သူ့ အသံ ၀ါကြီးနဲ့..........။ “အားလုံးပဲ ထမင်းစားနားကြမယ်ဟေ့ ”ဆိုတဲ့အသံ
ကြားတာနဲ့ ပျော်လိုက်တာဗျာ၊ဗိုက်ကဆာနေပြီကိုး၊ပုံမှန်(၁၁း၃၀)ဆိုစားနေကြတာ ဒီနေ့ကျမှ
(၁)နာရီတောင်ထိုးတော့မယ်၊ဆာလိုက်တာဗျာ၊အူကိုလှိမ့်နေတာပဲ၊ဒါတောင် အဖေကပြော
သေးတယ်၊ဟင်းအကောင်းဆုံးအချိန်ကို စောင့်နေတာတဲ့။အစက ဘာမှန်းမသိဘူး၊နောက်ကျမှ
အဖေ က.....“ တကယ်တမ်းတော့ လူတွေက ဟိုဟင်းစားချင် ဒီဟင်းစားချင် ဟိုဟာမကြိုက်
ရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့ “တဲ့” တကယ်တမ်းဗိုက် အရမ်းဆာလာပြီးဆိုတာနဲ့ ငပိ ဖုတ်
တောင်အရမ်းကောင်းတာ” ကို ပြောတာဆိုတော့မှသဘောပေါက်ပါတယ်။ လာတာက လူ(၅)ယောက် အားလုံးဝိုင်းထိုင်ပြီးထမင်းထုပ်ကိုဖြည်လိုက်တယ်။ဟင်းထုပ်လေးတွေကိုအ
လယ်မှာစု ထမင်းထုပ်ကို မြေကြီးပေါ်မှာချပြီး စားရတာပျော်စရာပေါ့ဗျာ၊ ကျွန်တော်တို့ အမေ
က ထမင်းကိုဆီလေးဆမ်းပြီး ငါးပိဖုတ်ကိုသေသေချာချာ ဖုတ်ပေးထားတာက မွှေးနေတာပဲဗျာ
ထင်းခုတ်ရင်းနဲ့ ချက်ထားတဲ့ဟင်းချိုပူပူလေးကို အလယ်မှာ ချပြီး ဟင်းထုပ်လေးတွေ ၀ိုင်းထား
တာ မျက်စိထဲ မြင်ပါရဲ့လား သူငယ်ချင်းတို့။ထိုင်ပြီးဆိုတာနဲ့ ဟင်းထုပ်တွေကို တချက်ဝေ့ကြည့်
လိုက်တယ်။ဆီမပါတဲ့ငါးခြောက်ဖုတ်ကတစ်ထုပ်၊အရည်မပါတဲ့ကြက်သားကနှစ်တုံး၊ ငါးကြော်
က တိုင်းပြီးများပေးလိုက်သလားမသိဘူး အရွယ်တူ ဆိုဒ်တူ(၅)ကောင်၊သားအဖ နှစ်ယောက်က
ငါးပိဖုတ်။ ဒါပေမဲ့ ဗိုလ်စွဲတာက ငါးပိဖုတ်ဗျ၊ဘာလို့လဲဆိုတော့ ဟင်းချိုနဲ့ လိုက်တဲ့ ဟင်းဆိုလို့
ငါးပိဖုတ်ပဲရှိတာကိုး ဟဟဟား.........ဒါကြောင့်ပြောတာ အမြင်နုပ်ပေမဲ့ရွှေထုပ်တယ်ဆိုတာ။
ထမင်းကလည်းဆာဆာနဲ့ စားလိုက်ကြတာဗျာ။ဒါတောင်ပြောသေးတယ်....“မင်း ငါးပိ က
မလတ် သလိုပဲ ” တဲ့။ “မဟုတ်တာဗျာ၊အမေကိုယ်တိုင် သေသေချာချာ ဖုတ်ပေးလိုက်တဲ့ဟာ
ကို ” အားလုံစားလိုက်ကြတာဗျာ သူငယ်ချင်းတို့ကို မြင်စေ့ချင်တယ် ပြိုက်ကနဲ ပြိုက်ကနဲပဲ၊
အဲဒီအချိန်နောက်တစ်ယောက်က ထပ်ပြောလာတယ်။ “ဟုတ်တယ်ကွ မင်းတို့ ငါးပိ ကမလတ်
သလိုပဲ ”ဆိုတော့ အဖေက ”လူတွေလူတွေ အဲဒါသာကြည့်တော့ သားရေ ဗိုက်ဆာတုန်းက
အရသာမခံနိုင်ဘူး၊ဗိုက်လေးပြည့်ပြီဆိုတာနဲ့ ဟိုဟာကချိုတယ် ဟိုဟာခါးတယ်နဲ့ ”အင်းပေါ့နော်
ဟိုလူက အမေလုပ်တာ မကောင်းဘူးပြောတာကိုး၊အဖေက ဘယ်ခံမလဲ ဟဟား....အဲဒီအချိန်
နောက်ဆုံးကျန်တဲ့တစ်ယောက်ကထပ်ပြောလာတော့တယ်၊ “ဟုတ်တယ် ဦးလေး ငါးပိ ကနည်း
နည်းနံတယ်၊မလတ်တာလား မီးဖုတ်တာ မကျက်တာလား မသိဘူး ” (၃)ယောက်လုံး ဒီလိုကြီး
ပဲပြောတော့ အဖေ နည်းနည်းတွေဝေသွားတယ်လေ၊ ထမင်းစားကြတာက (၅)ယောက်၊
သားအဖ နှစ်ယောက်ဖယ်လိုက်ရင် သူစိမ်း(၃)ယောက်မှာ (၃)ယောက်စလုံးကတစ်လေသံထဲဆို
တော့ အဖေ စဉ်းစားရတာပေါ့၊သို့ပေမဲ့ သူ့မိန်းမ ကျွန်တော့် အမေကို မကောင်းပြောတာလည်း
မခံနိုင်တော့ ကိုယ်တိုင်ထကြည့်ရတာပေါ့။ ငါးပိ က ကုန်တောင် ကုန်တော့မယ်။ ငါးပိထုပ်ကို
ကြည့်တယ်၊ သေသေချာချာ ကြည့်တယ်၊ပြီးတော့ ငါးပိထုပ်ကို မ ကြည့်တယ်၊ မ ကြည့်လို့လဲ
ပြီးရော.........တစ်ခွန်းတည်းပဲ......“ဟာကွား ” ဆိုပြီး အန်ပါလေရော......စားနေတဲ့ ကျွန်တော်
တို့ ဘာလုပ်ရမှာလဲ ဟင်.....“ အဖေ ဘာဖြစ်လို့လဲ ” မေးတော့ဘာမှ မပြောနိုင်ဘူး၊ ငါးပိ ထုပ်
ကို လက်ညိုးထိုးပြတယ်။ လေး ယောက်သား ငါးပိ ထုပ်ကိုသေသေချာချာ ကြည့်ကြတယ်။
ပြီးလည်းပြီးရော လေးယောက်သား အန် လိုက်ကြတာ အပြိုင်အဆိုင်၊ အန် လို့ဝမှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်ရမလို ငိုရမလို နဲ့ပေါ့၊ သူငယ်ချင်းတို့ရေ ဖြစ်ပုံက
ဒီလို................ငါးပိ ထုပ်ကို ကျွန်တော်က မီးလောင်ထားတဲ့ လူ ချီး ပုံခြောက်ပေါ် တင်မိရဲ့
သားဖြစ်နေတော့ ငါးပိ ကိုကော်တော့ လူတိုင်းက လက်ညိုး လေးနဲ့ ကော်လိုက် ထမင်းထဲ မြှုပ်
စားလိုက် မဟုတ်လား၊ ကော်ရင်း စားရင်းနဲ့.......ဘယ်သူ့ လက်ညိုးက ဖက် ကိုဖောက်မိသွားတယ်တော့ မသိဘူး၊ သေချာတာကတော့ အောက်က ချီး ပုံကတစ်ဝက်ကျိုး
နေပြီးလေ ၊ ဒီလိုဆိုတော့..............“ ဒါကြောင့် ဟို ကောင်တွေကတော့ ပြောသား ငါးပိက
မလတ် သလိုပဲလို့............။။။။။။

ပြန်လည်မျှဝေပေးခြင်းကြောင့်......သတိပြုံးရုံသာပြုံးပါ...................

..............
..............
..............

အရိပ်




လေပြေလေး
တိုက်ခတ်သွားသလိုပဲ
သင်ပျံ့ မွေးတဲ့
ပန်းရနံ့ လေးရလိုက်သလိုပဲ
ပူပြင်လှတဲ့နွေရာသီမှာ
အိုအေစစ် ရောက်သွားသလိုပဲ
သင်္ကြန်မှာ
ရေခဲရေနဲ့အလောင်းခံလိုက်ရသလိုပဲ
sojuသောက်နေတဲ့အချိန်
chivas regalတွေ့လိုက်ရသလိုပဲ
အိပ်ငိုက်နေတဲ့အချိန်
3Dရုပ်ရှင်ကြည့်လိုက်ရသလိုပဲ
အိပ်မက်ထဲမှာ
သူနဲ့တွေ့လိုက်ရသလိုပဲ
တဒင်္ဂအတွင်း
မျက်တောင်မခတ်တမ်း
စိုက်ကြည့်မိပါရဲ့
ဟုတ်တယ်
ငါအရမ်းတွေ့ချင်နေတာလေ
ရုတ်တရက် ငါ
မျက်တောင်တချက်ခတ်လိုက်မိတယ်။
ပြန်အဖွင့်မှာ ငါ ဘာမှ
မမြင်တော့ဘူး...............
အရိပ်ကလေးပျောက်ကွယ်သွားခဲ့ပြီလေ.......
.................
...................
.......................

Wednesday, November 24, 2010

ထွက်ပေါက်





ဒီလိုလေးပဲ အမြဲ
ကြည့်နေချင်တယ် တစိမ့်စိမ့်ပေါ့.....
ငါ့မျက်ဝန်းအိမ်က တဆင့်
နှလုံးသားထဲမှာ မင်းပုံရိပ်တွေ
စွဲထင်နေပြီ.............................
မင်းရဲ့ရွှန်းလဲ့တဲ့ မျက်ဝန်းနဲ့
နှင်းဆီရောင် နုတ်ခမ်းပါးလေးတွေက
ငါ့ရဲ့ရင်ခုန်သံ တွေကို
အသက်သွင်းလိုက်သလိုပါပဲ....
မင်းရဲ့မျက်ဝန်းတွေနဲ့
အကြည့်ချင်းဆုံလိုက်တိုင်း
ငါ့ရဲ့(သက်ပျင်း)အချို့ကို
မင်းကြားခဲ့ဖူးမယ်ထင်တယ်....
အဲဒါ....
ငါ့ရင်ရင်ခုန်သံတွေရဲ့......
တခုတည်းသောထွက်ပေါက် ဖြစ်ခဲ့တယ်ဆိုတာ.......
မင်းမသိခဲ့ပါဘူး.......
ချစ်ရတဲ့......ကောင်မလေးသို့......................
...................
.....................
.....................

နေတတ်ခဲ့ပြီ




ငါ့အခန်းကျဉ်းလေး၇ဲ့
ပြတင်းပေါက်မှာ
ငါငေးနေလိုက်တာ
ဟိုးအဝေးက
အလင်းတန်းကလေး
မင်းအရိပ်တွေပဲထင်နေတယ်
ပဲ့တင်သံတွေနဲ့
မင်းရဲ့စကားလုံတွေအောက်မှာ
ငါ့ရင်ခုံသံတွေ
ကျရှုံးခဲ့ဖူးတာ
ဟိုတချိန်ကပေါ့။
မင်းရက်စက်မှုတိုင်းကို
ငါမမေ့နိုင်ခဲ့ဘူး..........
ငါ့နှလုံးသား
ဒဏ်ရာပရပွနဲ့
သေသေသပ်သပ်
မချုပ်တတ်ခဲ့တော့
စုပ်ပျက်စွာနဲ့ပေါ့
လောကကြီးပေးတဲ့
လက်ဆောင်မှာ
ချစ်ခြင်းမေတ္တာတွေ
အလွမ်းတွေ
မျှော်လင့်ချက်တွေ
ငါ့အတွက်မရှိတော့ပါဘူး
ငါ့ရဲ့ရောင့်ရဲနိုင်မှုပဲလိုတော့တယ်။
ခုတော့လဲ
ရေတစ်စက်
လေတချက်
နွေတစ်သက်မှာ
ငါနေတတ်ခဲ့ပြီ။
..............
..................
......................

သူနဲ့အဝေး





ကံကပဲဆိုးတာလား
မိုးကပဲမှောင်တာလား
လေကပဲကြမ်းလို့လား
လွင့်ပျယ်ကုန်ဆုံးသွားလိုက်တာ
ဟိုနေ့ကငါသောက်ခဲ့တဲ့
ခွက်ထဲက(sojo)လိုပါလား။

တွေးကြည့်လိုက်ရင်
ငါမှားခဲ့ပါတယ်
ငါဟာပေးဆပ်နေသူလဲမဟုတ်
ရယူလိုတဲ့သူလဲမဟုတ်
ှဝဠ်ကြွေးသက်သက်ပါပဲ

အဲဒီအချိန်ကမိုးတွေက
အရမ်းရွာနေတာလေ
အဲဒါကြောင့်
ငါ့မျက်ရည်တွေ
ဈေးပေါသွားခဲ့တာနေမှာ။

နင်ဟာ
ငါ့ကို ဒဏ်ရာတွေ
မပေးပဲနဲ့ပေးခဲ့တယ်
ငါလဲနင့်ကို
ဒဏ်ရာတွေ
မပေးပဲနဲ့ပေးခဲ့တယ်။

ငါလဲနင့်နဲ့မဝေးပဲနဲ့
ဝေးခဲ့တယ်
နင်လဲငါ့နဲ့မဝေးပဲနဲ့
ဝေးခဲ့တယ်။
................
....................
.......................

Tuesday, November 23, 2010

အထီးကျန်



ငါတစ်ယောက်တည်း
မွေးတုံးကလဲ
ငါတစ်ယောက်တည်း
သိတတ်တည်းက
ငါတစ်ယောက်တည်း
စိတ်ညစ်တော့လဲ
ငါတစ်ယောက်တည်း
ဝမ်းနည်းတော့လဲ
ငါတစ်ယောက်တည်း
လွမ်းရတော့လဲ
ငါတစ်ယောက်တည်း
ိငိုကြွေးတော့လဲ
ငါတစ်ယောက်တည်း
ဝေးခဲ့တော့လဲ
ငါတစ်ယောက်တည်း
ဆွေးခဲ့တော့လဲ
ငါတစ်ယောက်တည်း
ဘဝဇာတ်ခုံ
အဖုံဖုံမှာ
ငါတစ်ယောက်တည်း
ငါဟာအမြဲ
ငါတစ်ယောက်တည်း။
................
...............
................

Saturday, November 20, 2010

အမှတ်တရနေ့များ



""တခါက(C)ကလေးများ
ငါတယောက် ငါ့ဘဝလှော်တက်နဲ့
လှော်ခက်နေဆဲပေါ့
မင်းတို့ရဲ့စေတနာတွေနဲ့
ပေးဆပ်နိုင်မှုတွေကို
အဝေးတနေရာကနေ
ငါအမြဲဂုဏ်ယူနေပါတယ်။
ငါ့မှာအခွင့်မရှိလို့ပါဆိုတာကိုနားလည်ပေးစေချင်တယ်။
နောင်လှပလာမယ့်အနာဂတ်တွေမှာ
မင်းတို့တတွေဆက်လက်တောက်ပနေမှာပါ။
ငါလဲမင်းတို့လိုလောကအတွက်
ိုအလင်းရောင်လေးတွေ
ပေးချင်ခဲ့တာပေါ့
(လူတစ်ယောက်ဟာ
အခြေအနေနဲ့အချိန်အခါကို
လိုက်ပြီးသူတို့ရဲ့တန်ဖိုးထားမှုတွေ
ပြောင်လဲသွားတတ်တယ်)
အခြေအနေနဲ့အချိန်အခါတွေက
ငါ့ကိုတိုက်စားလိုက်ကြတယ်လေ။""

အမှတ်တရ
(SC , UK , MYR) PA , PO & ALL OF VOLUNTEERS
..............
..................
.......................

အပေါ်ယံ



ပင်လယ်ကမ်းနားနေဝင်ချိန်များ
ဂဏန်းနဲ့ဖား
BEတလုံးငှဲ့ခဲ့ဖူးကြ
လှပခြင်းနဲ့ကုန်ဆုံးခဲ့ကြတဲ့
အချိန်တွေကြား
သတ္တဝါတွေလ
လိုက်တမ်းပြေးတမ်း
ကစားနေကြ.........
မင်းမျက်နှာကိုအိပ်ချင်ပြေ
တွေ့ ချင်သေးတယ်။
တွေ့ရင်တော့
ဒူတန်တန်...ဒူတန်တန်နဲ့
မယ်ဒလင်အသံလို
ရင်တွေခုန်နေမလားပဲ
အရိပ်ပြရင်အရိပ်လို့ 
မထင်ချင်ပါဘူး။
လိုရမယ်ရဓါးတစ်ချောင်တော့
ဆောင်ထားပေါ့။
တခါတလေတော့လဲ
မစာဥဘယ်နားမှာ
ဥမလဲလို့ 
ရနံ့ သင်းတဲ့အံဖတ်တွေကြား
စင်္ကြဝလာအတွေးနဲ့
တွေးကြည့်ဖူးတယ်။
တကယ်တော့
တွတ်ပီတို့ရွာက
အပေါ်ယံတွေဟာ
ကြက်ဥခွံတွေလိုပါလား.......
.......
...............
..........................

တခါတလေ


တခါတလေ...
တခုခုကိုမျှော်လင့်မိတယ်
ဘာရယ်မသိ။

တခါတလေ...
သတိရမိတယ်
ဘာရယ်မသိ။

တခါတလေ...
ဝမ်းနည်းမိတယ်
ဘာရယ်မသိ။

တခါတလေ...
စိတ်ညစ်မိတယ်
ဘာရယ်မသိ။

တခါတလေ...
သူနဲ့တွေ့ချင်တယ်
ဘာရယ်မသိ။

တခါတလေ...
အဝေးထွက်သွားချင်တယ်
ဘာရယ်မသိ။

တခါတလေ...
အဲဒါတွေက
တခါလေတော့
တခါလေလောက်ပါပဲ။
...................
........................
..........................

Friday, November 19, 2010

ငါ့အဖော်



နေချင်ရင်နေပေါ့ အဲဒီအခါ ငါဟာမြေကြီး ရပ်တည်ခပေးဖို့ မှမလိုတာ..



သွားချင်ရင်သွားပေါ့ အဲဒီအခါ ငါဟာမြစ်တစ်စင်း စုန်ဆင်းသွား၇င် ပြန်တက်မလာကြေး...



ဝေးချင်ရင်ဝေးပေါ့ ဟောဒီကမ္ဘာမှာ အသည်းမကွဲဖူးသူ ရှိလို့ လား



မေ့ချင်ရင်မေ့ပေါ့ ဖြစ်ပြီးရင် ပျက်တဲ့လောကမှာ ဘယ်အရာမှ မတည်မြဲခြင်းအကြောင်း ငါကောင်းကောင်းသိထားပါတယ်...



ဝမ်းနည်းချင်တဲ့အခါ ငါဝမ်းနည်းမှာပေါ့ အသည်းနှလုံးဆိုတာ ပျော်ရွှင်ဖို့ တစ်ခုထဲ အတွက် သွေးလှည့်ပတ်နေတာမှ မဟုတ်တာ...



ဒါပေမယ့်... သူများထက်သာတာ တစ်ခုက ငါနင်ကျင်တဲ့အခါ ငါ့နံဘေးမှာ ရှိသင့်ရှိထိုက်တဲ့ မာနတွေ အဖော်အဖြစ် ရှိနေတတ်တာပဲ...

.............
.................
......................
...........................

အချစ်ကလွဲပြီး




ချစ်သူအကြောင်း

တောင်းဆိုလို့မရနိုင်တဲ့လောကကြီးဆီကမင်းတစ်ယောက်ထဲကိုတောင်းဆိုခဲ့တာပါ..



ဘာပဲဖြစ်ဖြစ်မစောင့်ဘူးဆိုတဲ့အချိန်ဆီကမင်းနဲ့တွေ့ရင်ခဏရပ်ပေးဖို့ငါတောင်းဆိုခဲ့တာပါ..



မင်းနဲ့တွေ့တဲ့အခါမှာခွဲမသွားဖို့ငါတောင်းဆိုခဲ့တာပါ..



မင်းကိုနောက်ထပ်မတွေ့ရမှာစိုးလို့အိပ်မက်ထဲမှာမင်းကိုငါတောင်းဆိုခဲ့တာပါ..



ဒါပေ့မယ်..ငါ့ဆီကတော့ပြန်မတောင်းပါနဲ့ငါ့မှာပေးစရာအချစ်ကလွဲပြီးဘာမှမရှိဘူး..
.............
....................
..........................

ခလုတ်ထိမှအမိတ





ငါကသီချင်းမဆိုတတ်တဲ့

သစ်ရွက်ပေါ့.............

ထီးတစ်လက်ကဘဝရဲ့

ကာကွယ်ရေးလား.......

ဘဝကရော

ဓါတ်မီးတိုင်တစ်တိုင်လား

ဒါကြောင့်

ငါ ဒီမှာ................

ဘဝကမျက်စိလည်တတ်လား

ငါကတော့အကြိမ်ကြိမ်.....

ငါ

ခလုတ်တိုက်မိတယ်....

..........................

...........................

(အမေ့)

အဲဒါပဲ..................

(ခလုတ်ထိမှအမိတ)
..............
......................
............................

သင်သေသွားသော် - ဇော်ဂျီ



သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

စာဆို-ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)
.................
....................
...........................

ခွက်တလုံးရဲ့ဇစ်မြစ်


..............
.....................
..........................

ပစ်တိုင်ထောင်










ပစ်တိုင်းထောင်တဲ့
ငယ်ငယ်ကကဗျာလေးကိုသွားသတိရမိတယ်။

"ပစ်တိုင်းထောင်လေး ပုတိုတို
မျက်နှာပြုံးချိုချို......

ပစ်ချင်သလို ပစ်လို့ချ
ကျရာထောင်လို့ထ......

သူ့ဘ၀နဲ့ သူ့အဖြစ်တွေ
အံ့သြလောက်ပါပေ.....

ခြေတွေလက်တွေမရှိပါပဲ
ကိုယ်ထူကိုယ်ထအမြဲ"......

အသက်မဲ့တဲ့ပစ်တိုင်းထောင်ကလေးတောင်
ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက်
သူ့ဘဝကိုသူပြန်လည်ထူမတ်နိုင်တယ်။
ကျွန်တော်တို့သက်ရှိလူသားတွေ
တခါလေအခက်အခဲတွေနဲ့ရင်ဆိုင်
ကြရတဲ့အခါမှာ...စိတ်ညစ်စိတ်ပျက်ဝမ်းနည်း
စရာတွေနဲ့ရင်ဆိုင်ကြရတဲ့အခါမှာဘာလို့ခံနိုင်ရည်မရှိကြရတာလဲ။
အဲဒီလိုအခြေအနေမျိုးတွေကြုံတွေ့လာတဲ့အခါမှာ
ငယ်စဉ်ကဒီကဗျာလေးကိုပြေးမြင်လိုက်ပါ။
သင့်ရဲ့လက်ရှိအခြေအနေကိုပစ်တိုင်းထောင်လေးလိုပြန်လည်တည့်မှတ်လိုက်ကြပါစို့။
............
...............
.......................

Thursday, November 18, 2010

အီတလီနိုင်ငံရဲ့ပြတိုက်ကိုသွားလည်ကြမယ်


အီတလီနိုင်ငံရဲ့နိုင်ငံရဲ့
virtual tour of the Basilica of San Pedro ကို
လေယာဉ်လက်မှတ်ခ မကုန် လူလည် မပင်ပန်းဘဲ
အိပ်ယာထဲကနေ လေ့လာရေး သွားကြရအောင်။
သူငယ်ချင်းတွေကို 3Dနည်းပညာကို အပြည့်အဝ
အသုံးချပြီ ပြတိုက်တစ်ခုလုံးကို အသေးစိတ် သေချာ
လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့
ရုရှားနိုင်ငံ စိန့်ပိတာစဘက်စ်မြို့ရဲ့
virtual tour of the Basilica ရဲ့ ပြ
တိုက်ကို ကိုယ်တိုင် ပြတိုက်ထဲ
ရောက်ပြီ လေ့လာနေရသလို
ခံစားမှု့တွေ ပေးတဲ့ 3D နည်းပညာ ရဲ့ အစွမ်းကို
လေ့လာစေချင်လို့ တင်ပြပေးဖြစ်တာ ဖြစ်ပါတယ်။
အသုံးပြုနည်း

မိမိကြိုက်နှစ်သက်ရာ ဂဏန်းကလေးတွေကို
click ပြီ Mouse သို့မဟုတ် Keyboard မှာ arrow key များကို အသုံးပြုနိုင်ပါတယ်။



ဒီနေရာကိုနှိပ်ပြီးပြတိုက်သို့သွားလည်ကြပါ


ဒီနေရာကပြတိုက်အကြောင်းအင်္ဂလိပ်လိုလင့်လေးပါ

............
.....................
.......................